ဒီနေ့ပွဲရဲ့ ဒုတိယခေါင်ပွဲလည်းဖြစ် ဖလိုင်းဝိတ်ချန်ပီယံလုပွဲလည်းဖြစ်တဲ့ UFC 323 ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြု ချင်းတိုင်းရင်းသားလေး ဗန် နဲ့ ကမ္ဘာ့ဖလိုင်းဝိတ်ချန်ပီယံ ပန်တိုဂျာတို့ထိုးသတ်ခဲ့ရာ၊ ပထမအချီအစမှာပဲ ပန်တိုဂျာ လက်ကျိုးသွားခဲ့တာကြောင့် ပြိုင်ဖက် ဗန် က UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို ရယူသွားခဲ့ပါတယ်။

အမေရိကန်နိုင်ငံ၊ အမေရိကန်နိုင်ငံ နီဗားဒါးပြည်နယ် လက်စ်ဗီးဂတ်စ်မြို့ T-Mobile Arena မှာ ကျင်းပတဲ့ UFC 323 ပြိုင်ပွဲမှာ ဘရာဇီးနိုင်ငံသား လက်ရှိကမ္ဘာ့ဖလိုင်းဝိတ်ချန်ပီယံ ပန်တိုဂျာ (Alexandre Pantoja) နဲ့ မြန်မာကိုယ်စားပြု ချင်းတိုင်းရင်းသားလေး ဂျော့ရှုဝါဗန် Joshua Van တို့ ယှဥ်ပြိုင်ထိုးသတ်ခဲ့ကြတာဖြစ်ပြီး ဗန်က အခုလို ပထမအချီမှာပဲ ဖလိုင်းဝိတ်ချန်ပီယံခါးပတ်ကို ရယူသွားခဲ့တာပါ။

ပွဲစစချင်းမှာပဲ ပန်တိုဂျာက လျှင်လျှင်မြန်မြန်နဲ့ ဗန်ကို ဝင်ရောက်ထိုးသတ်ခဲ့ပါတယ်။ အဲဒီလိုလုံးသတ်နေချိန် စက္ကန့်ပိုင်းမှာပဲ ဝင်လုံးလာတဲ့ပန်တိုဂျာကို ဗန်က ပြန်လည်ထိုးသတ်တွန်းလွှတ်လိုက်ချိန်မှာ ပန်တိုဂျာ လဲကျသွားခဲ့ပြီး၊ အခန့်မသင့်ဘဲ သူ့ရဲလက်ကျိုးသွားခဲ့ပါတယ်။ ဒီဒဏ်ရာနဲ့ပဲ ပွဲကို ဆက်လက်ထိုးသတ်နိုင်တော့ခြင်း မရှိတော့တာ‌ကြောင့် ဗန်က ပထမအချီ အစောပိုင်းမှာပဲ ပြိုင်ဖက်ကို အနိုင်ရရှိကာ ချန်ပီယံခါးပတ်ကို ဆွတ်ခူးသွားခဲ့တာလည်း ဖြစ်ပါတယ်။

UFC ဟာ ကိုယ်ခံပညာရပ်များစွာကို ပေါင်းစပ်ထားတဲ့MMA (Mixed Martial Arts) ကစားနည်းရဲ့ ပြယုဂ်အဖွဲ့အစည်းဖြစ်သလို၊ MMA ပြိုင်ပွဲတွေထဲမှာ သက်တမ်းအရင့်ဆုံး၊ အအောင်မြင်ဆုံးနဲ့ ကမ္ဘာ့အကောင်းဆုံးဖိုက်တာတွေ အမြောက်အမြား စုဝေးနေပြီး ကမ္ဘာ့တတန်းက ပြည်သူအများအပြား စောင့်ကြည့်ရတဲ့ ထိုးသတ်ပြိုင်ပွဲတစ်ခုလည်းဖြစ်ပါတယ်။

အခုပြိုင်ပွဲကို မြန်မာနဲ့ ကမ္ဘာတဝန်းက ဗန်ရဲ့ပရိသတ်များက အွန်လိုင်းက စောင့်ကြည့်ခဲ့ကြသလို၊ အမေရိကန်‌ရောက် One Championship ချန်ပီယံဟောင်း အောင်လအန်ဆန်း၊ အဆိုတော် အာဇာနည်တို့ အပါအဝင် မြန်မာပရိတ်သတ်အမြောက်အများလည်း ကိုယ်တိုင်ကိုယ်ကျ သွားရောက်အားပေး ဝန်ရံခဲ့ကြပါတယ်။

အခုပွဲကိုအနိုင်ရလိုက်တာကြောင့် အသက် ၂၄ နှစ်သာရှိသေးတဲ့ ဗန်ဟာ UFC သမိုင်းမှာ ဒုတိယအသက်ငယ်ဆုံး နဲ့ အရှေ့တောင်အာရှ အာဆီယံနိုင်ငံတွေထဲမှာ ပထမဦးဆုံး UFC ချန်ပီယံဖြစ်လာတာလည်းဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

စစ်ကောင်စီ ပြုလုပ်မည့် ရွေးကောက်ပွဲကို အာဆီယံနှင့် အာရှအင်အားကြီးနိုင်ငံများ ကန့်ကွက်ဖို့ HRW အဖွဲ့ တောင်းဆို

အာဏာသိမ်းစစ်ကောင်စီက ပြုလုပ်မယ့်  ရွေးကောက်ပွဲကို အာဆီယံနိုင်ငံတွေနဲ့ အာရှအင်အားကြီး နိုင်ငံတွေအနေနဲ့ လုံး၀ ကန့်ကွက်သင့်တယ်လို့  လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ (HRW) က တောင်းဆိုတိုက်တွန်းလိုက်ပါတယ်။ 
Read More

ရွှေ့ပြောင်းလုပ်သားချင်းတူပေမယ့် ပိုမိုဖိနှိပ်ခံနေရသော မြန်မာလုပ်သားများ

ထိုင်းနိုင်ငံ၊ Nong Bua ဒေသအတွင်းက ကျေးရွာတွေမှာ မြန်မာနိုင်ငံသားတွေကို ည ၉ နာရီနောက်ပိုင်း အိမ်ပြင်မထွက်ရဆိုတဲ့ စည်းကမ်းအပါအဝင် တခြား စည်းမျဥ်းစည်းကမ်းတွေပါဝင်တဲ့ စာရွက်တွေကို ဖြန့်ဝေနေပြီး ဖိနှိပ်မှုတွေ ပြုလုပ်နေတယ်လို့ အဲဒီဒေသအတွင်း နေထိုင်တဲ့ ရွှေ့ပြောင်းမြန်မာလုပ်သားတွေထံက သိရပါတယ်။
Read More

လူငယ်၄သန်းနီးပါး အလုပ်လက်မဲ့ ဖြစ်နေသည့် မြန်မာတွင် အလုပ်အကိုင်အခွင့်အရေးဆုံးရှုံးနေသည့် အမျိုးသမီးအရေအတွက် အမျိုးသားများထက် ၂ဆ ကျော်ပိုများလာကြောင်း UNDP ထုတ်ပြန်…

မြန်မာနိုင်ငံက လူငယ် ၄သန်းနီးပါးဟာ အလုပ်လက်မဲ့ အခြေအနေနဲ့ရင်ဆိုင်နေရပြီး အဆိုးဆုံးအနေနဲ့ အမျိုးသမီးတွေဟာ အလုပ်အကိုင်စျေးကွက်တွေကနေ အမျိုးသားတွေထက် နှစ်ဆကျော်နူန်းနဲ့ ဖယ်ကျဥ်ခံထားရတယ်လို့ UNDP Myanmar (ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်) ရဲ့အစီအရင်ခံစာအရသိရပါတယ်။
Read More

ငလျင် အကူအညီများကို နိုင်ငံရေးအရ အမြတ်ထုတ်နေသည်ဟု ပြောဆိုမှုအပေါ် စစ်ကောင်စီ ကန့်ကွက်

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၅၈ ကြိမ်မြောက် အစည်းအဝေးအတွင်း လက်ရှိ မြန်မာ့ငလျင်ဘေးအတွက် ကူညီမှုတွေကို စစ်ကောင်စီဟာ နိုင်ငံရေးအရ အမြတ်ထုတ်နေတယ်ဆိုတဲ့ ပြောဆိုချက်တွေကို စစ်ကောင်စီက ငြင်းဆိုလိုက်ပါတယ်။
Read More

တရားရုံး ရက်ချိန်းမတိုင်မီ သက်ဆင် ထိုင်းပြန်ရောက်လာ

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာဟာ ၎င်းရဲ့ အငြင်းပွားဖွယ် ဆေးရုံတက်မှုအတွက် တရားရုံးဆုံးဖြတ်ချက်ချမယ့် ရက်ချိန်းမတိုင်မတိုင်မီ စက်တင်ဘာလ ၈ ရက် မွန်းလွဲပိုင်းမှာ စင်္ကာပူကနေ ဘန်ကောက်ကို ပြန်ရောက်လာပါတယ်။
Read More

နိုင်ငံတကာက မြန်မာကို သဘာ၀ဘေးနဲ့ စစ်ဘေးအတွက် အကူအညီတွေ ပေးအပ်ဖို့ NUCC တောင်းဆို

ကုလ၊ အာဆီယံ အပါအဝင် နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ သဘာ၀ဘေးနဲ့ စစ်ဘေးတွေအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးအပ်ဖို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။