မန္တလေးတိုင်း စဉ့်ကူးမြို့နယ် တောင်ပိုင်းမှာ ဒီဇင်ဘာလ ၂ ရက်နေ့က အကြမ်းဖက်စစ်တပ်ကို ခုခံတော်လှန်ရေး ပုသိမ်ကြီးမြို့နယ် ပကဖရဲဘော် ၁ ဦးကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

”ရန်သူ အကြမ်းဖက် စစ်တပ်ကို အပြုံးနဲ့ ရင်ဆိုင် ၊ တော်လှန်ရေး အတွက် အသက် ပေးလှူ သွားတဲ့ ညီလေးရေ .. မင်း တာဝန် ကျေပါတယ်ကွာ”ဟု ကျဆုံးရဲဘော်ရဲ့ နာရေးစျာပနရုပ်သံတကွ ပုသိမ်ကြီးမြို့နယ် ပကဖ ထုတ်ပြန်ခဲ့ပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ မတ္တရာမြို့နယ်အတွင်း အင်အားအလုံးအရင်းနဲ့ နယ်မြေစိုးမိုးနိုင်ရေး ထိုးစစ်ဆင်လျက်ရှိရာ တော်လှန်ရေးအင်အားစုများက အပြင်းအထန်ခုခံတိုက်ခိုက်လျက်ရှိပါ တယ်။

Video-ပုသိမ်ကြီးမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ

0 Shares:
You May Also Like
Read More

စစ်ကိုင်းတံတားသစ် ကြံ့ခိုင်မှုမရှိတော့တဲ့အတွက် မန္တလေးဘက်ကူးသူများ စက်လှေများ အသုံးပြုနေရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ကနေ မန္တလေးဘက်ကိုကူးတဲ့ တံတားတွေဟာ အသုံးပြုဖို့ မသင့်တော်တော့တဲ့အတွက် ဒေသခံတွေဟာ စက်လှေကို အဓိကအားထားနေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

MBT ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၁၉ သင်တန်းဆင်းပွဲ (ရုပ်/သံ)

Myingyan Black Tiger (MBT) ၊ မြင်းခြံခရိုင်အမှတ် (၉) တပ်ရင်းရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၁၉) သင်တန်းဆင်းပွဲအခမ်းအနားကို ဇူလိုင် ၂၆ ရက်မှာ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးအတွင်း စစ်သား ၂၂ ဦး ဖမ်းဆီးမိပြီး ၇ ယောက် သေဆုံး (ရုပ်/သံ)

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂၂ ယောက် ဖမ်းဆီးမိပြီး ၇ ယောက်သေဆုံးကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့တယ် လို့ ပဲခူးခရိုင် ၊ အမှတ် - ၂ တပ်ရင်း ၊ P2-3702 က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကရင်နီပြည်မှာ စစ်ကောင်စီတပ်စခန်းများကို KPLA နှင့် Federal Wings တို့ ပူးပေါင်းတိုက်ခိုက်မှု (ရုပ်/သံ)

ကရင်နီပြည်မှာ ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) KPLA နဲ့ Federal Wings တို့ ပူးပေါင်းပြီး အကြမ်းဖက်စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်နေတဲ့ မှတ်တမ်းရုပ် သံဖိုင်တချို့ ထုတ်ပြန်လိုက်ပါတယ်။
Read More

မြိုင်မြို့နယ် ဆင်စိန်ရွာ ဘုန်းကြီးကျောင်း ဗုံးကြဲခံရ၊ ဘုန်းကြီးကျောင်းနှင့် စေတီပျက်စီးပြီး ပြည်သူ ၁ ယောက်သေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ် ဆင်စိန်ရွာ ဘုန်းကြီးကျောင်းကို ဒီနေ့ မတ်လ ၄ ရက် မနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 
Read More

ကျောက်မဲမြို့နယ် ပင်တီးရွာဘုန်းကြီးကျောင်းကို စစ်ကော်မရှင် လေကြောင်းဗုံးကြဲ (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် ပင်တီးရွာရှိ ဘုန်းကြီးကျောင်းကို စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။