ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့မှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲများအတွင်း စစ်သား ၂ဦးကို အရှင်ဖမ်းမိခဲ့ပေမယ့် စစ်ဆေးနေစဉ်အတွင်း သေနတ်လု ထွက်ပြေးတာကြောင့် ပစ်ခတ်ရှင်းလင်းလိုက်ရတယ်လို့ ဖြူးမြို့နယ် ပကဖက သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့၊ မနက် ၁၀ နာရီခွဲဝန်းကျင်အချိန်မှာ ဖြူးမြို့နယ်၊ ဇေယျာဝတီ အရှေ့တောင်ဘက်၊ ကြပ်ကွင်းကျေးရွာ၊ ကြပ်ကွင်းတာဝါတိုင်အနီးမှာ စစ်ကော်မရှင်တပ်သားတွေနဲ့ တော်လှန်ရေးရဲဘော်များ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲမှာ မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး တိုက်ပွဲအတွင်းမှာ ကြည်တင်နဲ့ မြင့်ကြည်လို့ အမည်ရတဲ့ စစ်သား ၂ဦးကို စစ်သုံ့ပန်းအဖြစ်နဲ့ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက်မှာတော့ အဆိုပါ စစ်သုံ့ပန်း ၂ဦးကို ကော်ကုလားထိုင်ပေါ်မှာ ထိုင်စေပြီး ဖြူးမြို့နယ် ပကဖ တပ်စုမှုးက စစ်ဆေးမေးမြန်းနေချိန်မှာပဲ တပ်စုမှုးကိုင်ဆောင်တဲ့ 9 mm သေနတ်ကို လုယူထွက်ပြေးပြီး ခုခံတာကြောင့် တော်လှန်ရေးရဲဘော်တွေကနေ ပစ်ခတ်ရှင်းလင်းလိုက်ရတယ်လို့ သိရပါတယ်။

“ညပိုင်းမှာ စုမှုးက သေချာလေး စစ်မေးနေချိန်မှာ ကြည်တင်နဲ့မြင့်ကြည်က သေနတ်လုတာပါ။ ကြည်တင်က ဦးဆောင်သူပါ” လို့ ဖြူးမြို့နယ်ပကဖ တာဝန်ရှိသူတဦးက မောင်းကို ပြောပါတယ်။

ကြည်တင်ဆိုသူဟာ ဖြူးမြို့နယ် ခမရ-၃၀၆ တပ်ရင်းမှ တပ်ကြပ်ကြီးရာထူးနဲ့ ပင်စင်ယူထားပြီး အာဏာသိမ်းပြီးချိန်မှာ စစ်တပ်နဲ့ ပြန်လည်ပူးပေါင်းပြီး ဖြူးမြို့နယ်အတွင်းက တံခွန်တိုင်ဂိတ်၊ ဆားဂွန်းဂိတ်တွေမှာ အဖွဲ့ခေါင်းဆောင်အဖြစ်တာဝန်ယူကာ ပြည်သူတွေကို ဒုက္ခပေးနေသူ ဖြစ်တယ်လို့လည်း သိရပါတယ်။

အဆိုပါ တိုက်ပွဲဖြစ်နေစဉ်အတွင်း ထွက်ပြေးသွားတဲ့ စစ်သားတွေကို ဖြူးမြို့နယ် ပကဖအဖွဲ့က လိုက်လံပစ်ခတ်ရှင်းလင်းရာ စစ်သား ၁ဦး သေဆုံးသွားပြီး ဖြူးမြို့နယ်၊ ရှမ်းပိုင်းရပ်ကွက်မှာ ဒီကနေ့ ဒီဇင်လာဘ ၆ရက်နေ့မှာ သင်္ဂြိုလ်မည်ဖြစ်ကြောင်း သတင်းရရှိထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် တော်လှန်ရေးတပ်တွေက စစ်ကော်မရှင်တပ်သားတွေထံမှ တိုက်ပွဲအတွင်း G-3 သေနတ် (၁)လက်၊ G-4 သေနတ် (၁)လက်၊ ကျည်ဘောက် (၅)ဘောက်နဲ့ ကျည်(၁၅)တောင့်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

အတင်းအဓမ္မ စစ်မှုထမ်းဖို့ စုဆောင်ခြင်းခံထားရတဲ့ စစ်မှုထမ်း အပတ်စဉ် (၆) သင်တန်းဆင်းပြီး ရှေ့တန်းနယ်မြေတွေကို ပို့ဆောင်

နိုင်ငံတစ်ဝန်း အတင်းအဓမ္မ စုဆောင်းခြင်းခံထားရတဲ့ လူငယ်လူရွယ်တွေကို စစ်မှုထမ်း အပတ်စဉ် (၆) သင်တန်းဆင်းပွဲကို ပြုလုပ်ပြီး ရှေ့တန်းနယ်မြေတွေကို စတင်ပို့ဆောင်နေပြီလို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။  
Read More

(၇၆) နှစ် မြောက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နေ့ (KNLA day) ဂုဏ်ပြုပွဲ အခမ်းအနား… (ဓာတ်ပုံသတင်း)

ကရင်အမျိုးသားအစည်းအရုံး (မြိတ်-ထားခရိုင်) တပ်မဟာ (၄) ဌာနချုပ်ဟောင်း‌ မယ်သမီခီး(ထီးခီး) မှာ ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင် တပ်မဟာ (၄) ခေါင်းဆောင်တွေ ဦးဆောင်ပြီး ဇူလိုင်လ (၅)ရက် ဒီနေ့မှာ ကျရောက်တဲ့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်နေ့ (K.N.L.A) day ဂုဏ်ပြုပွဲအခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

အမှတ် ၁ စစ်ဒေသမှာ နှစ်ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၅) ယောက် လက်နက်တွေနဲ့အတူ အလင်းဝင်လာ…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတွေဆီကို နှစ်ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၅) ယောက်က လက်နက်တွေနဲ့ အလင်းဝင်လာတယ်လို့ အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

စလင်းမှ ဆင်ဖြူကျွန်းသို့ အင်အားလာဖြည့်သည့် စစ်ကောင်စီ သံပြားကာယာဉ် ၁ စီးကို ကြားဖြတ်တိုက်ခိုက်ရာ ၁ ဦး သေ

မကွေးတိုင်း၊ စလင်းမြို့ကနေ ဆင်ဖြူကျွန်းမြို့ကို အင်အားလာဖြည့်တဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ အင်အား ၂၀ ခန့်ပါ သံပြားကာကား ၁ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၁ ယောက် သေဆုံးခဲ့တယ်လို့ ဗမာ့တပ်တော် (BAMAR ARMY) က ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံတစ်ဝန်း ဇန်နဝါရီတစ်လအတွင်း စစ်ကောင်စီလက်ချက်ကြောင့် အမျိုးသမီး ၈၀ ကျော် သေဆုံးခဲ့ရ

နိုင်ငံတစ်ဝန်း စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် ဇန်နဝါရီလ တစ်လတည်းမှာပင် အမျိုးသမီး ၈၆ ဦးအထိ သေဆုံးခဲ့ရတယ်လို့  မြန်မာအမျိုးသမီးများသမဂ္ဂ (BWU) က အသိပေးထုတ်ပြန်ပါတယ်။
Read More

ဖြူဖြူကျော်သိန်းရဲ့ Phyu Phyu in Japan ဖျော်ဖြေပွဲကနေ လက်မှတ်ရောင်းရငွေ ဂျပန်ယန်း သန်း ၆၀  ကျော်ရရှိ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းရဲ့ Phyu Phyu in Japan တော်လှန်ရေးရံပုံငွေဂီတဖျော်ဖြေပွဲကို မေ ၂၅ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။