မကွေးတိုင်း၊ စလင်းမြို့မ ရဲစခန်းကနေ ကင်းပတ်ထွက်လာတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ထိခိုက်ဒဏ်ရာရမှုတွေ ရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ – စလင်း ထံက သိရပါတယ်။

ဒီဇင်ဘာ ၆ ရက် မနေ့ နေ့လယ် ၂နာရီခွဲကျော်လောက်မှာ စလင်းရဲစခန်းက အင်အား ၂၀ ဝန်းကျင်ရှိ စစ်အုပ်စုဟာ စလင်းမြို့အထွက် စိမ်းစိုဂိတ် ကင်းစခန်းကို ဆိုင်ကယ် ၄စီး၊ ကား ၁စီးနဲ့ ကင်းပတ်ထွက်လာချိန် စိမ်းစိုဂိတ်နဲ့ စလင်းမြို့မရဲစခန်းကြား၊ မီးရထားလမ်းပိုင်းအရောက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်ပြီးတဲ့နောက် အပြန်အလှန် ပစ်ခတ်မှု ၄၅ မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က မြင်တင်ရပ်ကွက်က ရဲတပ်သား အောင်ညီညီနဲ့ ဖောင်လင်းနယ်ထိန်း မင်းခန့်တို့အပါအဝင် ၄ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

“ကင်းပတ်နေကျမို့ မိုင်းဆွဲတိုက်ခိုက်ဖို့ စောင့်နေတာပါ။ သေဆုံးတော့ အတိအကျ မသိရသေးဘူး။ ထိခိုက်ဒဏ်ရာ ၄ယောက်ကတော့ အခြေအနေဆိုးတယ်။ သူတို့က ကင်းပတ်ပြီး ပေါ်တာဆွဲလေ့ရှိတယ်။ လတ်တလော စိမ်းစိုရုံးနဲ့ စလင်းစခန်း အသွားအလာရှုပ်နေတယ်” လို့ စလင်း ပကဖ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်အုပ်စုက စလင်းမြို့မရဲစခန်းထဲကို ပြန်လည်ဆုတ်ခွာသွားပြီး စစ်အုပ်စုထံက G3 ကျည်ဘောက် ၂ခု၊ လက်ပစ်ဗုံး ၂လုံးနဲ့ ကျည် ၃၀ တောင့် သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၇ရက်နေ့တုန်းကလည်း စလင်းနဲ့ ဆင်ဖြူကျွန်းမြို့မှာ ပြည်သူတွေကို ပေါ်တာဆွဲနေတဲ့ အကြမ်းဖက်စစ်သားတွေကို စလင်း ပကဖ က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။
0 Shares:
You May Also Like
Read More

ဖားဆောင်း အခြေစိုက် ခလရ (၁၃၄) ကို ကရင်နီတပ်ပေါင်းစု သိမ်းပိုက်ထားဟု ဆို

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့အခြေစိုက် ခလရ (၁၃၄) ကို ကရင်နီတပ်ပေါင်းစုက ဇူလိုင်လ အစောပိုင်းက သိမ်းပိုက်ထားနိုင်ပြီဖြစ်တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

မုန်း – အုတ်ဖြတ် လမ်းပိုင်း စစ်တောင်းမြစ်တံတားပေါ်ရှိ အကြမ်းဖက်စစ်တပ်ဂိတ် စနိုက်ပါနှင့် ပစ်ခံရပြီး ၃ ဦး သေဆုံး

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ စစ်တောင်းမြစ်တံတားပေါ် တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို စနိုက်ပါနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကော်မရှင်တပ်သား ၃ ယောက် ပွဲချင်းပြီး သေဆုံးခဲ့ပြီး၊ သေဆုံးစစ်သားအလောင်းတွေကို ချက်ချင်း သယ်ထုတ်သွားကြတယ်လို့ ARMS တပ်ရင်း၊ Falcons စွန်ရဲတပ်ခွဲ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

SSNDF / KNDF ဗျူဟာအမှတ်(၉) ၏ သစ္စာဆိုခြင်းနှင့် သစ္စာရေသောက်ခြင်း အခမ်းအနား (ဓာတ်ပုံသတင်း)

ရှမ်းတောင်အမျိုးသားများ ကာကွယ်ရေးတပ်/ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (SSNDF / KNDF) ဗျူဟာအမှတ် (၉) ရဲ့ စစ်သင်တန်းဆင်းပွဲ မတိုင်မီ ဧပြီလ (၁၆) ရက်မှာ သစ္စာဆိုခြင်းနဲ့ သစ္စာရေသောက်ခြင်း အခမ်းအနား ပြုလုပ်ခဲ့တဲ့ မှတ်တမ်းပုံရိပ်တွေကို SSNDF / KNDF က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ကျုံဒိုးမှာ တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီတပ် ၁၇၀ မမ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ် ၁ လုံး ထိခိုက်ပျက်စီး

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ ၁၇၀ မမ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ် ၁ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

နေရာအနှံ့အပြား ရောက်ရှိနေတဲ့ ကရင်လူမျိုးတွေ ပေါင်းစည်းပြီး စစ်အာဏာရှင်ကို အမြစ်ဖြတ်ဖို့ KNU ဥက္ကဋ္ဌ တိုက်တွန်း

နေရာအနှံ့အပြားကို ရောက်ရှိနေတဲ့ ကရင်တိုင်းရင်းသားတွေအားလုံး အခြားသောတိုင်းရင်းသားတွေနဲ့ ပူးပေါင်းပြီး အာဏာရှင်ဝါဒ ပြိုလဲကျရေး စုပေါင်းဆောင်ရွက်ကြဖို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။ 
Read More

YBS ယာဉ်မောင်းဘဝမှ ပေါ်တာဆွဲခံရပြီး စစ်သားဖြစ်လာသူ KNLA တပ်ရင်း(၈) ထံ လက်နက်ချအလင်းဝင်

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ခမရ-၄၃၉ တပ်ရင်းက စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။