ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်က စစ်အုပ်စုတပ်ဖွဲ့ဝင်တွေရှိနေတဲ့ မြို့နယ်ခန်းမကို ပြင်းအားမြင့်လက်ပစ်ဗုံးတွေ၊ လက်လုပ်မိုင်းတွေနဲ့ သွားရောက်တိုက်ခိုက်မှုမှာ လုံခြုံရေးယူနေတဲ့ ရဲ ၂ယောက် အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ မြို့ပြကြွက်ကွန်ယက် တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒီဇင်လာလ ၆ရက် မနေ့ညပိုင်းမှာ မြို့ပြကြွက်ကွန်ယက်ရဲ့ ပြောက်ကျားတပ်ဖွဲ့ဝင်တွေက လုပ်ဆောင်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် လုံခြုံရေးယူနေတဲ့ ရဲတွေထိခိုက်သွားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ထိခိုက်ဒဏ်ရာရထားတဲ့ ရဲ ၂ ယောက်ကလည်း ဒဏ်ရာပြင်းထန်တယ်လို့ မြို့ပြကြွက်ကွန်ယက် တာဝန်ရှိသူက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ပဋိပက္ခတွေအားလုံးဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ ကိုယ်ကျိုးစီးပွားရှာမှုကြောင့် ဖြစ်တယ်လို့ ယုံကြည်ထားပြီး ထောက်တိုင်တွေအနေနဲ့ အာဏာရှင်စစ်အုပ်စုရဲ့ အသုံးချခံဘဝနဲ့ မရှင်သန်ဘဲ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး နိုင်ငံနဲ့ပြည်သူအကျိုးကို ဆောင်ရွက်သွားဖို့ မြို့ပြကြွက်က တိုက်တွန်းထားပါတယ်။

ဆက်လက်ပြီး အာဏာရှင်ပေးစာကမ်းစာနဲ့ ပြည်သူကို အနိုင်ကျင့်နေမယ်ဆိုရင်တော့ အချိန်နေရာမရွေး ချေမှုန်းသွားမယ်လို့လည်း ပြောထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲ နီးကပ်လာချိန်မှာ မြို့ပြပြောက်ကျားတပ်ဖွဲ့တွေက စစ်အုပ်စုလက်ပါးစေ ရပ်ကွက်ရုံး၊ မြို့နယ်ရုံးတွေနဲ့ စစ်အုပ်စုထောက်တိုင်ပါတီရုံးတွေကို ပြင်းပြင်းထန်ထန် ပိုမိုတိုက်ခိုက်လာတာဖြစ်ပါတယ်။

အလားတူ ဒီဇင်ဘာလ ၆ရက် မနေ့ညပိုင်းက လှည်းကူးမြို့နယ်၊ သာသနာ့ရိပ်သာရပ်ကွက်မှာရှိတဲ့ ကြံ့ခိုင်ရေးပါတီရုံးကို ပြောက်ကျားတပ်ဖွဲ့ ၂ခုက ဖောက်ခွဲတိုက်ခိုက်ခဲ့ပါသေးတယ်။

မြို့ပြပြောက်ကျားတပ်ဖွဲ့တွေအနေနဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း၊ ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမယ့်အကြောင်း တရားဝင်ပြောကြားထားပြီး အရပ်သားတွေအနေနဲ့လည်း အတုအယောင်ရွေးကောက်ပွဲ မဲဆွယ်နေရာတွေကို ရှောင်ရှားသွားလာတာ၊ စစ်တပ်ထောက်တိုင်နေရာတွေမှာ အချိန်ကြာမြင့်အောင် နေထိုင်တာတွေ မလုပ်ဖို့ တိုက်တွန်းထားကြပါတယ်။

ပုံစာ – ဖောက်ခွဲတိုက်ခိုက်ခံရသည့် မြောက်ဥက္ကလာပ မြို့နယ်ခန်းမ
0 Shares:
You May Also Like
Read More

နိုင်ငံဖွံ့ဖြိုးတိုးတက်စေရေး လူမှန်နေရာမှန်ရှိဖို့ လိုတယ်လို့ အာဏာသိမ်းစစ်တပ် ထောက်ခံသူ ဒေါ်သက်သက်ခိုင် ပြော

အာဏာသိမ်းစစ်တပ်ကို ထောက်ခံပြီး ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်က နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကိုလိုလားတဲ့ နိုင်ငံသားတွေ လူမှန်နေရာမှန်ရှိဖို့ လိုအပ်ကြောင်း ပြောကြားလိုက်ပါတယ်။
Read More

စစ်ကော်မရှင် ရွေးကောက်ပွဲကို နိုင်ငံရေး၊ စစ်ရေး၊ လူထုလှုပ်ရှားမှု နည်းမျိုးစုံနဲ့ ဆန့်ကျင်ကြရန် ကယန်းအမျိုးသားတပ်မတော် တိုက်တွန်း

ပြည်သူလူထုရဲ့ဆန္ဒ မပါဝင်ဘဲ အာဏာသိမ်းစစ်ကော်မရှင်က ကျင်းပဖို့ရှိနေတဲ့ အတုအယောင် ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ကယန်းအမျိုးသားတပ်မတော် (K.N.A) က ထုတ်ပြန်လိုက်ပါတယ်။
Read More

ကနီမြို့နယ်အတွင်း စစ်ရှောင်ပြည်သူတွေထဲက ထိခိုက်ဒဏ်ရာရသူတွေနဲ့ မကျန်းမာတဲ့သူတွေကို ထောက်ပံ့ငွေ ပေးအပ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်မှာ စစ်ရှောင်ပြည်သူတွေထဲက ထိခိုက်ဒဏ်ရာရသူတွေနဲ့ မကျန်းမာတဲ့သူတွေကို ထောက်ပံ့ငွေ ပေးအပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

ကျိုက်မရော ကဒါကျေးရွာနဲ့ တောင်ကလေးကျေးရွာက ရဲစခန်းကို ဒရုန်းနဲ့တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၆ ယောက် သေ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်က ကဒါကျေးရွာနဲ့ တောင်ကလေးကျေးရွာက ရဲစခန်းတွေကို ဒရုန်းနဲ့ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၆ ယောက် သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD) က ထုတ်ပြန်လာပါတယ်။ 
Read More

ဘူးသီးတောင်မှာ ပျောက်ဆုံးနေတဲ့ အရပ်သားနှစ်ယောက်ရဲ့ အလောင်းကို AA ပြန်ရှာတွေ့

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ အမှတ် (၂) ရပ်ကွက်က အရပ်သား နှစ်ယောက်ဖြစ်သူ အသက် ၆၇ နှစ်အရွယ် ဦးစံရွှေမောင်နဲ့ အသက် ၆၅ နှစ်အရွယ် ဦးမောင်မြအောင်တို့ရဲ့ အလောင်းတွေကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း AA က ထုတ်ပြန်ပါတယ်။
Read More

ရခိုင်ပြည်နယ်ရှိ တစ်နိုင်တစ်ပိုင် ဝမ်းစာရှာထွက်သည့် ရေလုပ်သားများကို စစ်အုပ်စု ဖမ်းဆီးသတ်ဖြတ်နေကြောင်း AA ထုတ်ပြန်

ရခိုင်ပင်လယ်ပြင်ရှိ အကြမ်းဖက်စစ်အုပ်စုရဲ့ သင်္ဘောတွေက တစ်နိုင်တစ်ပိုင် ဝမ်းစာရှာထွက်တဲ့ ရေလုပ်သားတွေကို ဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေ ရှိနေတယ်လို့ အာရက္ခတပ်တော် AA က မနေ့က ထုတ်ပြန်ပါတယ်။