မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ စစ်ကြောင်းတွေခွဲထိုးနေတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေရဲ့ ထိတွေ့တိုက်ပွဲတွေရှိနေပြီး စစ်အုပ်စုဘက်က အထိနာကာ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ရက်နေ့ မနက်ပိုင်းမှာ တောင်သာမြို့ပေါ်ကနေ ထွက်ခွာလာတဲ့ အင်အား ၁၅၀ခန့်ပါ စစ်တပ်စစ်ကြောင်းဟာ မြို့အနောက်ဘက် လက်သဲကျင်-ဖျောက်ဆိပ်ပင်ကျေးရွာဘက် ဦးတည်ဝင်ရောက်ရင်း မင်းတည်းကျေးရွာဘက် ဆက်လက်ထွက်ခွာလာရာမှာ တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

မင်းတည်းရွာက တော်လှန်ရေးတပ်ရဲ့ ဂိတ်စခန်းဆီ စစ်အုပ်စုတွေက ဦးတည်ထိုးဖောက်လာတာဖြစ်ပြီး အချိန် ၁နာရီကျော်ကြာ နှစ်ဖက်ထိတွေ့မှု ဖြစ်ခဲ့တယ်လို့သိရပါတယ်။

တော်လှန်ရေးတပ်တွေရဲ့ ဒရုန်းအပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ခုခံမှုကြောင့် အကြမ်းဖက်စစ်တပ်ဘက်က ၁၀ယောက်နီးပါးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့ကာ ဆိုင်ကယ်တွေနဲ့ ပြန်လည်တင်ဆောင်သွားကြောင်း Taungthar People Defence Force (TTA-PDF) တာဝန်ရှိသူက ပြောပါတယ်။

အကြမ်းဖက်စစ်ကြောင်းမှာ စစ်တပ်အပါအဝင် သီတာယုမွန်ဦးဆောင်တဲ့ ပျူစောထီးတွေပါဝင်လာခဲ့တာဖြစ်ပြီး တိုက်ပွဲ ၃ကြိမ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

“သူတို့က ကျနော်တို့ ဂိတ်ကိုဝင်စီးတာပေါ့။ ကျနော်တို့ ပစ်ကွင်းထဲရောက်တော့ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဆော်လိုက်တာ သူတို့အထိနာသွားတယ်။ RPG တွေနဲ့ ထုတာမှာ လွင့်တာတွေပါရှိတယ်။ အဲ့နောက်တော့ ဆိုင်ကယ်တွေနဲ့ နာတဲ့ကောင်တွေကို တင်ပြီးပြန်ပြေးကြတယ်။ နေ့လည်လောက်ကျ အင်အားထပ်ဖြည့်ပြီး ထပ်တိုးလာတာမှာ တိုက်ပွဲဆက်ဖြစ်တယ်။ ” လို့ Taungthar People Defence Force (TTA-PDF) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ပုံစာ – Taungthar People Defence Force (TTA-PDF) တပ်ဖွဲ့ဝင်များ

အထိနာသွားတဲ့ စစ်အုပ်စုဟာ မင်းတည်းရွာက အရပ်သားနေအိမ် ၄လုံးကို မီးရှို့ဖျက်ဆီးပြီး တောင်သာမြို့ပေါ်ကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို Taungthar People Defence Force (TTA-PDF) နဲ့အတူ တောင်သာမြို့နယ် ဝဲလောင်တိုက်နယ်၊ ရုံးစဥ်ကြီးတိုက်နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့၊ DSNDA (ဓနုပြည်နယ် အမျိုးသားကာကွယ်ရေးတပ်မတော်)၊ မြင်းခြံခရိုင်တပ်ရင်း(၃)၊ One More စစ်ကြောင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ တောင်သာမြို့နယ်မှာ မြင်းခြံမြို့နယ်ကနေ ထိုးလာတဲ့စစ်ကြောင်းအပါအဝင် မိတ္ထီလာ-မလှိုင်ဘက်ကနေ ထိုးနေတဲ့စစ်ကြောင်းနဲ့ ကျောက်ပန်းတောင်း-ပုပ္ပါး ကနေ ထိုးလာတဲ့ စစ်ကြောင်းတွေ ဝင်ရောက်နေတယ်လို့ သိရပါတယ်။

“စစ်ကြောင်း ၃ခုလုံးနဲ့ ကျနော်တို့ TTA အနေနဲ့တိုက်ပွဲ ၃ကြိမ် အပြင်းအထန် ဖြစ်ထားပါတယ်။” လို့ Taungthar People Defence Force (TTA-PDF) တာဝန်ရှိသူက ပြောပါတယ်။

ဒီဇင်ဘာလ ၂ရက်နေ့ကလည်း တောင်သာမြို့ပေါ်ကနေ ထပ်ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ မြင်းခြံခရိုင် အမှတ်(၃)တပ်ရင်း ၊ တပ်ခွဲ (၁) တပ်ခွဲမှူး ငတွန်ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်း စစ်အုပ်စုအထိနာပြီး ပဲခင်းကျော်ရွာကို စစ်ကြောင်းထိုး မီးရှိူ့ဖျက်ဆီးခဲ့ရာမှာ အရပ်သားနေအိမ် ၇၀ နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မီးဖြတ်ခံရတာကြောင့် ထိုင်းထုတ်ကုန်တွေ မသုံးဖို့ မြဝတီက မဘသတချို့ ဆန္ဒပြနေ…

ကရင်ပြည်နယ်ရှိ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့ကို ထိုင်းနိုင်ငံက လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှုကို ရပ်တန့်လိုက်ပြီးနောက် မြဝတီမြို့က စစ်တပ်ထောက်ခံသူ မဘသတွေက ထိုင်းနိုင်ငံထုတ်ကုန်တွေကို သပိတ်မှောက်ဖို့ ဆန္ဒပြထုတ်ဖော်မှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

စစ်ကိုင်းတိုင်း ကြားကာလအစိုးရ ဝန်ကြီးချုပ်အဖြစ် ဦးစိုးဦး၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် ဥက္ကဋ္ဌအဖြစ် ဦးမြင့်ထွေး အသီးသီး ရွေးကောက်တင်မြှောက်ခံရ

တော်လှန်ရေးအင်အားစုတွေ အားကောင်းတဲ့ စစ်ကိုင်းတိုင်းအတွက် ကြားကာလအစိုးရ ဝန်ကြီးချုပ်အဖြစ် ဦးစိုးဦးကို ရွေးကောက်တင်မြှောက်လိုက်ကြောင်း စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်က ဒီနေ့မှာ တရားဝင် ထုတ်ပြန်လိုက်ပါတယ်။
Read More

ဟားခါးမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က လေကြောင်းမှ ဗုံး ၂ နှစ်ကြိမ် ကြဲချတိုက်ခိုက်

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဆဲန်ထန်ဒေသ ၊ ဇာထာလ် ကျေးရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်အုပ်စုက ဒီနေ့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Senthang Revolution Force ကထုတ်ပြန်ပါတယ်။
Read More

ပေါက်တွင် စစ်အုပ်စု အရပ်သားများကို သတ်ကာ သေဆုံးသူများအား PDF အဖြစ် ပုံမှားရိုက်သတင်းဖြန့်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက ကျေးရွာတွေကို စစ်ကြောင်းဝင်ရင်း အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) အဖြစ် ပုံမှားရိုက် သတင်းမှားဖြန့်နေတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မောင်းကို ပြောပါတယ်။
Read More

မြန်မာဟာ သူတစ်ပါးရဲ့ လက်အောက်ခံ နိုင်ငံမဖြစ်ဖို့ အရေးကြီးပြီလို့ တရုတ်နဲ့ရုရှားကို အားကိုးနေရတဲ့ မင်းအောင်လှိုင်က ပြော 

မြန်မာနိုင်ငံဟာ လွတ်လပ်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တာကြောင့် သူတစ်ပါးရဲ့ လက်အောက်ခံနိုင်ငံ မဖြစ်ဖို့ အရေးကြီးတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

စလင်းမှာ စစ်ရေးတင်းမာနေပြီး တညောင် – ဆင်ဖြူကျွန်းလမ်းပိုင်းကို စလင်း ပကဖ ယာယီပိတ်ထား

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ ဆင်ဖြူကျွန်း-တညောင်လမ်းပိုင်းက ကျေးရွာတွေကို အကြမ်းဖက်စစ်ကောင်စီတပ်တွေ ဝင်ရောက်စစ်ကြောင်းထိုးပြီး လက်နက်ကြီးပစ်ခတ်တာတွေလုပ်ဆောင်နေရာ အရပ်သားသေဆုံးမှုတွေရှိ​တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-စလင်း တာဝန်ရှိသူ က မောင်းသတင်းဌာနကို ပြောပါတယ်။