ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသားတစ်ယောက်ရဲ့ ရုပ်အလောင်းကို မနေ့က တွေ့ရှိခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၃ရက် မနက် ၈နာရီလောက်က မှော်စီစာကျေးရွာ A2 ရပ်ကွက်က ကျင်းတူးနေတဲ့နေရာအနီးမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အသက် ၃၅ နှစ်အရွယ် အမျိုးသားရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တာဖြစ်ပြီး သေဆုံးသူဟာ မူးယစ်ဆေးသုံးစွဲသူဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါ ရုပ်အလောင်းကို မိသားစုဝင်တွေ လာရောက်ဆက်သွယ် သယ်ဆောင်တာမျိုး မရှိတဲ့အတွက် ပိုင်ရှင်မဲ့အလောင်းအဖြစ် သတ်မှတ်ပြီး နယ်မြေခံ ကူညီရေးအသင်းတွေက သင်္ဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။

“မူးယစ်ဆေးသမားတွေက နယ်ခံတွေကနေ အိမ်ခြေရာမဲ့ ဖြစ်သွားတာလည်း ရှိသလို အမျိုးမျိုးပါပဲ။ အခု သေတဲ့သူကလည်း မူးယစ်ဆေးသမားပါ။ ဘယ်အဖွဲ့က ပစ်သွားတာလဲတော့ မသိရဘူး။ ပိုင်ရှင်မဲ့ အလောင်းလို့ပဲ ပြောလို့ရမယ်” လို့ ဖားကန့်နယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

ဖားကန့်မြို့နယ်ထဲမှာ အခုလို သေနတ်ဒဏ်ရာနဲ့ သေဆုံးအလောင်းတွေ တွေ့တဲ့ဖြစ်စဥ်မျိုး မကြာခဏ ဖြစ်ပွားနေပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်နေလဲဆိုတာ အတိအကျ မသိရပေမယ့် သေဆုံးသူ အများစုဟာ မူးယစ်ဆေး သုံးစွဲသူတွေ ဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်နေ့တုန်းကလည်း ဖားကန့်မြို့နယ် လုံးခင်းကျေးရွာနဲ့ မှော်စီစာကျေးရွာအစပ် ပေါ်ဦးလက်ဖက်ရည်ဆိုင်အနီးမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသား ၂ယောက်ရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ပါသေးတယ်။
0 Shares:
You May Also Like
Read More

ကျိုက်မရော ကဒါကျေးရွာနဲ့ တောင်ကလေးကျေးရွာက ရဲစခန်းကို ဒရုန်းနဲ့တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၆ ယောက် သေ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်က ကဒါကျေးရွာနဲ့ တောင်ကလေးကျေးရွာက ရဲစခန်းတွေကို ဒရုန်းနဲ့ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၆ ယောက် သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD) က ထုတ်ပြန်လာပါတယ်။ 
Read More

သတ်မှတ်ချက်နှင့် ကိုက်ညီသည့် စစ်သုံ့ပန်းများ၏ မိသားစုဝင် ၁၀၀ ကျော်နှင့် အကျဉ်းသားအချို့ကို AA ပြန်လွှတ်ပေး

အာရက္ခတပ်တော် AA က ဖမ်းဆီးရရှိထားတဲ့ စစ်သုံ့ပန်းတွေရဲ့ မိသားစုဝင် ၁၀၀ ကျော်နဲ့ သာမန်အကျဉ်းသား ၂၀ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။  
Read More

(၇၆) နှစ် မြောက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နေ့ (KNLA day) ဂုဏ်ပြုပွဲ အခမ်းအနား… (ဓာတ်ပုံသတင်း)

ကရင်အမျိုးသားအစည်းအရုံး (မြိတ်-ထားခရိုင်) တပ်မဟာ (၄) ဌာနချုပ်ဟောင်း‌ မယ်သမီခီး(ထီးခီး) မှာ ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင် တပ်မဟာ (၄) ခေါင်းဆောင်တွေ ဦးဆောင်ပြီး ဇူလိုင်လ (၅)ရက် ဒီနေ့မှာ ကျရောက်တဲ့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်နေ့ (K.N.L.A) day ဂုဏ်ပြုပွဲအခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

အမေရိကန်ရောက် မြန်မာများ ပြန်လာပြီး မဲပေးရန် ဇော်မင်းထွန်း ပြော

အမေရိကန်နိုင်ငံအစိုးရရဲ့ မြန်မာနိုင်ငံသားတွေ‌‌ကိုပေးထားတဲ့ ယာယီခိုလှုံခွင့် (TPS) ရပ်ဆိုင်းလိုက်တာနဲ့ ပတ်သက်ပြီး စိုးရိမ်စရာမလိုဘဲ မြန်မာနိုင်ငံပြန်လာပြီးတော့ မဲပေးနိုင်တယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဒီနေ့ ပြောဆိုလိုက်ပါတယ်။
Read More

သဲကုန်းမြို့နယ်၊ ပန်းပင်ကုန်းရွာမှ နေအိမ်များကို မီးရှို့ပြီးပြန်လာသည့် စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်၊ ၂ ဦးသေပြီး ၂ ဦးဒဏ်ရာရ…

ပဲခူးတိုင်း၊ သဲကုန်းမြို့ ၊ ပန်းပင်ကုန်းကျေးရွာ ၊ အောင်စည်သာကွက်သစ်က နေအိမ်တွေကို မီးရှို့ပြီးပြန်လာတဲ့ စစ်ကော်မရှင်တပ်သားတွေ မိုင်းဆွဲခံရတာကြောင့် ထိခိုက်သေဆုံးသူတွေ ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၆၀၁တပ်ရင်း စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow ဆီက သိရပါတယ် ။
Read More

မင်္ဂလာဒုံမှာ ပြည်သူတွေကို ဖမ်းဆီးငွေညှစ်နေတဲ့ ရွှေနံ့သာရပ်ကွက်ရုံး မိုင်းခွဲတိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်က ရွှေနံ့သာရပ်ကွက်ရုံးကို အဝေးထိန်းမိုင်းတွေအသုံးပြုပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြို့ပြကြွက် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။