အာဏာသိမ်းစစ်တပ်ရဲ့ လုံခြုံရေးထူထပ်တဲ့ ရန်ကုန်မြို့လယ် ဆူးလေလူကူးတံတားအနီးမှာ ရန်ကုန်လူထုသပိတ်က ဒီနေ့မှာ ဆန္ဒပြလှုံ့ဆော်တဲ့ လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း၊ ဒီဇင်ဘာ ၁၀ ရက်နေ့ အသံတိတ်သပိတ်မှာ ပြည်သူတရပ်လုံး ပူးပေါင်းပါဝင်ကြဖို့လိုကြောင်းနဲ့ အတုအယောင် ရွေးကောက်ပွဲ အလွန်ကာလမှာလည်း ပြည်သူလူထု ကိုယ်တိုင်ရုန်းကန်မှ လွတ်မြောက်မှုအစစ်ရမှာဖြစ်တဲ့အတွက် ‘ပုန်ကန်အံတု’ ဖို့ လိုအပ်ကြောင်း အသိပေးလှုံ့ဆော်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံထဲမှာပါတဲ့ အမှိုက်ပုံးဟာ အတုအယောင် ရွေးကောက်ပွဲရဲ့ မဲပုံးတွေကို ရည်ညွှန်းထားတာဖြစ်ပြီး အဆိုပါ မဲပုံးတွေဟာ အတုအယောင် ရွေးကောက်ပွဲ ဝင်ပြိုင်တဲ့ ပြည်သူ့ချဥ်ဖက် ကိုယ်စားလှယ်လောင်းတွေ (ဒါမှမဟုတ်) သုံးစားမရတဲ့ ပြည်ဖျက်အမှိုက်တွေ စုပုံစွန့်ပစ်ခံရမယ့် အမှိုက်ပုံးတွေဖြစ်တယ်လို့ မှတ်ယူနိုင်ကြောင်း ရန်ကုန်လူထုသပိတ်က သဘောထား ထုတ်ပြန်ထားပါတယ်။

မနက်ဖြန် ဒီဇင်ဘာ ၁၀ ရက်မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ မြန်မာပြည်သူတရပ်လုံး အသံတိတ်သပိတ် ဆင်နွှဲကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းနှိုးဆော်မှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

ပြည်သူလူထုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ ပူးပေါင်းပြီး စုပေါင်းမဟာဘုံကထိန်ပြုလုပ်ခဲ့တဲ့ ပုံရိပ်များ… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ ထိန်းချုပ်နယ်မြေတွေမှာ ပြည်သူလူထုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ ပူးပေါင်းပြီး စုပေါင်းမဟာဘုံကထိန်ပြုလုပ်ခဲ့တဲ့ ပုံရိပ်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

စစ်ရေးတင်းမာနေတဲ့ ပွင့်ဖြူမှာ စစ်ကောင်စီက စစ်ကြောင်းထိုးနိုင်ဖို့ အင်အားဖြည့်ရင်း ရွာတွေကို လက်နက်ကြီးပစ်ခတ်နေ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ကျေးရွာတွေဆီ စစ်ကြောင်းထိုးနိုင်ဖို့ အင်အားဖြည့်တင်းနေပြီး လက်နက်ကြီး ဆက်တိုက်ပစ်ခတ်နေကြောင်း စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

စလင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ထောက်တိုင်များဖြစ်သည့် ဌာနဆိုင်ရာရုံးများကို တိုက်ခိုက်…

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ထောက်တိုင်တွေဖြစ်တဲ့ အုပ်ချုပ်ရေးယန္တရားအောက်ရှိ ဌာနဆိုင်ရာတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ဗမာ့တပ်တော်က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးအောင်မြင်သည်အထိ တိုက်ပွဲဝင်သွားကြမည်ဟု အလယ်ပိုင်းဒေသ တော်လှန်ရေးတပ်များ အသီးသီး ထုတ်ပြန်

တနိုင်ငံလုံး စစ်ကျွန်ဘဝက လွတ်မြောက်ပြီး ပြည်သူတွေ လိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်တဲ့အထိ တိုက်ပွဲဝင်သွားမယ့်အကြောင်း အလယ်ပိုင်းဒေသတွင်းက တော်လှန်ရေးတပ် အသီးသီးက ထုတ်ပြန်လာကြပါတယ်။
Read More

အတုအယောင် ရွေးကောက်ပွဲအပေါ် ဆန့်ကျင်ဝေဖန်သူ ၈၈ ဦး ဖမ်းဆီးထားကြောင်း စစ်ကော်မရှင် ထုတ်ပြော

အာဏာသိမ်းစစ်တပ်က ကျင်းပဖို့ စီစဥ်နေတဲ့ အတုအယောင် ရွေးကောက်ပွဲအပေါ် ဆန့်ကျင်သူ ဝေဖန်မိသူတွေကို ထိထိရောက်ရောက် အရေးယူသွားမယ့်အကြောင်းနဲ့ လက်ရှိမှာ စစ်တပ်ရဲ့ “ရွေးကောက်ပွဲ ကာကွယ်ရေးဥပဒေ” ကို အသုံးချပြီး ဖမ်းဆီးထားသူ ၈၈ယောက် ရှိကြောင်း စစ်ကော်မရှင်က ထုတ်ပြောပါတယ်။
Read More

ဝန်းသိုမြို့နယ် နန်းချိုရွာကို စစ်တပ် လေကြောင်းတိုက်ခိုက်လို့ ဘုန်းကြီးကျောင်းနှင့် ဓမ္မာရုံ ပျက်စီး

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း Kawlin info က ထုတ်ပြန်ထားပါတယ်။