မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်က ဒေသခံပြည်သူ ၄ ယောက်ကို အကြမ်းဖက်စစ်ကော်မရှင်တပ်သားများက လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားပြီး၊ လက်ချောင်း နဲ့ နားရွက်တွေကို ဖြတ်တောက်ခဲ့တယ် လို့ မကွေးတိုင်း၊ ပကဖထံမှ သိရပါတယ်။

ကပစ−၂၄ ကထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ ပေါက်မြို့နယ် အနောက်တောင်ဘက်ရှိ တယ်ပင်ရွာ၊ မကျီးကုန်းရွာထဲကို အောက်တိုဘာ ၂၉ ရက်နေ့မှာ ဝင်ရောက်လာခဲ့ပြီး၊ အဆိုပါကျေးရွာ ၂ ရွာက ဖြိုးဝေဇော် (၂၀) နှစ်၊ ခိုင်လင်းအောင် (၂၀ ) နှစ်၊ မင်းခန့်ဇော် (၁၈) နှစ်နဲ့ ပြည့်စုံဝင်း (၂၅) နှစ်တို့ကို ဖမ်းဆီးခဲ့ပါတယ်။

“သူတို့ဘယ်လို ဖမ်းဆီးခံလိုက်ရလဲတော့ သေချာမသိပါဘူး၊ သူတို့ရွာ နဲ့ ကပစ ၂၄ က နီးတယ်၊ စစ်ကြောင်းရွာထဲကို ရုတ်တရက်ဝင်လာချိန် အဖမ်းခံလိုက်ရတာနဲ့ တောင်ယာလုပ်ရင်း အဖမ်းခံရတာ အဲ ၂ ခုထဲက တစ်ခုခုပါပဲ” လို့ မကွေးတိုင်း ပကဖ ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက မောင်းကို ပြောပါတယ်။

ဖမ်းဆီးထားတဲ့ ပြည်သူ ၄ ယောက်ထဲက ၃ ယောက်ကိုတော့ လက်နောက်ပြန်ကြိုးတုပ်ထားပြီး သစ်တုံးပေါ်တင်ကာ လက်နှစ်ဖက်စလုံးက လက်ညိုးတွေကိုဖြတ်တောက်ခဲ့သလို၊ ကျန်တစ်ယောက်ကတော့ စစ်ဆေးမေးမြန်စဉ် စကားထစ်တဲ့အတွက် နားရွက်ကို ဖြတ်တောက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် အဆိုပါ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေဟာ ပေါက်မြို့နယ်မြောက်ပိုင်းကို ထပ်မံစစ်ကြောင်းထိုးတဲ့လမ်းတစ်လျှောက်မှာ အဆိုပါအမျိုးသား ၄ ယောက်ကို ရှေ့ဆုံးကနေသွားခိုင်းခဲ့တယ်လို့ သိရပါတယ်။

အခုလိုလူသားဒိုင်းအဖြစ်ဖမ်းဆီးပြီး နိုဝင်ဘာ ၂၉ ရက်နေ့မှာတော့ အကြမ်းဖက်စစ်ကော်မရှင် တပ်သားတွေက ငဖောင်ကန်ရွာထဲရောက်ရှိသွားပြီဖြစ်တဲ့အတွက် ဖမ်းဆီးထားတဲ့ အဆိုပါ အမျိုးသား ၄ ယောက်ကို ပြန်လွတ်ပေးခဲ့တယ်လို့ဆိုပါတယ်။

စစ်ကော်မရှင်တပ်သားတွေရဲ့ ပြည်သူတွေအပေါ် လူ့အခွင့်အရေးချို့ဖောက်မှုတွေဟာ ဒီအတိုင်းပြီးသွားမှာမဟုတ်ကြောင်း၊ မိမိတို့အနေနဲ့ အကြမ်းဖက်စစ်တပ်ကို ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

တော်လှန်ရေး အောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု KNDF ဒုစစ်ဦးစီးချုပ် မာဝီ အသိပေး …

"စစ်အာဏာရှင်တွေ သက်ဆိုးရှည်နေသရွေ့ ကျနော်တို့ ပြည်သူလူထုနဲ့ ကျနော်တို့ဟာ ဘယ်တော့မှ ကောင်းကောင်းမွန်မွန်၊ ငြိမ်းငြိမ်းချမ်းချမ်း၊ ချမ်းချမ်းသာသာ မနေရဘူးဆိုတဲ့ အ‌ခြေအနေတခုကိုလည်း ကျနော်တို့ နှလုံးသားထဲမှာ ‌ခေါင်းထဲမှာ အမြဲရှိဖို့လိုပါတယ်၊ ဒါကြောင့်မို့ ဒီတိုက်ပွဲကို ‌အောင်မြင်အောင် ကျားကုတ်ကျားခဲ ဆက်လက်ပြီး‌တော့ တိုက်ပွဲဝင်သွားကြဖို့ တိုက်တွန်းလိုပါတယ် ... အားပေးလိုပါတယ်"
Read More

တန့်ဆည်မြို့နယ် ကံထူးမရွာကို စစ်တပ် လေကြောင်းတိုက်ခိုက်၊ ဒေသခံ ၈ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ကံထူးမရွာကို အကြမ်းဖက်စစ်တပ်က အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၈ ယောက် သေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က ကျောက်မဲမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်….

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ရပ်ကွက် (၂) ထဲကို အကြမ်းဖက် စစ်တပ်က လေကြောင်းနဲ့ ပေါင်(၂၅၀)ဗုံး (၂)လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ထားပါတယ်။
Read More

ရေတပ်နဲ့ သံချပ်ကာ တပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး ပြည်သူ့ရင်ခွင်ခိုလှုံ

စစ်ကောင်စီတပ်ရဲ့ ရေတပ်နဲ့ သံချပ်ကာပြင်ဆင်ရေးတပ်က တပ်ကြပ်ကြီးနှစ်ဦး ရန်ကုန်တိုင်းစစ်ဌာနထံ ခိုလှုံ ဝင်ရောက်လာတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ရန်ကုန်တိုင်းစစ်ဌာနက အသိပေး ထုတ်ပြန်ပါတယ်။
Read More

ဇေယျဝတီမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်နေရာများအား ဖြူးပကဖ တိုက်ခိုက်ရေးအဖွဲ့ ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၄ ဦး သေပြီး စစ်တပ်အိမ်စီးကား ၂ စီးကို ပကဖ သိမ်းဆည်း

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ ဇေယျဝတီမြို့ပေါ် ဂိတ်စခန်းတွေကို ပကဖတပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ရင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အိမ်စီးကား၂စီးကို သိမ်းဆည်းရရှိခဲ့တယ်လို့ Phyu Township People's Defense Organization - ဖြူးမြို့နယ် ပကဖ က သတင်းထုတ်ပြန်ပါတယ်။
Read More

ပြည်မြို့တွင် စစ်တပ်၏ ရွေးကောက်ပွဲအတုကို ဆန့်ကျင်ကန့်ကွက်ကြောင်း ကမ်ပိန်းပြုလုပ်

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပြည်မြို့မှာ အကြမ်းဖက်စစ်ကော်မရှင် ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကို မြို့ခံပြည်သူတွေက ဆန့်ကျင်ကန့်ကွက်ကြောင်း ကမ်ပိန်းလုပ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။