မကွေးတိုင်း၊ အမ်း-ပဒန်းလမ်းပိုင်း၊ ဇင်ပြွန်းရွာအနီးမှာ တာဝန်ကျနေတဲ့ စစ်ကော်မရှင်တပ် ဒုတပ်ကြပ် ၁ယောက် အပါအဝင် တပ်ဖွဲ့ဝင် ၄ ယောက်ဟာ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) ထံ ချိတ်ဆက် အလင်းဝင်လာခဲ့တယ်လို့ အဆိုပါ တပ်ဖွဲ့က ဒီဇင်ဘာ ၇ရက်မှာ ထုတ်ပြန်ပါတယ်။

PRA-Magway လှုပ်ရှားနေတဲ့ စစ်ဆင်ရေးနယ်မြေထဲမှာ တာဝန်ကျရင်း အလင်းဝင်လာတဲ့ အဆိုပါ စစ်ကော်မရှင်တပ်သားတွေဟာ စစ်ကော်မရှင် လက်လွှတ်လိုက်ရတဲ့ ဂွမြို့နယ်အခြေစိုက် ခမရ (၅၆၃) လက်အောက်ခံတပ်ရင်းကဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ စစ်ကော်မရှင်တပ်သားတွေထံက MA1 သေနတ် (၁) လက်၊ MA2 (၁) လက်၊ MA3 (၂)လက်နဲ့ တခြား ခဲယမ်းတချို့ လက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် နတ်ရေကန်တောင်နဲ့ အမ်း-ပဒါန်းလမ်းပိုင်း တိုက်ပွဲတွေကနေ ထွက်ပြေးလာတဲ့ စစ်ကော်မရှင်တပ်သား ၃ယောက်ကိုလည်း ငဖဲမြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့သေးတယ်လို့ PRA-Magway က ဆိုပါတယ်။ သူတို့ထဲက ၂ယောက်ဟာ ခလရ (၂၉၅) တပ်ဖွဲ့ဝင်တွေဖြစ်ပြီး နောက်တစ်ယောက်ကတော့ တပ်မ (၆၆) လက်အောက်ခံ သာယာဝတီအခြေစိုက် ခလရ (၃၅) က ဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိတဲ့ အဆိုပါ စစ်ကော်မရှင်တပ်သား ၃ယောက်ဟာ အတင်းအဓမ္မပေါ်တာဆွဲခံရတဲ့ ပြည်သူ့စစ်တွေဖြစ်ပြီး လက်ရှိမှာ စစ်သုံ့ပန်းဥပဒေနဲ့အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

ဒ့ါအပြင် PRA-Magway အနေနဲ့ လက်ရှိဖြစ်ပေါ်ပြောင်းလဲနေတဲ့ စစ်ရေး၊ နိုင်ငံရေး အခင်းအကျင်းတွေကို မျက်ခြေမပြတ်စေဘဲ စစ်ရေးရည်မှန်းချက် အောင်မြင်စေဖို့အတွက် ဒေသတွင်းမဟာမိတ်တွေနဲ့ ချိတ်ဆက်ကာ တစိုက်မတ်မတ် လှုပ်ရှားဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

မတ္တရာမြို့နယ်အတွင်းမှာ ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝန်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက မေလ ၃၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဇွန်လအတွင်း ဖယ်ခုံမြို့နယ်အစပ်တိုက်ပွဲများတွင် စစ်ကောင်စီတပ်က ၅ ဦးထက်မနည်း သေဆုံးဟု ဖယ်ခုံ PDF ဆို

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ရေပူကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်၊ PNO/PNA ပြည်သူ့စစ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေရာ စစ်ကောင်စီတပ်က ၅ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၁၀၀၆ တပ်ရင်း (ဖယ်ခုံ PDF) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စဉ့်ကူးမြို့ပေါ် မြသိန်းတန်ဘုရားကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ စဉ့်ကူးမြို့ပေါ်က မြသိန်းတန် ဘုရားကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

မင်းအောင်လှိုင် ဦးဆောင်သည့် ဟန်ပြရွေးကောက်ပွဲနှင့် စစ်ကော်မရှင်ကို အမြစ်ဖြတ် နှိမ်နင်းရမည်ဟု KNPP ထုတ်ပြန်

အာဏာသိမ်းစစ်တပ်က နိုင်ငံရေးလှည့်စားမှုအဖြစ် ကျင်းပဖို့ စီစဥ်နေတဲ့ အတုအယောင် ဟန်ပြရွေးကောက်ပွဲကို ကန့်ကွက်တားဆီးကာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်နေတဲ့ စစ်ကော်မရှင်ကို အမြစ်ဖြတ် ဖြိုခွဲနှိမ်နင်းသွားမယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ကန့်ဘလူမှာ စစ်အုပ်စုက ရွာ ၃ ရွာကို မီးထပ်ရှို့လို့ နေအိမ် ၁၃၃ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး အရပ်သား ၁ ယောက်ကိုပါ မီးရှို့သတ်ခဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ ဇီးကုန်းတိုက်နယ်အတွင်းက ကျေးရွာ ၃ ရွာကို အကြမ်းဖက်စစ်အုပ်စုက ​မီးထပ်ရှို့ခဲ့တယ်လို့ သိရပါတယ်။
Read More

ဖောင်းပြင်မြို့ ပေါ်တွင် စစ်ကော်မရှင် တပ်သားများစွာနေထိုင်သည့် ရပ်ကွက် ဓားပြတိုက်မှုဖြစ်ပွား

စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင် ဖောင်းပြင်မြို့ပေါ်က အကြမ်းဖက် စစ်ကော်မရှင်တပ်သား အများစု နေထိုင်တဲ့ ရပ်ကွက်ထဲ ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ မော်လိုက်ခရိုင် အမှတ် − ၁ တပ်ရင်းဆီက သိရပါတယ်။