အာဏာသိမ်းစစ်တပ်ရဲ့ အတုအ‌ယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့အတွက် မန္တလေးက ထင်ရှားတဲ့ သပိတ်ခေါင်းဆောင် ဒေါက်တာ တေဇာဆန်းနဲ့ လူငယ်တချို့ဟာ မန္တလေးဈေးချိုအနီးမှာ ဆန္ဒပြခဲ့ကြပါတယ်။

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြင်ဦးလွင်ကို ရောက်နေတာကြောင့် မန္တလေးမှာ စစ်တပ်က လုံခြုံရေးတင်းကြပ်ထားချိန် မနေ့က ဒီဇင်ဘာ ၃ရက် မနက်အစောပိုင်းမှာ ဆန္ဒပြခဲ့ကြတာပါ။ ဒေါက်တာ တေဇာဆန်းနဲ့ လူငယ်တချို့ဟာ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအတုကို ဆန့်ကျင်ကြောင်း လက်ကမ်းစာစောင်တွေ ဖြန့်ကြဲကာ ဆန္ဒပြခဲ့ကြပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ အသံတိတ်သပိတ် ပြုလုပ်ကြဖို့လည်း ပြည်သူလူထုကို နှိုးဆော်တိုက်တွန်းခဲ့ပါတယ်။
0 Shares:
You May Also Like
Read More

Suu 80 Birthday Campaign

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့် မွေးနေ့အတွက် Suu 80 Birthday Campaign မှာ  အားလုံးရဲ့ ပါဝင်မှုနဲ့ မွေးနေ့ဆုတောင်းရုပ်သံ ရှစ်သောင်းပြည့်အောင် စုပေးကြဖို့ ကိုဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် Kim Aris (ခေါ်) ကိုထိန်လင်းက တိုက်တွန်းပြောကြားခဲ့ပါတယ်။
Read More

အဆုံးသတ် ရောင်နီကို မျှော်မှန်းရင်း တော်လှန်ခရီးကြမ်း လျှောက်လှမ်းနေသည့် လူငယ်များ (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ-၂၊ အမှတ်-၇၈၀၅တပ်ရင်း အနေနဲ့ အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီကို တိုက်ခိုက်ချေမှုန်းခဲ့တဲ့ စစ်ဆင်ရေး ရုပ်သံမှတ်တမ်းတစ်ခုကို ထုတ်ပြန်ထားပါတယ်။
Read More

မြင်းခြံမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၂ ယောက်သေ၊ ၃ ယောက် ဒဏ်ရာရ (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့နယ် လယ်သစ်ရွာကနေ အင်အားအလုံးအရင်းနဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို တောလမ်းတစ်နေရာမှာ တော်လှန်ရေးပူးပေါင်းတပ်တွေ ကြား ဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Freedom Fighter Guerrilla Force အဖွဲ့ထံက သိရပါတယ်။
Read More

ဘုတလင်မြို့နယ် စိုင်ပြင်လေးကျေးရွာထဲက အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စိုင်ပြင်လေးကျေးရွာအတွင်းမှာရှိတဲ့ အကြမ်းဖက်စစ်သားတွေကို ၄၀ မမ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Monywa Inventor အဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ကျွန်းစုမြို့နယ်အတွင်း အိမ်စီးကားဖြင့်လာသည့် ပျူစောထီးများ တိုက်ခိုက်ခံရပြီး ၅ ဦး သေကာ ၃ ဦး ဖမ်းမိ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်အတွင်း အိမ်စီးကား ၂ စီးနဲ့ လာတဲ့ ပျူစောထီးတွေကို တိုက်ခိုက်ခဲ့ရာ ၅ ယောက် သေဆုံးပြီး ၃ ယောက်ကို အရှင်ဖမ်းဆီးမိကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။