စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ရွှေဘိုမြို့မရဲစခန်းနဲ့ ခလရ ၄၂ အထိုင်စခန်းကို Fixed Wings Drone နဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်သားအများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ သတင်းထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၅ ရက် မနေ့နေ့လယ်ပိုင်းက ရွှေဘိုမြို့မရဲစခန်းအတွင်းကို Fixed Wings Drone နဲ့ ဗုံးသီး တွေ ကြဲချတိုက်ခိုက်ခဲ့ရာ ရဲ ၃ ဦး အပြင်းအထန်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရွှေဘိုခလရ ၄၂ တပ်အတွင်း သေဆုံးသွားတဲ့ စစ်သားတွေအတွက် ဆွမ်းသွပ်ရန် ပြင်ဆင်နေတဲ့ ဧရိယာအတွင်း Fixed Wings Drone နဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ စစ်သားအများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အထိနာသွားတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ ရွှေဘိုမြို့ တထပ ၂ မှ ဟောင်ဝှစ်ဇာလက်နက်ကြီး တွေနဲ့ ပြန်လည်ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ရွှေဘိုမြို့နယ်ပကဖတိုက်ခိုက်ရေးအဖွဲ့ (PDO)နှင့် တိုက်နယ် (၅) ပကဖတိုက်ခိုက်ရေးအဖွဲ့၊ ရွှေဘိုမြို့နယ် တိုက်နယ်(၅)ပကဖ Fixed Wings Droneအဖွဲ့နှင့် အမှတ်(၁၈၁၁)ဒရုန်းတပ်ဖွဲ့တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video-ပကဖ၊ ရွှေဘိုမြို့နယ်၊ NUG

0 Shares:
You May Also Like
Read More

အမှတ် (၁) စစ်ဒေသ ရဲ့ ကွန်မန်ဒိုလေ့ကျင့်ရေးသင်တန်းသို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် တက်ရောက်အမှာစကားပြောကြား (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁) စစ်ဒေသရဲ့ ကွန်မန်ဒိုလေ့ကျင့်ရေးသင်တန်းသို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်သွားရောက်ကြည့်ရှုပြီး အမှာစကားပြောကြားခဲ့တဲ့ ရုပ်သံမှတ်တမ်းကို အမှတ် (၁) စစ်ဒေသမှ ယနေ့ နံနက်ပိုင်းမှ သတင်းထုတ်ပြန် လိုက်ပါတယ်။
Read More

စစ်ကောင်စီက ပေါ်တာဆွဲဖမ်းဆီးထားတဲ့ လူငယ်တွေ ထွက်မပြေးအောင် အပျော်အပါးများနဲ့ ဆွဲဆောင်ကာ စစ်မှုထမ်းစေခိုင်း (ရုပ်/သံ)

ပဲခူးတိုင်း သာယာဝတီခရိုင်အတွင်း ပေါ်တာဆွဲဖမ်းဆီးထားတဲ့ လူငယ်တွေကို စစ်ကောင်စီတပ်က အပျော်အပါးများနဲ့ ဆွဲဆောင်ကာ စစ်မှုထမ်းစေခိုင်းလျက်ရှိတယ်လို့ သိရပါတယ်။
Read More

ဇရပ်ကြီးမြို့အနီး ဒိုးတန်းကျေးရွာက အရပ်သားနေအိမ်မှာ ဝင်ရောက်တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့အနီးက ဒိုးတန်းကျေးရွာ အရပ်သားပြည်သူနေအိမ်မှာ ဝင်ရောက်တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို အောက်တိုဘာ ၁၀ ရက်က ဒရုန်းနဲ့ ဗုံးသီး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ အုတ်တွင်းမြို့နယ် ပကဖထံက သိရပါတယ်။
Read More

ချောင်းဦးမြို့နယ် မြပုလဲစစ်ဆေးရေးဂိတ်ကို ၆၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မြပုလဲစစ်ဆေးရေးဂိတ်ကို ဖေဖော်ဝါရီ ၁၈ ရက် မနေ့ညနေပိုင်းက ၆၀ မမ လက်နက်ကြီး ၃ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Snipe Rangers Force (Local - PDF) အဖွဲ့ထံက သိရပါတယ်။
Read More

ပြည်သူတွေအပေါ် အနိုင်ကျင့်ရမ်းကားနေတဲ့ ရှမ်းတပ်ရဲတပ်စခန်းအား ၄၀ မမ လက်နက်ကြီး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း အထက်မင်းလှမြို့နယ်ရှိ အကြမ်းဖက်စစ်သားနဲ့ ရဲ ပူးပေါင်းစခန်းချထားတဲ့ ရှမ်းတပ် ရဲစခန်းအား ဇန်နဝါရီ ၂၉ ရက်က ညနေ ၅ နာရီဝန်းကျင်ခန့်က ၄၀ မမ လက်နက်ကြီး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ United States Of Burma Army - USBA ထံက သိရပါတယ်။
Read More

နွားထိုးကြီးမြို့ပေါ်ရှိ ထွေအုပ်ရုံးမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း နွားထိုးကြီးမြို့ပေါ်ရှိ ထွေအုပ်ရုံးမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီလက် အောက်ခံတွေကို နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်းက Shar Htoo Waw နည်းပညာနဲ့ Fixed Wings ဒရုန်းနဲ့ ဗုံးသီး ၄ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Natogyi People Defence (မြင်းခြံခရိုင်အမှတ် -၄တပ်ရင်း)ထံက သိရပါတယ်။