ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာ မိခင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ သားဖြစ်သူ ကိုထိန်းလင်းက ဒီက‌နေ့တောင်းဆိုလိုက်ပါတယ်။

လက်ရှိ မြန်မာပြည်မှာတော့ လူ့ဂုဏ်သိက္ခာ၊ အမှန်တရား၊ တရားမျှတမှုတွေကို အကြမ်းဖက်အာဏာရှင်က နေ့စဉ် ချိုးဖျက်နေတာဖြစ်တယ်လို့ ပြောဆိုပါတယ်။
လက်ရှိချိန်ထိ ဒေါ်အောင်ဆန်းစုကြည်ဟာ အထီးကျန်စွာ မတရားချုပ်နှောင်ခံထားနေရဆဲဖြစ်ပြီး လူတိုင်းရရှိသင့်တဲ့ အခြေခံအခွင့်အရေးတွေ ကန့်သတ်ခံနေရဆဲဖြစ်တယ်လို့ ကိုထိန်လင်းက ဆိုပါတယ်။

“ကျနော့်မေမေ ဒေါ်အောင်ဆန်းစုကြည်ဟာ အထီးကျန်စွာနဲ့ မတရားချုပ်နှောင်ခံနေရဆဲ၊ လူတိုင်းရရှိသင့်တဲ့ အခြေခံအခွင့်အရေးတွေ ကန့်သတ်ခံနေရဆဲဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ ဖမ်းဆီးနှိပ်စက်ခံနေရတာ ကျောင်းတက်နေတဲ့ကလေးငယ်တွေ သတ်ဖြတ်ခံနေရတာ ပြည်သူတွေဟာ ကြောက်ရွံ့စွာနေထိုင်ရဆဲဖြစ်တဲ့ အခြေအနေဖြစ်တယ်” လို့ ကိုထိန်လင်းက ပြောပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်တွေဟာ မြန်မာပြည်သူတွေရဲ့ စိတ်ဓာတ်တွေကို ချိုးနှိမ်လို့မရဘဲ နိုင်ငံရေးအကျဉ်းသားတွေဟာ သူတို့ရဲ့မျှော်လင့်ချက်တွေကို လွှတ်မချလိုက်သလို မိဘတွေကလည်း သူတို့ရဲ့ကလေးတွေကို ကာကွယ်နေဆဲဖြစ်ပြီး လူငယ်တွေဟာ သူတို့ရဲ့အနာဂတ်ကောင်းတခုကို အိပ်မက်နေဆဲဖြစ်တယ်လို့ သူက ဆက်လက်ပြောဆိုလိုက်ပါတယ်။

အကြမ်းဖက်စစ်တပ် အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိ မတရားဖမ်းဆီးခံထားရသူ စုစုပေါင်း ၃၀,၀၉၉ ယောက်ရှိပြီး ထိန်းသိမ်းခံနေရသူ ၂၂,၆၈၅ ယောက်၊ မတရားထောင်ချခံထားရသူ ၁၁, ၄၁၉ ယောက် ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီဇင်ဘာ ၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

အင်းစိန်ဘူတာနှင့် မီးရထားစက်ခေါင်းစက်ရုံ၊ မြို့ပတ်ဒီဇယ်စက်ရုံ (တိုင်း ၇) တို့မှ ပင်စင်စားများ၏ နေအိမ် ၂၀၀ နီးပါး အတင်းအကျပ် ဖယ်ရှားခံနေရ

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်မှာ အင်းစိန်ဘူတာအပါအဝင် မီးရထားစက်ခေါင်းစက်ရုံနဲ့ မြို့ပတ်ဒီဇယ်စက်ရုံ (တိုင်း ၇) နားက မီးရထား ပင်စင်စားတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီလက်အောက်ခံ အာဏာပိုင်ဆိုသူတွေက အတင်းအကျပ် ဖယ်ရှားခိုင်းထားကြောင်း နေထိုင်သူ ၁ ယောက်က မောင်းကို ပြောပါတယ်။
Read More

သာယာဝတီမှာ အမျိုးသမီးတွေကို စစ်မှုထမ်းစာရင်းကောက်ယူဖို့ စတင်ပြင်ဆင်နေ 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်က မြို့နယ်တွေမှာ အမျိုးသမီးတွေကို စစ်မှုထမ်းဖို့အတွက် စာရင်းကောက်ယူဖို့ ထွေအုပ်ရုံးတွေကနေ စတင် စာရင်းပြုစုတာတွေ လုပ်ဆောင်နေပြီလို့ ပြည်နယ်ထွေအုပ်ရုံးနဲ့ နီးစပ်သူတွေထံက သိရပါတယ်။ 
Read More

ကသာမြို့သိမ်းတိုက်ပွဲဲ ဆက်လက်ပြင်းထန်နေပြီး စစ်အုပ်စု လေကြောင်း​က အဆက်မပြတ်ဗုံးကြဲနေ

စစ်ကိုင်းတိုင်း၊ ကသာမြို့မှာ တော်လှန်ရေးတပ်တွေရဲ့ မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး အရပ်သားတွေ စစ်ဘေးတိမ်းရှောင်နေရသလို စစ်အုပ်စုကအဆက် မပြတ် ဗုံးကြဲနေတယ်လို့သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

လွိုင်လင်လေးမြို့နယ်တွင် စစ်ကောင်စီတပ် အကြောင်းမဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၁၈ နှစ်အောက် ကလေးအပါ အရပ်သား ၄ ဦး ဒဏ်ရာရ

ကရင်နီပြည်နယ် ၊ လွိုင်လင်လေးမြို့ အခြေစိုက် ခလရ (၅၃၀) တပ်က တိုက်ပွဲမဖြစ်ပွားဘဲ ကျေးရွာ တစ်ရွာအတွင်း အကြောင်းမဲ့ လက်နက်ကြီးတွေ ပစ်ခတ်မှုကြောင့် ၁၈ နှစ်အောက် ကလေးငယ်အပါအဝင် အရပ်သားပြည်သူ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၂ က ထုတ်ပြန်ပါတယ်။
Read More

လောင်းလုံးမှာ ပျူစောထီးစစ်စခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ ၄ ယောက်ထက်မနည်း ဒဏ်ရာရ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာက ပျူစောထီးစစ်စခန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ၄ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ကျောင်းသားတော်လှန်ရေးတပ်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သီပေါမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးများ ထပ်မံလာရောက်ကြဲကျတိုက်ခိုက်…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ် မန်ဟဲကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးတွေ ထပ်မံလာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။