လာမယ့်အတုအယောင် ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးမယ်ဆိုရင် စစ်တပ်နဲ့ သဟဇာတဖြစ်တဲ့သူကို မဲပေးဖို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မကြာသေးခင်က ပြောဆိုခဲ့သလို စစ်တပ်လက်ပါးစေ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ခင်ရီကလည်း အစိုးရသစ်ဟာ စစ်တပ်နဲ့ လက်မတွဲနိုင်ရင် ပြုတ်ကျလိမ့်မယ်လို့ ပြောလိုက်ပါတယ်။

ပုသိမ်မြို့က ပြည်သူလူထုနဲ့ တွေ့ဆုံစဥ် ခင်ရီက အခုလို ပြောဆိုခဲ့တာဖြစ်ပြီး အသဲကြားက မဲတစ်ပြားဆိုတာ ခံစားချက်ပါနိုင်ပြီး အမှားရှိနိုင်တာကြောင့် ဦးနှောက်နဲ့ စဥ်းစားပြီးလာတဲ့ မဲတစ်ပြားကို ပိုတန်ဖိုးထားကြောင်း ပြောခဲ့ပါသေးတယ်။ အဲလို စဥ်းစားတဲ့နေရာမှာ အာဏာသိမ်းစစ်တပ်နဲ့ လက်တွဲဆောင်ရွက်နိုင်မှုကို စံထားရွေးရမယ်လို့ ဆိုပါတယ်။

“နံပါတ် (၁) ကျနော်တို့နိုင်ငံမှာ အကြမ်းဖက်သောင်းကျန်းသူက တော်တော်များသားဗျ။ အစိုးရသစ်သည် တပ်မတော်နဲ့ ကျောချင်းကပ် ရင်ချင်းအပ် မဆောင်ရွက်နိုင်ဘူးဆိုရင် သေချာတယ်၊ ဒီအစိုးရ နောက်နေ့ ပြုတ်ကျသွားမှာ။ ဒါကို စံထားပြီး ရွေးရမယ်” ခင်ရီက ပြောခဲ့ပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို ပြည်သူတရပ်လုံးနဲ့ နိုင်ငံတကာက အတုအယောင်အဖြစ် သတ်မှတ်ထားပေမယ့် ခင်ရီကတော့ ဒါဟာ ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲတွေလို သာမန်မဟုတ်ဘဲ တိုင်းပြည်ရဲ့ ကောင်းမွန်တဲ့ အလှည့်အပြောင်း အရွေ့တစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။

“ဒီတစ်ခါလုပ်မယ့် ရွေးကောက်ပွဲသည် အများသူငါ သက်သေ သက်ကာယရှေ့မှာလုပ်တာမျိုးဖြစ်တယ်။ ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ဟာမျိုးဖြစ်တယ်။ ဒါကြောင့် ထွက်လာတဲ့ ရလဒ်သည် တရားဝင်မှုရှိတဲ့ ရွေးကောက်ပွဲဖြစ်တယ်လို့ ပြောချင်တယ်။ ဒီရွေးကောက်ပွဲသည် ကောင်းခြင်းတရားတွေ အများအပြား သယ်ဆောင်လာတဲ့ ရွေးကောက်ပွဲဖြစ်တဲ့အတွက်ကြောင့် ချုပ်ပြောရရင် အရေးကြီးတယ်။ ရွေးကောက်ပွဲကို ဖြစ်မြောက်အောင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရမယ်” လို့ ကြံ့ခိုင်ရေး ဥက္ကဌ ခင်ရီက ပြောခဲ့ပါတယ်။
0 Shares:
You May Also Like
Read More

သာကေတရဲစခန်း ဖောက်ခွဲတိုက်ခိုက်ခံရပြီး ရဲ ၃ ဦး ဒဏ်ရာရ၊ ၁ ဦး ဒဏ်ရာ ပြင်းထန်

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်က အကြမ်းဖက်စစ်အုပ်စုရဲ့ သာကေတနယ်မြေ ရဲစခန်းကို သွားရောက်ဖောက်ခွဲတိုက်ခိုက်မှုမှာ စခန်းအတွင်းရှိနေတဲ့ ရဲ ၁ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ပြကြွက်ကွန်ယက် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဘုတလင်တွင် ကာကွယ်ရေးတပ်ဖွဲ့၏ ဂိတ်စခန်းကို စစ်တပ် လေကြောင်းပစ်ခတ်ရာ အနီးနားရှိ ‌ဈေးသည်အမျိုးသမီး သေဆုံး

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဂိတ်စခန်းတစ်ခုကို အကြမ်းဖက်စစ်တပ်က ဂျိုင်ရိုကော်မတာ ၃စီးနဲ့ လာရောက်ပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့ထံက သိရပါတယ်။ 
Read More

မြန်မာနိုင်ငံတွင်း လူငယ်များကို စစ်တမ်းကောက်ယူရာ ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောက်ခံယုံကြည်မှု အမြင့်ဆုံးဟုဆို

အကြမ်းဖက်စစ်တပ် အာဏာသိမ်းထားတဲ့မြန်မာနိုင်ငံမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လူငယ်ထုရဲ့ ယုံကြည်ထောက်ခံမှု ၆၇ ရာခိုင်နှုန်းအထိ အမြင့်ဆုံးရရှိထားတယ်လို့ အရပ်ဘက်သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Blue Shirt Initiative (BSI) က ထုတ်ပြန်ထားပါတယ်။
Read More

ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ခရီးသည်တင်ယာဥ် တိမ်းမှောက်လို့ ၂ ယောက်သေဆုံးပြီး ၁၂ ယောက် ဒဏ်ရာရ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၅၄/၀) မှာ ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်ပြီး ယာဥ်ပေါ်ပါ ခရီးသည် ၂ ယောက် သေဆုံးကာ ၁၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ဘန်ကောက်တွင် မြန်မာအချင်းချင်း ဘတ် ၁၀ သန်း ဖောက်ထွင်းခိုးယူမှု ဖြစ်ပွား

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်နေ့က မြန်မာအချင်းချင်း ဘတ်ငွေ ၁၀ သန်း ဖောက်ထွင်းခိုးယူမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

ဝက်လက်တွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ၆ လသား ကလေးငယ် အပါအဝင် ၄ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စဉ့်ကိုင် (မြောက်) ရွာကို တိုက်ပွဲဖြစ်ပွါးနေခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လသားအရွယ်ကလေး ၁ ယောက် အပါအဝင် ပြည်သူ ၄ ယောက် သေဆုံးခဲ့ပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။