ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်က ကြံ့ခိုင်ရေးပါတီရုံးကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ လုံခြုံရေးယူပေးတဲ့ ပျူစောထီးတွေ ထိခိုက်သွားကြောင်း Yangon Army (YA) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒီဇင်ဘာလ ၆ရက် မနေ့ညပိုင်းက လှည်းကူးမြို့နယ်၊ သာသနာ့ရိပ်သာရပ်ကွက်ရှိ ကြံ့ခိုင်ရေးပါတီ မြို့နယ်ရုံးကို ပြင်အားမြင့် မိုင်း၂လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုအတွင်း လုံခြုံရေးယူပေးနေတဲ့ ပျူစောထီးတွေနဲ့ အဆောက်အဦးထိခိုက်သွားပြီး စစ်အုပ်စုက လုံခြုံရေးတိုးမြှင့်ကာ ကင်းပတ်တာတွေလုပ်ဆောင်ခဲ့တယ်လို့ Yangon Army (YA) တာဝန်ရှိသူက ပြောပါတယ်။

“ဖွတ်မြိုနယ်ရုံးထဲ ပျူအစောင့်တွေရှိတဲ့အချိန် ဆော်လိုက်တာ၊ မိုင်းက တော်တော်ပြင်းတယ်၊ အဲ့ဒါ ပျူနဲ့ အဆောက်အအုံတော့ တော်တော်ထိခိုက်သွားဖို့များတယ်။ ကျနော်တို့ဆော်အပြီး ပျူတွေနဲ့ စခတွေ ဘေးတွဲတွေနဲ့ ရပ်ကွက်ကိုပတ်ရှာကြတယ်။” လို့ Yangon Army (YA) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ပုံစာ – ကြံ့ခိုင်ရေးပါတီ ရုံးခန်းဖွင့်ပွဲတစ်ခု (ပုံဟောင်း)

ဒီတိုက်ခိုက်မှုကို အနောက်ပိုင်းခရိုင်ပကဖနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲအတွက် ပါဝင်ပတ်သက်သူတိုင်းကို ဆက်လက်တိုက်ခိုက်သွားမယ်လို့လည်း Yangon Army (YA) က ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့ အတုယောင်ရွေးကောက်ပွဲနီးကပ်လာချိန်မှာ Yangon Army (YA) အပါအဝင် မြို့ပြပြောက်ကျားတပ်ဖွဲ့တွေက စစ်အုပ်စုလက်ပါးစေ ရပ်ကွက်ရုံး၊ မြို့နယ်ရုံးတွေအပြင် စစ်အုပ်စုထောက်တိုင် ပါတီရုံးတွေကိုပါ ပြင်းပြင်းထန်ထန် တိုက်ခိုက်လာတာ ဖြစ်ပါတယ်။

အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း တရားဝင်ပြောကြားထားတာကြောင့် အရပ်သားတွေအနေနဲ့ အတုအယောင်ရွေးကောက်ပွဲ မဲဆွယ်နေရာတွေကို ရှောင်ရှားသွားလာကြဖို့နဲ့ စစ်တပ်ထောက်တိုင်နေရာတွေမှာ အချိန်ကြာမြင့်အောင် နေထိုင်တာတွေ မလုပ်ကြဖို့လည်း ပြောက်ကျားတပ်ဖွဲ့ဝင်တွေက တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

ရှမ်းတောင်နဲ့ ကရင်နီဒေသက အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ PNO က ဖမ်းဆီးသတ်ဖြတ်မှုများ လုပ်ဆောင်နေဟု BWCI အစီရင်ခံစာမှာ ဖော်ပြ

ရှမ်းပြည်တောင်ပိုင်းနဲ့ ကရင်နီဒေသက အရပ်သားများကိုပါ ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီးသတ်ဖြတ်မှုများကို  ပအိုဝ်းပြည်သူ့စစ် (PNO) မှ လုပ်ဆောင်လာတယ်လို့ Burma War Crimes Investigation (BWCI) မှ အစီရင်ခံစာ တစ်စောင်ထုတ်ပြန်လိုက်ပါတယ်။
Read More

PDF တွေကို ရက် (၅၀) တစ်ကြိမ်နှုန်းနဲ့ ထောက်ပံ့နေပြီး တစ်ကြိမ်ထောက်ပံ့ရင် အမေရိကန်ဒေါ်လာ တစ်သန်းကျော် ရှိတယ်လို့ NUG ပြော

နိုင်ငံတစ်ဝန်းက PDF တွေအတွက် ရက် (၅၀) ကို တစ်ကြိမ် ထောက်ပံ့နေပြီး တစ်ကြိမ်ထောက်ပံ့ရင် အမေရိကန်ဒေါ်လာ တစ်သန်းကျော်ရှိနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။
Read More

တောင်သာမှာ စစ်အုပ်စုက တိုက်ပွဲမရှိတဲ့ရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁ယောက်သေဆုံးပြီး ၄ယောက်ထိခိုက်ဒဏ်ရာရ

တောင်သာမှာ စစ်အုပ်စုက တိုက်ပွဲမရှိတဲ့ရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁ယောက်သေဆုံးပြီး ၄ယောက်ထိခိုက်ဒဏ်ရာရ
Read More

NUG ယာယီသမ္မတ ဒူဝါလရှီးလ ဦးဆောင်သည့် အစိုးရအဖွဲ့ တာဝန်ရှိသူများ ထိန်းချုပ်နယ်မြေများရှိ ဒေသခံများ၊ တော်လှန်ရေးရဲဘော်များနှင့် တွေ့ဆုံခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလ ဦးဆောင်တဲ့ NUG အစိုးရ တာဝန်ရှိသူတွေဟာ NUG ထိန်းချုပ်နယ်မြေတွေဆီ သွားရောက်ပြီး ဒေသခံ ပြည်သူလူထုအပါအဝင် တော်လှန်ရေးရဲဘော်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ NUG သမ္မတရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ယင်းမာပင်ခရိုင် ပကဖ ရဲဘော်တွေရဲ့ သီတင်းကျွတ်လပြည့်ည ဆီမီးပူဇော်ကုသိုလ်ယူနေတဲ့ ပုံရိပ်များ (ဓာတ်ပုံသတင်း)

အောက်တိုဘာ ၁၇ ရက် မနေ့က ကျရောက်တဲ့ သီတင်းကျွတ်လပြည့် ဗုဒ္ဓအခါသမယနေ့မှာ ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေရဲ့ ဆီမီးပူဇော်ကုသိုလ်ယူနေတဲ့ ပုံရိပ်တွေကို ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်သည့် ညဘက် အပြင်ထွက်ချိန် ပေါ်တာဆွဲခံရသူ စစ်သား ၁ ဦး ဒေါနစစ်ကြောင်းဆီ လက်နက်နှင့် အလင်းဝင်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့နယ်ခွဲရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၃၁ က စစ်မှုထမ်းသင်တန်းဆင်း စစ်ကောင်စီတပ်သားတစ်ယောက် လက်နက်နဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာ၃၃ နယ်မြေ ၊ ဒေါနတပ်ရင်း ၊ ‌တပ်ခွဲ(၄) (Kanbauk Defense Force) က ဒီနေ့ ထုတ်ပြန်ပါတယ်။