ပဲခူးတိုင်း တောင်ငူခရိုင်အတွင်းရှိ အကြမ်းဖက်စစ်တပ်ရဲ့ ကေတုမတီလေဆိပ်အတွင်းရှိ လေ ကြောင်းထိန်းသိမ်းရေးမျှော်စင်နဲ့ Jammer ကို အသေခံဒရုန်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဝရဇိန်က သတင်းထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၄ ရက် မနေ့မနက်ပိုင်းက ဝရဇိန်တပ်ဖွဲ့က “Operation Thunderbolt” စစ်ဆင်ရေးအဖြစ် အကြမ်းဖက်စစ်တပ်ရဲ့ ကေတုမတီလေဆိပ်အတွင်းကို အဆင့်မြင့် FPV အသေခံဒရုန်း ၄ စီးဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၂ စီးဟာ လေကြောင်းထိန်းသိမ်းရေးမျှော်စင်နဲ့ Jammer ထားရာနေရာတွေကို တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှု ကာကွယ်ဖို့ တပ်ဆင်ထားတဲ့ Jammer စက်တွေ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

“Research ကို လွန်ခဲ့တဲ့ သုံးနှစ်ကျော်က လုပ်ခဲ့တယ်။ ပြီးခဲ့တဲ့နှစ်က Anti jamming drone အတွက် အဆင်သင့်ဖြစ်တယ်။ ရံပုံငွေအတွက် ကိုယ်ထူကိုယ်ထရုန်းကန်ရတော့ အချိန် တနှစ်နီးပါးကြာသွားတယ်” လို့ ဝရဇိန်တပ်ဖွဲ့ရဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက မောင်းကိုပြောပါတယ်။

တိုက်ခိုက်မှုအပြီး အကြမ်းဖက်စစ်တပ်က အထိနာပြီး MI-35 ရဟက်ယာဉ်နဲ့ တန်ပြန်တိုက်ခိုက်ခဲ့တာကြောင့် မြေပြင်ရဲဘော်တွေ ဘေးလွတ်ကင်းရာ ရောက်တဲ့အထိ စောင့်ဆိုင်းပြီးမှသာ သတင်းထုတ်ပြန်ရခြင်းဖြစ်တယ်လို့ သိရပါတယ်။

“Operation Thunderbolt” စစ်ဆင်ရေးဟာ ဝရဇိန်တပ်ဖွဲ့က ဦးဆောင်ပြီး မြေပြင်တိုက်ခိုက်ရေး မဟာမိတ်အဖြစ် “သံတောင်မြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ” နှင့်အတူ ပူပေါင်းကာ အဆင့်မြင့်နည်းပညာတွေနဲ့ ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်တဲ့ စစ်ဆင်ရေးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ် တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ညောင်လေးပင်မြို့နယ်မှ ပျူခေါင်းဆောင်နှင့် ညာလက်ရုံးတပည့်ကို တစ်နေရာစီ ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ ပျူစောထီးခေါင်းဆောင်နဲ့ သူ့တပည့်ကို ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ မစ်ရှင်ဖော်ဆောင်ခဲ့တဲ့ 9 Stars Underground Force ,Bago Region တပ်ဖွဲ့က ပြောပါတယ်။
Read More

ဖားဆောင်းနဲ့ ဘောလခဲကြားရှိ ထူးချောင်းစခန်းကုန်းကနေ စစ်ကောင်စီတပ်စခန်း စွန့်ခွာထွက်ပြေး

ကရင်နီဒေသ၊ ဖားဆောင်းမြို့နဲ့ ဘောလခဲမြို့ အကြားရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ “ထူးချောင်းစခန်းကုန်း”ကနေ အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေ စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ ဖားဆောင်း PDF က ထုတ်ပြန်ထားပါတယ်။
Read More

စနစ်ဆိုး၏ တန်းတူညီမျှမှုမရှိသည့် စံနှုန်းများကို ချေဖျက်ပစ်ဖို့ လူနည်းစုလူငယ်များ ဦးဆောင်ပြီး ကမ်ပိန်းပြုလုပ်

စနစ်ဆိုးရဲ့ တန်းတူညီမျှမရှိတဲ့ စံသတ်မှတ်နှုန်းတွေကို ချေဖျက်ပစ်ဖို့ လူနည်းစု လူငယ်တွေ ဦးဆောင်ပြီး K - Word မှသည် Identity Campaign ကို ဇွန်လ ၃ ရက်နေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။
Read More

SSPP/SSA ဗဟိုဌာနချုပ်မှ ကျောက်မဲမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအား စားနပ်ရိက္ခာ ကူညီထောက်ပံ့

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာအုပ်စုကနေ ရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးခဲ့တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ငလျင်ဒဏ်သင့်ဒေသများတွင် အရေးပေါ်ကယ်ဆယ်ရေး ဆောင်ရွက်နိုင်ရန်အတွက် ခုခံကာကွယ်စစ်မှလွဲ၍ ထိုးစစ်အားလုံး သီတင်း ၂ ပတ်ကြာ ရပ်ဆိုင်းမည်ဟု NUG ကြေညာ

၂၀၂၅ခုနှစ် မတ်လ ၂၈ရက်‌နေ့မှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်ငလျင်ကြောင့် နိုင်ငံရဲ့ နေရာတော်တော်များများမှာ နေအိမ်အဆောက်အအုံများ၊ လမ်းတံတား အခြေခံအဆောက်အအုံများ ပြိုကျပျက်စီးခဲ့ပြီး၊ ပြည်သူထောင်နဲ့ချီသေဆုံး သောင်းချီ ဒဏ်ရာရရှိခဲ့တာကြောင့် လူပေါင်းများစွာကို အရေးပေါ်ကယ်ဆယ်ရေး ဆောင်ရွက်နိုင်ဖို့အတွက် ငလျင်ဘေးသင့်ဒေသတွေမှာ မိမိကိုယ်ကို ခုခံကာကွယ်စစ်မှတပါး ထိုးစစ်အားလုံးကို ၃၀.၃.၂၀၂၅ ရက်နေ့မှ စတင်ပြီး နှစ်ပတ်ကြာ ရပ်နားထားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ယနေ့ထုတ်ပြန်လိုက်ပါတယ်။
Read More

ဟားခါးမြို့မရဲစခန်းအတွင်း ဝင်ရောက်ခဲ့သည့် CDF-Hakha နှင့် CNA အကျဥ်းသားများ ကယ်ထုတ်ရေးမစ်ရှင် 

ချင်းပြည်နယ်၊ ဟားခါးမြို့မရဲစခန်းမှာ အကြမ်းဖက် စစ်ကော်မရှင် မတရား ဖမ်းဆီးချုပ်နှောင်ထားတဲ့ တော်လှန်ရေးရဲဘော်တွေကို သွားရောက်ကယ်ထုတ်နိုင်ခဲ့ကြောင်း Chinland Defense Force – Hakha က ဒီည ထုတ်ပြန်ပါတယ်။