ပဲခူးတိုင်း၊ တောင်ငူခရိုင်အတွင်းက အကြမ်းဖက်စစ်တပ်ရဲ့ ကေတုမတီလေဆိပ် (တောင်ငူလေတပ်စခန်း) ကို အသေခံဒရုန်းတွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဝရဇိန်တပ်ဖွဲ့က ဒီဇင်ဘာ ၅ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီစစ်ဆင်ရေးဟာ ပြည်တွင်းဒရုန်းတပ်ဖွဲ့တွေအတွက် လိုအပ်တဲ့ ထောက်ပံ့မှုတွေသာ ရှိလာရင် ဘယ်လောက်အထိ အောင်မြင်နိုင်ကြောင်း မီးမောင်းထိုးပြလိုက်တဲ့ အားထုတ်မှု ဖြစ်တယ်လို့ စစ်ရေးသုံးသပ်သူတွေက ဆိုပါတယ်။

ဝရဇိန်တပ်ဖွဲ့က ဒီဇင်ဘာ ၄ ရက်နေ့ မနက်ပိုင်းမှာ “Operation Thunderbolt” စစ်ဆင်ရေးနာမည်နဲ့ ကေတုမတီလေဆိပ်အတွင်းကို အဆင့်မြင့် FPV (First Person View) အသေခံဒရုန်း ၄ စီးနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၂ စီးဟာ လေကြောင်းထိန်းသိမ်းရေးမျှော်စင်နဲ့ Jammer ထားရာနေရာတွေကို ထိမှန်တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုကြောင့် ဒရုန်းကာကွယ်ရေးအတွက် တပ်ဆင်ထားတဲ့ Jammer စက်တွေ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တယ်လို့ ဝရဇိန်အဖွဲ့က ရုပ်သံမှတ်တမ်းနဲ့တကွ ဖော်ပြခဲ့ပါတယ်။
စစ်ကောင်စီထံက သိမ်းဆည်းရရှိတဲ့ လက်နက်တွေအကြောင်း မျှဝေလေ့ရှိတဲ့ Tactical Raptor 2.0 ကတော့ တိုက်လေယာဉ်တွေရှိနိုင်တဲ့ hangar တွေကို ပစ်မှတ်မထားဘဲ ထိန်းချုပ်ရေးစင်တာနဲ့ jammer tower ကို ပစ်မှတ်ထားတဲ့ ဆုံးဖြတ်ချက်ဟာ မေးခွန်းထုတ်စရာအဖြစ်ရှိနေတယ်လို့ ဆိုပါတယ်။

“တောင်ငူလေတပ်စခန်းမှာ ထိခိုက်ပျက်စီးမှု ကြီးကြီးမားမား မရှိခဲ့ဘူးလို့ ယူဆပါတယ်။ တိုက်‌လေယာဉ်ရှိနိုင်တဲ့ hangar တွေကို ပစ်မှတ်မထားဘဲ ထိန်းချုပ်ရေးစင်တာနဲ့ jammer tower ကို ပစ်မှတ်ထားတဲ့ ဆုံးဖြတ်ချက်က မေးခွန်းထုတ်စရာရှိပါတယ်။ အသေခံဒရုန်း‌‌တွေက ထိမှန်ပေါက်ကွဲသွားရင် ဗီဒီယိုမြင်ကွင်း ထုတ်လွှင့်မှုပါ ရပ်ဆိုင်းသွားတာပါ။ အခုဖြစ်စဉ်မှာ မြေပြင်ပေါ်ပြုတ်ကျနေတဲ့ ကင်မရာမြင်ကွင်းကို ဆက်လက်မြင်နေရတဲ့အတွက် အနည်းဆုံးဒရုန်းတစ်စင်းက ပျက်ကျခဲ့တယ် or ထိမှန်သည့်တိုင်‌အောင် မပေါက်ကွဲခဲ့ဘူးလို့ ယူဆရပါတယ်။” လို့ မောင်းကို ပြောပါတယ်။
ထိခိုက်မှုနည်းနိုင်ပေမယ့် စစ်ကော်မရှင်တွေရဲ့ လေယာဥ်ကွင်းအပေါ် ဒရုန်းတွေနဲ့ ခြိမ်းခြောက်နိုင်တာက ကောင်းမွန်တဲ့အရွေ့တစ်ခု ဖြစ်တယ်လို့လည်း ဆိုပါတယ်။

“ဘယ်လောက် ထိခိုက်သွားလဲ ပြောရခက်ပေမယ့် ဝရဇိန်တပ်ဖွဲ့ရဲ့ တောင်ငူလေတပ်စခန်းတိုက်ခိုက်မှုက အားစိုက်မှုနဲ့ ထောက်ပံ့မှုသာရှိမယ်ဆိုရင် ပြည်တွင်းဒရုန်းတပ်ဖွဲ့တွေအနေနဲ့ ဘယ်လောက်အထိ ခရီးရောက်နိုင်လဲ ဆိုတာကို မြင်ရတာပဲ ဖြစ်ပါတယ်။ စကမ လေတပ်စခန်းတွေကို တော်လှန်ရေး ဒရုန်းတပ်ဖွဲ့တွေ လက်လှမ်းမီလာပြီး credible threat ဖြစ်လာပြီဆိုတာက ဒီနှစ်တွေအတွင်း ဒရုန်းပြိုင်ပွဲမှာ ကြီးမားတဲ့ အရွေ့ဖြစ်ပါတယ်။ တော်လှန်ရေးဒရုန်းတပ်ဖွဲ့တွေရဲ့ capability က စကမ ခြေလျင်စစ်ကြောင်းတွေကို နှောင့်ယှက်နိုင်ရုံနဲ့ ကျေနပ်နေလို့မရပါဘူး။ ယခုလိုမျိုး နောက်တန်းအခြေစိုက်စခန်း‌တွေအထိ ခြိမ်းခြောက်နိုင်တဲ့ long range strike တွေပါ ပြုလုပ်နိုင်ဖို့ အလျင်အမြန်လိုအပ်ပါတယ်” Tactical Raptor 2.0 က ထုတ်ပြန် အကြံပြုထားပါတယ်။

အာဏာသိမ်းစစ်တပ်က အကျင့်ပျက်ခြစားမှုတွေ ရှိနေပေမယ့် အခုလိုမျိုး လူသိများပြီး ပျံ့နှံ့သွားတဲ့ တိုက်ခိုက်မှုတွေမှာတော့ တန်ပြန်ကာကွယ်ရေးတွေကို မြန်မြန်ဆန်ဆန် လုပ်ဆောင်လေ့ရှိတာကြောင့် နောက်ပိုင်း တိုက်ခိုက်မှုတွေမှာ စိန်ခေါ်မှုတွေ မြင့်မားလာနိုင်တယ်လို့လည်း Tactical Raptor 2.0 က သုံးသပ်ပါတယ်။

အခုဖော်ဆောင်ခဲ့တဲ့ “Operation Thunderbolt” စစ်ဆင်ရေးအတွက် ၃ နှစ်ကျော်ကြာ Research လုပ်ခဲ့ရသလို ရံပုံငွေကိုလည်း ကိုယ်ထူကိုယ်ထ ရုန်းကန်ခဲ့ရတယ်လို့ ဝရဇိန်တပ်ဖွဲ့က ထုတ်ဖော်ပြောကြားထားတာပါ။

အဆိုပါ စစ်ဆင်ရေးကို ဝရဇိန်တပ်ဖွဲ့က ဦးဆောင်ခဲ့ပြီး မြေပြင်တိုက်ခိုက်ရေး မဟာမိတ်အဖြစ် “သံတောင်မြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့” နဲ့ ပူးပေါင်း လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

ပခုက္ကူခရိုင်အတွင်း တပ်ဖွဲ့ ၅ ဖွဲ့က ရဲဘော်များပါဝင်သည့် ပခုက္ကူခရိုင်Local တပ်ရင်းစုဖွဲ့မှု အပတ်စဥ် ( ၁ ) သင်တန်းဆင်းပွဲ ပြုလုပ်

မကွေးတိုင်း၊ ပခုက္ကူခရိုင် အတွင်း တော်လှန်ရေးတပ်တွေ စိုးမိုးနယ်မြေတစ်နေရာမှာ ဧပြီလ ၂၅ရက်က ပခုက္ကူခရိုင် Local တပ်ရင်းစုဖွဲ့မှု အပတ်စဥ် ( ၁ ) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ Earthquake People's Defence Force က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပုလဲနယ်က အကြမ်းဖက်စခန်းတွေကို စက်တင်ဘာလအတွင်း ဗုံးအလုံး ၁၀၀ ကျော် ကြဲချတိုက်ခိုက်မှုကြောင့် စစ်ကောင်စီလက်အောက်ခံ အများအပြားသေ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းနဲ့ အကြမ်းဖက်ရဲစခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက တစ်လအတွင်း ဒရုန်နဲ့ ဗုံးသီး အလုံး ၁၀၀ ကျော်နဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကျောက်ကြီးမြို့အနီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်၊ စစ်တပ်က ၁၀ ဦးသေပြီး ၇ ဦးအရှင်ဖမ်းမိ…

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့အနီး တောင်စုကျေးရွာအတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်တပ်က ၁၀ ယောက်သေဆုံးပြီး ၇ ​ယောက် အရှင်ဖမ်းမိခဲ့တယ်လို့ Falcons Guerrilla Force (စွန်ရဲ) တပ်ဖွဲ့က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
Read More

ကျောက်မဲမြို့ကို စစ်ကောင်စီ ထပ်မံဗုံးကြဲ၊ ပြည်သူ ၆ ဦး ဒဏ်ရာရကာ နေအိမ် ၁၀ လုံး ပျက်စီး

အကြမ်းဖက်စစ်ကောင်စီဟာ တအာင်းတပ် TNLA ထိန်းချုပ်ရာ ကျောက်မဲမြို့ကို ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၆ယောက် ထိမှန် ဒဏ်ရာရခဲ့တယ်လို့ TNLA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ချင်းဒေသ၏ ၈၀ ရာခိုင်နှုန်းကျော်ကို ချင်းတော်လှန်ရေးတပ်များ ထိန်းချုပ်ထားနိုင်ပြီဟု PDF Zoland ထုတ်ပြန်

ဇိုမီးဖက်ဒရယ်ပြည်ထောင်စု/ ဇိုလန်း - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Zomi Federal Union/Zoland - People's Defence Force) အနေနဲ့ ဒေသခံတော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းကာ စစ်ကောင်စီနဲ့ ကာလရှည်ကြာတိုက်ပွဲတွေ ​ဖြစ်ပွားခဲ့ပြီးနောက် အခုအခါ ချင်းဒေသရဲ့ ၈၀% ကျော်ကို ထိန်းချုပ်ထားနိုင်နေပြီ ဖြစ်တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ကျောက်လှေခါးရွာ အကြမ်းဖက်စစ်ဆေးရေးဂိတ်ကို ရေစကြိုတပ်ပေါင်းစု ဒရုန်းဖြင့် တိုက်ခိုက် 

မကွေးတိုင်း၊ ရေစကြိုမြို့နယ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိနေတဲ့ ကျောက်လှေခါး‌ကျေးရွာ စစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ထိခိုက်မှုတွေရှိခဲ့ကြောင်း ရေစကြိုတပ်ပေါင်းစု သတင်းပြန်ကြားရေး တာဝန်ခံ ရဲဘော်ကိုညီက မောင်းကို ပြောပါတယ်။