အကြမ်းဖက်စစ်ကော်မရှင်ဟာ တရုတ်ထံက နည်းပညာ အကူအညီများစွာ ရယူနေပြီး အခုအခါမှာ AI အပါအဝင် ဒစ်ဂျစ်တယ်နည်းပညာအသစ်တွေ အသုံးချနိုင်ရေးအတွက် နက်ရှိုင်းစွာ ပူးပေါင်းသွားမယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်ကော်မရှင်လက်အောက် သိပ္ပံနှင့် နည်းပညာဝန်ကြီး အောင်ဇေယျ အဖွဲ့နဲ့ ကွမ်ရှီးကွန်မြူနစ်ပါတီ အတွင်းရေးမှူး Mr. Chen Gang တို့တွေ့ဆုံမှာ အခုလို ပြောဆိုခဲ့တာပါ။

အလားတူ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လမ်းညွှန်ချက်အရ AI အပါအဝင် ဒစ်ဂျစ်တယ်နည်းပညာအသစ်တွေကို ထိရောက်စွာ အသုံးချနိုင်ရေးအတွက် ဌာနတွေပူးပေါင်းတာ၊ အမျိုးသားအဆင့် ဉာဏ်ရည်တု နည်းပညာမဟာဗျူဟာနဲ့ မူဝါဒရေးဆွဲပြီးဖြစ်ကာ မကြာခင် ထုတ်ပြန်မယ်လို့ သိရပါတယ်။

ဒါ့အပြင်ကွမ်ရှီးဒေသနဲ့ ဒစ်ဂျစ်တယ် ပိုးလမ်းမကြီးစီမံကိန်းမှာ AI ကဏ္ဍဖွံ့ဖြိုးရေးအတွက် နက်ရှိုင်းတဲ့ ပူးပေါင်းဖလှယ်ဆောင်ရွက်မှု အရှိန်မြှင့်တင်ဖို့ လိုအပ်တယ်လို့ အကြမ်းဖက်စစ်ကော်မရှင်ဘက်က ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်မြို့မှာ အာကာသပြတိုက်ဖွင့်တာကြောင့် အာကာသနည်းပညာဆိုင်ရာ စိတ်ကူးစိတ် သန်းတွေနဲ့ လှုံ့ဆော်မှုတွေရှိလာပြီး အနာဂတ်မှာ အာကာသယာဉ်မှူး၊ သိပ္ပံပညာရှင်၊ အင်ဂျင်နီယာ၊ ကဏ္ဍအလိုက်ပညာရှင်တွေလည်း ပေါ်ထွက်လာမယ်လို့ အကြမ်းဖက်စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့ပါတယ်။

လက်ရှိမှာတော့ တရုတ်နိုင်ငံရဲ့ ကူညီမှုနဲ့ ပြည်တွင်းအင်တာနက်လိုင်းတွေကို နှေးကွေးအောင်လုပ်ထားသလို အင်တာနက်ဝန်ဆောင်မှု ပင်လယ်ရေအောက် လိုင်းပြတ်တောက်နေလို့ ပြင်ဆင်နေတာ ဒီဇင်ဘာလအကုန်မှာ ပြီးမယ်လို့ အကြမ်းဖက်စစ်ကော်မရှင်က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ဂန့်ဂေါမြောက်ပိုင်းမှာ စစ်အုပ်စုနဲ့ ဒေသကာကွယ်ရေးတပ်တွေ ထိတွေ့မှုဖြစ်ပြီး ဒုရဲ​အုပ်အပါအဝင် ၂ ယောက်သေကာ ပျူအများအပြား ထိခိုက်ဒဏ်ရာရ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှာ ပျူရွာက ထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်အုပ်စုဘက်က ဒုရဲအုပ် ၁ယောက် အပါအဝင် ၂ ယောက် သေပြီး အများအပြားထိခိုက်သွား​ကြောင်း ယောအလင်းတန်းအဖွဲ့ထံက သိရပါတယ်။
Read More

မူးမြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU)က ထုတ်ပြန်ထားပါတယ်။
Read More

ပျု‌ခေါင်းဆောင် သီတာယုမွန်နောက်လိုက် ပြည်သူ့စစ်မေ ၃ ဦးကို ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်ထဲက ပျုခေါင်းဆောင်တစ်ဦးဖြစ်တဲ့ သီတာယုမွန်ရဲ့ လက်အောက်ခံ ပြည်သူ့စစ်မေ ၃ ဦးကို ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးရမိထားတယ်လို့ ထနောင်းမြေစစ်ကြောင်းထံမှ သိရပါတယ်။
Read More

အာဠာဝကမြို့ပြပြောက်ကျားတပ်ဖွဲ့မှ တပ်ခွဲမှူး ကျဆုံး

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

ဒဂုံတက္ကသိုလ်ကျောင်းသား ခင်မောင်ဌေး (ခ) ကျန်ကျောင်းကို စစ်ကောင်စီက တော်လှန်ရေးတပ်ဖွဲ့ဝင်ဆိုပြီး မတရားဖမ်းဆီး

ဒဂုံတက္ကသိုလ်၊ ဇီဝဓာတုဗေဒအထူးပြု စတုတ္ထနှစ် ကျောင်းသား ခင်မောင်ဌေး (ခ) ကျန်ကျောင်း (အသက် ၂၅ နှစ်) ကို စက်တင်ဘာလ ၂၆ ရက်မှာ Anonymous Force အဖွဲ့ဝင်လို့စွပ်စွဲပြီး မတရားဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီက စက်တင်ဘာလ ၂၈ ရက်မှာ ထုတ်ပြန်ထားကြောင်း ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများ - ရန်ကုန်) က ထုတ်ပြန်ထားပါတယ်။
Read More

ဂန့်ဂေါတွင် တသီးပုဂ္ဂလအမတ်လောင်း သေဆုံးသွားတာကြောင့် ကြံ့ခိုင်ရေးအမတ် ပြိုင်ဘက်မရှိ အနိုင်ရပြန်၊ ရွေးကောက်ပွဲမစသေးဘဲ ကြံ့ခိုင်ရေး အနိုင်ရမှု များပြားနေ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ကနေ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ဝင်ရောက်အရွေးခံမယ့် တသီးပုဂ္ဂလအမတ်လောင်းဖြစ်သူ ဦးသန်းဝင်း သေဆုံးသွားတာကြောင့် ကြံ့ခိုင်ရေးပါတီအမတ်လောင်း ဒေါ်အိဖြူလွင်က ပြိုင်ဘက်မရှိ အနိုင်ရသွားပြန်တယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။