မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ တပ်မ (၉၉) လက်အောက်ခံ တပ်ရင်းတွေနဲ့ ထိတွေ့တိုက်ပွဲ ၄ကြိမ်ဖြစ်ပွားရာမှာ အကြမ်းဖက်စစ်သားအလောင်းတွေနဲ့ ခဲယမ်းတွေသိမ်းဆည်းရမိခဲ့ပြီး အရပ်သား ၂ယောက်ကိုပါ ကယ်ထုတ်နိုင်ခဲ့ကြောင်း ကမ္မဒေသတော်လှန်ရေးတပ်ပေါင်းစု တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒီဇင်ဘာလ အစပိုင်းကစလို့ ပခုက္ကူခရိုင်အတွင်း ပခုက္ကူနဲ့ မြိုင်မြို့နယ်အစပ်တွေမှာ အကြမ်းဖက်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ၄ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး စစ်အုပ်စုထိခိုက်မှုတွေ ရှိခဲ့ပါတယ်။

အကြမ်းဖက်စစ်ကြောင်းမှာ မိတ္ထီလာ တပ်မ (၉၉) လက်အောက်ခံ ခမရ(၄၁၇)၊ (၄၁၈)နဲ့ (၄၁၉) တပ်ရင်းတွေပါဝင်ပြီး တော်လှန်ရေးတပ်တွေက ပြောက်ကျားမိုင်းဆွဲတိုက်ခိုက်တာတွေနဲ့ ထိတွေ့တိုက်ပွဲ ၄ကြိမ်အထိ ဖော်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အရပ်သားတွေ ဖမ်းဆီးတင်ဆောင်လာတဲ့ အကြမ်းဖက်စစ်အုပ်စု ဖောကား၁စီးကိုလည်း ညောင်ဂျစ်ပင်ရွာ ပျူစခန်းအနီးမှာ မြိုင်ပကဖနဲ့ ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ကမ္မဒေသတော်လှန်ရေးတပ်ပေါင်းစု တာဝန်ရှိသူက ပြောပါတယ်။
“ညောင်ဂျစ်ပင်ကနေ ကန်တော်ဘက် ထွက်လာတာကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ ထိတွေ့မှုတွေကတော့ ၄ကြိမ်ရှိပါတယ်” လို့ ကမ္မဒေသတော်လှန်ရေးတပ်ပေါင်းစု တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကြောင့် စစ်ကော်မရှင်တပ်သားတွေ အများအပြားထိခိုက်ပြီး ကားပေါ်ပါလာတဲ့ ကမ္မမြို့ခံ အရပ်သား ၂ယောက်ကိုလည်း တော်လှန်ရေးတပ်တွေ ကယ်ထုတ်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် ဒီဇင်ဘာလ ၄ရက် မနေ့ကလည်း အဲ့ဒီ တပ်မ (၉၉) လက်အောက်ခံ စစ်ကြောင်းကို ကန်တော်ရွာအနီးမှာ ထပ်မံမိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ပြီး အကြမ်းဖက်စစ်သား အလောင်း (၁)လောင်းနဲ့ ခဲယမ်းတချို့ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုတွေကို ကမ္မတပ်ပေါင်းစုနဲ့အတူ MAGWAY PDF၊ မြိုင်ပကဖ၊ ပေါက်ပကဖ၊ ဒေသတွင်းတပ်ပေါင်းစုတွေ၊ ပခုက္ကူခရိုင်လိုကယ်တပ်ရင်းတွေနဲ့ ပခုက္ကူခရိုင်စစ်ကြောင်းတွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

ပုံစာ – တော်လှန်ရေးတပ်များ သိမ်းဆည်းရရှိသည့် ခဲယမ်းများနှင့် စစ်သားအလောင်းအား တွေ့ရစဥ်
0 Shares:
You May Also Like
Read More

NUG ၏ လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအထူးတပ်ဖွဲ့(SSTF) ရဲ့ သင်တန်းအပတ်စဉ်(၃) သင်တန်းဆင်းပွဲ…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့ (People's Police)ရဲ့ လက်အောက်ခံတပ်ဖွဲ့တစ်ခုဖြစ်တဲ့ လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအထူးတပ်ဖွဲ့(SSTF) ရဲ့ သင်တန်းအပတ်စဉ်(၃) သင်တန်းဆင်းပွဲကို ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်က လွတ်မြောက်နယ်မြေတစ်ခုမှာ ပြုလုပ်ခဲ့တယ်လို့ SSTF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူတွင် အကြမ်းဖက်စစ်ကြောင်းက စစ်ရှောင်အမျိုးသမီး ၁ ဦးကို ပစ်ခတ်သတ်ဖြတ်… စစ်ကောင်စီစစ်ကြောင်းကြောင့် အရပ်သားသောင်းနှင့်ချီ မိုးရေထဲ စစ်ဘေးရှောင်နေရ…

" အခုထိစစ်ကြောင်းက ပခုက္ကူနယ် ဂျိုးပျံရယ် မန်ကျည်းသုံးပင်ရယ်ကြားမှာပဲ ရှိသေးတယ်။ အများကြီး မရွှေ့သေးဘူး။ မိုင်းတွေခွဲရှင်းနေတယ်လို့လည်း ပြောတယ်။ ရေပြာ နဲ့ ကမ္မကြားက တပ်မကို မဖြတ်ရဲလို့ကြာနေတာ။ အခုလည်း ဒီကောင်တွေ ကမ္မ-ရေပြာလမ်းပိုင်းဘေးဘက်ကိုကို ၅မိုင်လောက်ဖြန့်ယူထားတဲ့သဘောပါ။ " လို့ အညာမြေအရပ်ဖက် လူမှု့အဖွဲ့အစည်း-မြိုင်ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ဆိပ်ဖြူမြို့နယ်အတွင်း ဝါဇီစက်ရုံ (လ.န.စ) နဲ့ စက်ရုံအနီးရှိ စစ်ကောင်စီ စခန်းတွေကို တိုက်ခိုက်

ကျပ်ငွေတန်ဖိုး ကျဆင်းမှုမှာ အဓိက အခန်းကဏ္ဍက  ပါ၀င်ပြီး စစ်ကောင်စီခိုင်းသမျှ ငွေစက္ကူ ထုတ်လုပ်ပေးနေတဲ့ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်းက ဝါဇီ စက်ရုံ (လ.န.စ) နဲ့ စက်ရုံအနီးမှာရှိတဲ့ စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်ခဲ့တယ်လို့ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ထားပါတယ်။
Read More

ခင်ဦးအရှေ့ခြမ်းတွင် ထိတွေ့မှုမရှိဘဲ လူစုလူဝေးရှိရာကို စစ်တပ် ဗုံးကြဲလို့ ဒေသခံ ၉ ဦး သေဆုံး၊ ၁၀ ဦးကျော် ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အရှေ့ခြမ်းမှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုမရှိဘဲ လူစုလူဝေးရှိရာနေရာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးခဲ့ကြောင်း ခင်ဦးမြို့နယ် ပကဖ ထံက သိရပါတယ်။ 
Read More

CDF – KKG တပ်ရင်း (၇) ရဲ့ အပတ်စဉ် (၆) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

Chinland Defense Force - Kalay-Kabaw-Gangaw, CDF - KKG တပ်ရင်း (၇) က လေ့ကျင့်သင်ကြားပေးခဲ့တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၆) သင်တန်းဆင်းပွဲအခမ်းအနားကို ပြီးခဲ့တဲ့ ရက်ပိုင်းက ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဖာပွန်က စစ်ကောင်စီရဲ့ ခေါပုတ်တပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ပြီး လက်နက်ခဲယမ်းတွေပါ ရရှိ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ထဲမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီရဲ့ ခေါပုတ်တပ်စခန်းကို KNLA နဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း အများအပြားရရှိခဲ့ကြောင်း စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။