အာဏာသိမ်း အကြမ်းဖက်စစ်တပ်ဟာ အရပ်သားပြည်သူတွေအပေါ် လူ့အခွင့်အ‌ရေးချိုးဖောက်မှု ဖြစ်စဥ်ပေါင်း ၂၂၆၇၅ ခု ရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ စာရင်းအချက်အလက်တွေအရ သိရပါတယ်။

ဒီထဲမှာ အများဆုံး ကျူးလွန်ချိုးဖောက်ခံရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အမျိုးအစားက တရားလက်လွှတ် သတ်ဖြတ်ခံရမှုဖြစ်ပြီး အဆိုပါဖြစ်စဥ်ပေါင်း ၅၂၃၀ မှု ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်စဥ် အများဆုံးဟာ စစ်ကိုင်းတိုင်းမှာ တွေ့ရှိရတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုက အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုပေါင်း ၄၇၅ မှု ကျူးလွန်ခဲ့ရာ လူပေါင်း ၄၉၆၅ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အစုလိုက်အပြုံလိုက် အသတ်ခံရမှုတွေထဲမှာ အသက် ၁၈ နှစ်အောက် ကလေးသူငယ် ၅၆၁ ယောက် ပါဝင်ပြီး အမျိုးသမီး ၈၈၂ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်ရှိ ကျေးရွာတချို့ကို ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း အကြမ်းဖက်စစ်တပ် မီးရှို့ဖျက်ဆီးခဲ့စဥ်

အကြမ်းဖက်စစ်ကော်မရှင်ဟာ မတရားစစ်မှုထမ်းဥပဒေအရရော၊ တရားလက်လွတ် ပေါ်တာဆွဲမှုတွေပါ လုပ်ဆောင်နေရာ ဒီနေ့အချိန်အထိ အတင်းအဓမ္မ စစ်သားစုဆောင်းခံရမှုဖြစ်စဥ်ပေါင်း ၁၆၇၈ ခု ရှိခဲ့ပြီး စုဆောင်းခံရသူ အရေအတွက်ဟာ ၃၁၀၈၆ ယောက် ရှိနေပြီဖြစ်သလို အများဆုံး တပ်သားစု‌ဆောင်းခံရတဲ့ နေရာဒေသက မန္တလေးတိုင်း၊ ဒုတိယက ရခိုင်ပြည်နယ် ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်ဟာ အာဏာသိမ်းဖို့ စတင်ကြိုးပမ်းချိန်ကနေ ဒီနေ့အချိန်အထိ အရပ်သားပြည်သူတွေအပေါ် ရာဇဝတ်မှုကျူးလွန်ခဲ့မှု ကိန်းဂဏန်းတွေဟာ ရပ်တန့်ခြင်းမရှိဘဲ ဆက်တိုက်တိုးလာနေတယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ဆိုပါတယ်။

 

0 Shares:
You May Also Like
Read More

အရာတော်ရှိ ပျူစောထီး ကင်း၂ခုကို တော်လှန်ရေးတပ်များစီးနင်းတိုက်ခိုက်၊ ပျူစောထီး ၁ ဦးသေပြီး ထောင်ထားသည့် မိုင်းများ သိမ်းဆည်းရမိ…

"ငွေတွင်းပျူရွာမှာက တပ်စည်းနှစ်စည်းရှိပါတယ်။ အဲ့စည်းတွေကိုကျော်ပြီး ကင်းတွေနဲ့ မီတာ ၁၀၀အထိ ကပ်ပစ်ခဲ့ပါတယ်။ ဒီနေ့လဲငွေတွင်းရွာပြင်မှာ မီးတွေရှို့တာတွေ့တယ်။ ထိထားတဲ့ကောင်တွေကို သဂြိုလ်နေတာဖြစ်နိုင်ပါတယ်။ ငွေတွင်းပျူရွာကို ကျနော်တို့ ပိတ်ဆို့ထားတာ ၅လ၊ ၆လလောက်ရှိပါပြီ။ ၁၅ရက်တစ်ခါလောက်ထိတွေ့မှုဖြစ်ပါတယ်။ အဲ့ရွာက အရပ်သားတွေအကုန်ထွက်ကုန်ပြီ။ လက်နက်ကိုင်ပျူတွေပဲရှိပါတော့တယ်။" လို့ Ngwe Dwin Revolution Force သတင်းတာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

အင်းတော်မြို့ကို တော်လှန်ရေးတပ်တွေ အပြီးသတ် သိမ်းပိုက်

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ အင်းတော်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ထိုးစစ်ဆင်မှု ၈ လနီးပါး ကြာမြင့်ပြီးနောက် ဧပြီလ ၇ ရက် မနေ့ က ညပိုင်းမှာ အပြီးသတ် သိမ်းပိုက်နိုင်လိုက်ပြီလို့ ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ဖာပွန် ခရိုင် ပ.က.ဖ UAV ဌာနက တပ်တွင်း ဒရုန်း ဆင့်ပွားသင်တန်း ပို့ချနေ…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဖာပွန်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဖာပွန် ပ က ဖ ၊ UAV Department , Research & Development Team သည် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ လုပ်ငန်းညှိနှိုင်းကော်မတီရဲ့ လမ်းညွှန်ကြီးကြပ်မှုတို့နဲ့ တိုးချဲ့ဖွဲ့စည်းထားတဲ့ UAV ဌာနက ရဲဘော်တွေကို ဒရုန်းသင်တန်း အပတ်စဥ် ၁ အဖြစ် ဆင့်ပွားသင်တန်း ပြန်လည်ပို့ချခဲ့တယ်လို့ သိရပါတယ်။
Read More

ဟန်ပြအပစ်ခတ်ရပ်ထားသည့် စစ်ကောင်စီ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်၏ ဌာနချုပ်ဧရိယာကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်

အပစ်ရပ်ကြေညာထားတဲ့ စစ်ကောင်စီဟာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)ရဲ့ ဌာနချုပ်ဧရိယာကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် - PNLO က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်ရောက် CDM စစ်သား၊ရဲများကို စစ်ဥပဒေဆိုင်ရာ ပညာရပ်များ ဆွေးနွေးပို့ချ

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်ရောက် CDM စစ်သား၊ရဲများကို လူအခွင့်အရေး၊ တရား မျှတမှု၊ စစ်ဥပဒေဆိုင်ရာ ပညာရပ်များကို ဆွေးနွေးခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

အထက်မင်းလှ ပကဖရဲ့ အခြေခံစစ်ပညာ အပတ်စဥ် ၅ သင်တန်းမှာ စစ်မှုထမ်းရှောင်လူငယ်တွေ ပိုမိုပါဝင်လာ

မကွေးတိုင်း၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်အခြေစိုက် အထက်မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ အပတ်စဥ် ၅ စစ်သင်တန်းမှာ မင်းလှမြို့နယ်အပါအဝင် ထိစပ်နေတဲ့မြို့နယ်တွေက လူငယ်တွေ ပိုမိုပါဝင်လာတယ်လို့ အဖွဲ့ တာဝန်ရှိသူ ကိုရန်ကြီးအောင်က မောင်းကိုပြောပါတယ်။