မန္တလေးမြို့လယ် ဈေးချိုတော်အနီးမှာ မနေ့က ဒေါက်တာတေဇာစန်း၊ ကိုနန်းလင်း (ရန်ကုန်)၊ ကိုခန့်ဝေဖြိုး (စစ်ကိုင်း) တို့အပါအဝင် လူထုသပိတ်ခေါင်းဆောင်များပါဝင်တဲ့ ဆန္ဒပြပွဲတစ်ခု လုပ်ဆောင်ခဲ့ကြပါတယ်။

အမတန်လူစည်ကားတဲ့ မန္တလေးမြို့လယ် ဈေးချိုတော်အနီးမှာ ပြုလုပ်ခဲ့တဲ့ အဆိုပါစစ်အာဏာရှင်ဆန့်ကျင်ရေး၊ အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေးသပိတ်မှာ ဒေါက်တာတေဇာစန်းက “ဒီလူထုလှုပ်ရှားမှုကို အာဏာရူး “မအလ”တို့တွေ ပြင်ဦးလွင်နဲ့ မန္တလေးဘက်ကို ရောက်နေတဲ့ရက်၊ မန္တလေးလယ်မှာ စစ်မိစ္ဆာဘီလူးတွေ သောင်းကျန်းနေတဲ့အချိန်မှာပဲ ပြည်သူလူထုရဲ့ ပါဝင် ကူညီစောင့်ရှောက်မှုနဲ့အတူ ဖော်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

အခုချိန်မှာ ကျနော်တို့အနေနဲ့ ပြည်သူလူထုတရပ်လုံးကို အလေးအနက် တင်ပြအသိပေးလိုတာများကို ဒီလှုပ်ရှားမှုကဆင့် တင်ပြထားပါတယ်ခင်ဗျား။
– အာဏာရှင်စနစ်သည် တပ်မတော်နဲ့ ရဲတပ်ဖွဲ့အပါအဝင် တိုင်းပြည်နှင့် လူထုတရပ်လုံးအတွက် “ဘုံရန်သူ” ဖြစ်။
– အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးသည် တိုင်းပြည်အတွက် “ဘုံရည်မှန်းချက်” ဖြစ်သလို လူထုတရပ်လုံးအတွက် “သမိုင်းပေးတာဝန်” ဖြစ်။

– အာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန်ရတာက “အရင်းအနှီး၊ အထိအခိုက်” တွေ ကြီးမားပါတယ်။ သို့သော် အာဏာရှင်စနစ် အောက်မှာ ခေါင်းငုံ့လည်ဆင်းခံပြီး ဒီစနစ် သက်ဆိုးရှည်သွားရင် တိုင်းပြည်မှာ ဖြစ်လာမယ့် နောက်ဆက်တွဲ ပျက်စီးဆုံးရှုံးမှုက ပိုပြီးတော့ ကြီးမားပါတယ်။

ယခုအချိန် အာဏာရှင်စနစ် တိုက်ဖျက်ရေးဟာ ကျနော်တို့ရဲ့ “သမိုင်းပေး တာဝန်” ဖြစ်ပါတယ်။
– ကျနော်တို့တွေအားလုံး အာဏာရှင်စနစ် တိုက်ဖျက်ရေးအတွက် ရှေ့လျောက်မှာ ပိုပြီးတော့ သန်မာကြမယ်၊ ပိုပြီးတော့ စုစည်းကြမယ်၊ ပိုပြီးတော့ အလုပ်လုပ်ကြမယ်။
– ဒါ့အပြင်၊ လူထုသဘောထားဆန္ဒနဲ့ တောင်းဆိုချက်ကြီး (၃) ရပ်ဖြစ်တဲ့ အောက်ပါအချက်များကို ထပ်လောင်း တင်ပြအပ်ပါတယ်-

အချက် (၁) – အဓမ္မ ဖမ်းဆီးအကျဉ်းကျခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်တို့နဲ့အကွ နိုင်ငံရေးအကျဉ်းသားများအားလုံးကို ချွင်းချက်မရှိ အမြန်ဆုံး လွတ်ပေးရေး။
အချက် (၂) – စစ်အုပ်စုက အခု အတင်းအဓမ္မ ပြင်ဆင်နေတဲ့ “ရွေးကောက်ပွဲ” ဆိုတာဟာ တိုင်းပြည်ရဲ့ လက်ရှိနိုင်ငံရေးပြဿနာအတွက် “ထွက်ပေါက်” မဖြစ်ယုံသာမက “ထောင်ခြောက်” ပဲဖြစ်တယ်။ ဒါ့ကြောင့် ဒီ “အတုအယောင်၊ တရားမဝင် ရွေးကောက်ပွဲ” ကို လူထုတရပ်လုံးက ပြတ်ပြတ်သားသား ဆန့်ကျင်နေကြခြင်း ဖြစ်တယ်။
အချက် (၃) – စစ်အုပ်စုဟာ အဓမ္မစစ်မှုထမ်းဥပဒေကို အတင်းပြုကျင့်ပြီး လူထုတရပ်လုံးကို အမျိုးမျိုး ဖိနှိပ် အနိုင်ကျင့်နေတယ်၊ လူငယ်လူရွယ်များစွာကို သေတွင်းထဲကို ပို့နေတယ်။ ဒီ “အဓမ္မစစ်မှုထမ်း ဥပဒေ” ကို လုံးဝ ဖျက်သိမ်းဖို့ လိုအပ်တယ်။

– အရေးကြီးတဲ့ သတင်းစကားကတော့ လာမယ့် ဒီဇင်ဘာလ (၁၀) ရက်နေ့ (အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့) မှာ တနိုင်ငံလုံး လူထုတရပ်လုံးက “အပြင်မထွက်၊ အသံတိတ်သပိတ်ကြီး” (Silent Strike) ဆင်နွှဲပြီးတော့ ဒီလူထုသဘောထားနဲ့ တောင်းဆိုချက်ကြီး (၃) ရပ်ကို ဖော်ထုတ် တောင်းဆိုကြဖို့ ရှိပါမယ်။ ဒီလူထုတိုက်ပွဲလှုပ်ရှားမှုမှာ ပြည်သူလူထုအားလုံး အတူတကွ ပူးပေါင်း ပါဝင်ဆင်နွှဲကြဖို့ပါ။

– ပြည်သူ့နွေဦးတော်လှန်ရေးကြီးမှာ “ပြည်သူသာ အဓိက” ဖြစ်ပါတယ်။ ပြည်သူအားလုံး တော်လှန်ရေးသမားများ ဖြစ်ကြပါတယ်။ အာဏာရှင်စနစ် အမြန်ဆုံး ချုပ်ငြိမ်းရေးအတွက် “လက်နက်ကိုင်တိုက်ပွဲ” တခုတည်းကိုပဲ လုံးလုံးလျားလျား အားပြုနေလို့ မရပါဘူး။ “လူထုတိုက်ပွဲ၊ လူထုလှုပ်ရှားမှု” များကို အသိ၊ သတိ၊ သတ္တိ၊ ဉာဏ်ပညာနဲ့ယှဉ်ပြီး ဖော်ဆောင်ကြဖို့ အထူး အရေးကြီးပါတယ်ခင်ဗျား” လို့ပြောကြားကာ ပြည်သူလူထုကို တိုက်တွန်းနိုးဆော်ခဲ့ပါတယ်။

ဗီီဒီယို- ဒေါက်တာ‌တေဇာစန်း
0 Shares:
You May Also Like
Read More

မန္တလေးမြို့မှာ ငလျင်ဒဏ်သင့် ၃ ထပ်တိုက်တစ်လုံး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြိုကျ (ရုပ်/သံ)

မန္တလေးမြို့ ၂၆ လမ်း ၈၀x ၈၁ လမ်းမှာ ဧပြီ ၁၅ ရက် မနေ့ညနေပိုင်းက လေပြင်းများတိုက်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ၃ ထပ်တိုက်တစ်လုံး ပြိုကျပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
Read More

ဖားကန့်မြို့ နမ့်မှော်ရွာမှာ နွံကန်ပေါက်ကျပြီး လူနေအိမ်များ နစ်မြုပ် (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဖားကန်မြို့၊ နမ့်မှော်ရွာအနီးမှာ မတ်လ ၂၁ ရက် ဒီနေ့ မနက်ပိုင်းက နွံကန်ပေါက်မှု ဖြစ်ပွားပြီး ကျေးရွာအတွင်း စီးဝင်ကာ လူနေအိမ်တွေ နစ်မြုပ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

စစ်ကိုင်း၊ အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ် တိုက်ခိုက်ခံရမှုအတွင်း စစ်ကောင်စီတပ်သား ၆ ဦး သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်က အကြမ်းဖက်စစ်ကောင်စီရဲ့ အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်ကို ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့မှုအတွင်း စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးပြီး ထိခိုက်ပျက်စီးမှုတချို့ရှိကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့က ဒီကနေ့ညနေမှာ ထုတ်ပြန်ပါတယ်။
Read More

မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းရှိ ကျေးရွာကို ဗုံးလာကြဲတဲ့ စစ်ကော်မရှင်ဂျက်တိုက်လေယာဉ်ကို တော်လှန်ရေးတပ်တွေ ပစ်ခတ်တိုက်ခိုက် ထိခိုက်မှုကြောင့် မြိတ်မြို့သို့ ပြန်လှည့်သွား (ရုပ်/သံ)

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် ‌မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းရှိ သိန်းခွန်းကျေးရွာအနီး ဗုံးလာကြဲတဲ့ ဂျက်တိုက်လေယာဉ်ကို တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိခဲ့တယ်လို့ KNU -မြိတ်ထားဝယ်ခရိုင်၊ ပြည်သူ့ဆက်ဆံရေး နှင့် သတင်းပြန်ကြားရေးဌာနမှ သတင်းထုတ်ပြန်ထားပါတယ်။