ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့တောင်ဘက် ဆားဂွန်းဂိတ်မှာ စစ်ကော်မရှင်တပ်သားတွေနဲ့ တော်လှန်ရေးတပ်သားများ တိုက်ပွဲဖြစ်ပွါးခဲ့ပြီး စစ်သား ၂ ဦး ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ စစ်သုံ့ပန်း ၂ ဦးဟာ စစ်ဆေးနေချိန်မှာပဲ သေနတ်လုယူ ထွက်ပြေးခဲ့တဲ့အတွက် လိုက်လံပစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့ ဖြူးမြို့နယ် ပကဖက သတင်းထုတ်ပြန်ထားပါတယ်။

ဖြစ်စဉ်အနေနဲ့ ဒီဇင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းက ဖြူးမြို့နယ် ဆားဂွန်းဂိတ်မှာ တာဝန်ယူထားတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ တော်လှန်ရေးတပ်များ ဇေယျာဝတီ အရှေ့တောင်ဘက်၊ ကြပ်ကွင်းကျေးရွာ၊ ကြပ်ကွင်းတာဝါတိုင်အနီးမှာ ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့တာဖြစ်ပြီး၊ တိုက်ပွဲအတွင်းမှာ ကြည်တင်နဲ့ မြင့်ကြည်လို့ အမည်ရတဲ့ စစ်သား ၂ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တာပါ။

အဲဒီနောက်မှာတော့ စစ်သုံ့ပန်း ၂ဦးကို ဖြူးမြို့နယ် ပကဖ တပ်စုမှုးက စစ်ဆေးမေးမြန်းနေချိန်မှာပဲ တပ်စုမှူးကိုင်ဆောင်တဲ့ 9 mm သေနတ်ကို လုယူထွက်ပြေးပြီး ခုခံထွက်ပြေးခဲ့တဲ့အတွက် တော်လှန်ရေးရဲဘော်များက လိုက်လံပစ်ခတ်ရှင်းလင်းလိုက်ရတယ်လို့ သိရပါတယ်။

“ညပိုင်းမှာ စုမှူးက သေချာလေး စစ်မေးနေချိန်မှာ ကြည်တင်နဲ့မြင့်ကြည်က သေနတ်လုတာပါ။ ကြည်တင်က ဦးဆောင်သူပါ” လို့ ဖြူးမြို့နယ်ပကဖ တာဝန်ရှိသူတဦးက မောင်းကို ပြောပါတယ်။

ကြည်တင်ဆိုသူဟာ ဖြူးမြို့နယ် ခမရ-၃၀၆ တပ်ရင်းမှ တပ်ကြပ်ကြီးရာထူးနဲ့ ပင်စင်ယူထားပြီး အာဏာသိမ်းပြီးချိန်မှာ စစ်တပ်နဲ့ ပြန်လည်ပူးပေါင်းပြီး ဖြူးမြို့နယ်အတွင်းက တံခွန်တိုင်ဂိတ်၊ ဆားဂွန်းဂိတ်တွေမှာ အဖွဲ့ခေါင်းဆောင်အဖြစ်တာဝန်ယူကာ ပြည်သူတွေကို ဒုက္ခပေးနေသူ ဖြစ်တယ်လို့လည်း သိရပါတယ်။

တိုက်ပွဲအတွင်း G-3 သေနတ် ၁ လက်၊ G-4 သေနတ် ၁ လက်၊ ကျည်ဘောက် ၅ ဘောက်နဲ့ ကျည်၁၅ တောင့် သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

Video-ဖြူးမြို့နယ် ပကဖ
0 Shares:
You May Also Like
Read More

ထန်းတပင်မြို့နယ် ဘုမ္မတီးရွာသစ်တွင် တိုက်ပွဲဖြစ်၊ စစ်ကော်မရှင်တပ် အထိနာကာ ဆုတ်ခွာထွက်ပြေး (ရုပ်/သံ)

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဘုမ္မတီးရွာသစ်မှာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကော်မရှင်တပ်သားတွေ အထိနာကာ ဆုတ်ခွာထွက်ပြေးသွားတယ်လို့ တောင်ငူခရိုင်အမှတ် ၂ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

လောင်းလုံးမြို့နယ်အတွင်း အင်အား ၃၀၀ ခန့်ရှိ စစ်ကောင်စီစစ်ကူစစ်ကြောင်းအား တိုက်ခိုက်မှု စစ်ကောင်စီတပ်သားများ အထိနာ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း အင်အား ၃၀၀ ခန့်ရှိတဲ့ စစ်ကောင်စီစစ်ကူစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတွေ သေဆုံးမှုများခဲ့ပြီး အထိနာခဲ့တယ်လို့ ဝေဟင်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဖားကန့်မြို့နယ်အတွင်း စစ်တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦး သေဆုံး (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်ခဲ့ရာ ပြည်သူ ၃ ယောက်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

တနင်္သာရီမြို့နယ်၊ တမုတ်ချုံးရွာတွင် စစ်ကော်မရှင်တပ်သားများနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပြီး စစ်သား ၆ ဦး သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တမုတ်ချုံးရွာမှာ စစ်ကော်မရှင်တပ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၆ ယောက် သေဆုံးခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

တနင်္သာရီမြို့နယ် သိန်ခွန်းရွာ တိုက်ပွဲမှတ်တမ်း (ရုပ်/သံ)

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ထိုင်းနယ်စပ်ကုန်သွယ်ရေးလမ်းရှိ သိန်ခွန်းရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ မတ်လ ၄ ရက်က ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ ရုပ်သံမှတ်တမ်းကို မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ မြိတ်က ထုတ်ပြန်လိုက်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ရဲ့ မီးရှို့မှုနဲ့ လေကြောင်းဗုံးကြဲမှုတွေကြောင့် ပျက်ဆီးခဲ့ရတဲ့ ဆိုင်းတောင်မှာ KIA၊ NUG ကိုထောက်ခံကြောင်းနဲ့ စစ်တပ်ကို ထောက်ပံ့နေတဲ့ Airbus ကုမ္ပဏီ နဲ့ တရုတ်အစိုးကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒပြ (ရုပ်/သံ)

အကြမ်းဖက်စစ်တပ်ရဲ့ မီးရှို့မှုနဲ့ လေကြောင်းဗုံးကြဲမှုတွေကြောင့် ပျက်ဆီးခဲ့ရတဲ့ ဖားကန့်မြို့ နယ် ဆိုင်တောင်ရွာမှာ အောက်တိုဘာ ၂၉ ရက် ယနေ့ နံနက်ပိုင်းက KIA၊ NUG ကိုထောက်ခံကြောင်းနဲ့ စစ်တပ်ကို ထောက်ပံ့နေတဲ့ ဥရောပကုမ္ပဏီ Airbus နဲ့ တရုတ်အစိုးရကို ဆန့်ကျင် ကန့်ကွက်တဲ့ သပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။