မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဖူလုံရွာမှာ ဘိလိယက်လာထိုးတဲ့ ခလရ (၂၅၇) တပ်က တပ်ရေးဗိုလ်ကြီးကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးချိန်မှာ ပြန်လည်ခုခံခဲ့တဲ့အတွက် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ထံက သိရပါတယ်။

ဒီဇင်ဘာ ၃ရက် ညနေ ၄နာရီလောက်မှာ ခလရ (၂၅၇) တပ် ဘေးမှာရှိတဲ့ ဘိလိယက်ခုံမှာ ဘိလိယက်ထိုးနေတဲ့ တပ်ရေးဗိုလ်ကြီး သက်နိုင်ဦး (ခ) A2 ကို ကာကွယ်ရေးတပ်ဖွဲ့တွေက သွားရောက်ဖမ်းဆီးခဲ့ပါတယ်။ အဲဒီနောက် ဖမ်းဆီးခေါ်ဆောင်လာချိန် ကာကွယ်ရေးတပ်ဖွဲ့တွေဆီက လက်နက်လုပြီး ပြန်လည်ခုခံတာကြောင့် ပစ်ခတ်ရှင်းလင်းလိုက်ရတယ်လို့ ဆိုပါတယ်။

“သူ့တပည့်တွေတော့ မပါဘူးဗျ။ တပ်ဘေးဆိုတော့လေ၊ တပ်နဲ ကျူခုံကလည်း သူတို့တပ်နဲ့ ကပ်လျက်ဆိုတော့ ဘယ်သူမှ မပါဘူး။ ဖမ်းပြီး တစ်ခါတည်း လက်ထိပ်ခတ်ပြီး ခေါ်လာတဲ့အချိန် လမ်းမှာ တပ်နဲ့ ခပ်လှမ်းလှမ်းအရောက်မှာ သူက ဒီ ရဲဘော်တစ်ယောက်ရဲ့ သေနတ်ကို လုပြီးတော့ ပြန်ခုခံဖို့ ကြိုးစားလို့ ကျနော်တို့လည်း ပစ်ခတ်ပြီး ရှင်းလင်းရတဲ့အထိ ရောက်သွားတာပေါ့” လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

တပ်ရေးဗိုလ်ကြီး သက်နိုင်ဦးဟာ မကြာခဏဆိုသလို ဘိလိယက် လာထိုးလေ့ရှိပြီး ကြိုတင်သတင်းရတဲ့အတွက် အခုလို သွားရောက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“သူကခဏခဏလာတယ်။ တပ်ဘေးဆိုတော့ အဲဒီနေ့ညမှာပဲ သူတို့စစ်တပ်ထဲကနေ စစ်ကြောင်းထွက်ပြီးတော့ သူတို့ Dead Body လာပြီးတော့သယ်သွားတယ်။ လက်နက်ကြီးတွေဘာတွေတော့ အဲ့ဘက်လျှောက်ထုတယ်” လို့ အထက်ပါတာဝန်ရှိသူက ဆက်ပြောပါတယ်။

အဆိုပါ တပ်ရေးဗိုလ်ကြီး သက်နိုင်ဦးထံက ဆိုင်ကယ် ၁စီး၊ ဖုန်း ၃လုံး၊ ငွေသား ၃သိန်းနဲ့ မှတ်ပုံတင် ၂ခု သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်နေ့ကလည်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ထံ ခလရ (၂၅၆) တပ်က လုံခြုံရေးဂိတ်စောင့် တပ်သားတစ်ယောက် သေနတ် ၂လက်ယူဆောင်ကာ အလင်းဝင်လာခဲ့ပါသေးတယ်။
0 Shares:
You May Also Like
Read More

စစ်ကောင်စီကို ILO အဖွဲ့ဝင်နိုင်ငံများမှ အမြန်ဆုံးအရေးယူပေးဖို့ တော်လှန်ညီနောင် ၄ ဖွဲ့ တောင်းဆို

အာဏာသိမ်း စစ်ကောင်စီကို  ILO အဖွဲ့ဝင်နိုင်ငံတွေ အရေးယူပေးဖို့ ရန်ကုန်မြို့အခြေစိုက် တော်လှန်ညီနောင် ၄ ဖွဲ့က တောင်းဆိုတိုက်တွန်းလိုက်ပါတယ်။
Read More

ငြိမ်းချမ်းရေးဆွေးနွေးပွဲ တွန်းအားပေးနေသည့် နိုင်ငံတကာအနေဖြင့် စစ်ကောင်စီ၏ သဘောထားအပေါ် လေးနက်စွာ ဆန်းစစ်ကြရန် ယာယီသမ္မတ တိုက်တွန်း၊ မည်သည့်စစ်အုပ်ချုပ်ရေးမျိုးနှင့်မဆို တိုင်းပြည် မဖွံ့ဖြိုး၊ ​မတိုးတက်နိုင် ဆိုသည်ကို စစ်ကောင်စီ နားလည်ရန်လိုဟု ဆို

ငြိမ်းချမ်းရေးဆွေးနွေးပွဲဆီ တွန်းပို့နေတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအပေါ်ထားတဲ့ သဘောထားကို လေးနက်စွာ ဆန်းစစ်သုံးသပ်ဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပြောကြားလိုက်ပါတယ်။
Read More

အာဏာသိမ်းပြီး ၄ နှစ်တာအတွင်း မြန်မာစစ်ခေါင်းဆောင်တွေ မကြုံစဖူး အဆင့်ထိ လူအခွင့်အရေးချိုးဖောက်မှုတွေ တိုးမြင့်ကျူးလွန်လာ…

အာဏာသိမ်းပြီး ၄ နှစ်တာကာလအတွင်း မြန်မာစစ်ခေါင်းဆောင်တွေဟာ မကြုံစဖူး အဆင့်ထိ လူအခွင့်အရေးချိုးဖောက်မှုတွေ တိုးမြင့်ကျူးလွန်လာတယ်လို့ ဂျနီဗာ အခြေစိုက် ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ထုတ်ပြန်ထားပါတယ်။
Read More

ဘိလပ်မြေစျေးတင်ရောင်းတဲ့ ဆိုင် ၆၀ ကို စစ်ကောင်စီက အရေးယူ

ဈေးကွက်အတွင်းမှာ ဘိလပ်မြေဝယ်လိုအား မြင့်တက်နေချိန် ဈေးတင်ရောင်းတဲ့ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်(၆၀)ကျော်ကိုတည် ဆဲဥပဒေတွေနဲ့အညီ အရေးယူသွားမယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
Read More

ဥပုသ်နေ့တွင် ဘုရားနားကို စစ်ကော်မရှင်တပ် ဗုံးကြဲ၊ ပြည်သူ ၂ ဦး သေဆုံးပြီး ၈ ဦးဒဏ်ရာရ

မြန်မာဗုဒ္ဓဘာသာဝင်တွေရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ဥပုသ်နေ့မှာ စစ်ကိုင်းတိုင်းထဲက မြင်းမူမြို့နယ်ကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ တော်လှန်ရေးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

နတ်ရေကန် ဗျူဟာကုန်း ကာကင်းစခန်းတိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် ရဲဘော်၏ စျာပန အမိန့်ပြန်တမ်း CDF-Asho ထုတ်ပြန်

မကွေးတိုင်း၊ ငဖဲမြို့နယ်အနောက်ခြမ်းက နတ်ရေကန် ကာကင်းစခန်းတိုက်ပွဲမှာ တပ်ဖွဲ့ဝင် ၁ ယောက် ကျဆုံးခဲ့ကြောင်း Chin Defense Force (Asho) က အောက်တိုဘာ ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။