စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ကောင်စီ  စစ်ကြောင်းတစ်ခုလုံးကို တိုက်ခိုက်နိုင်ခဲ့တဲ့ရဲဘော်တွေကို ဂုဏ်ပြုဆုငွေချီးမြှင့်ပေးခဲ့တယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း ၃၅ က ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။

စက်တင်ဘာလ ၃၀ ရက်နေ့က ဘုတလင်မြို့နယ်၊ ကူတော်ရဲစခန်းကို စစ်ကူသွားရောက်ပြီး ဘုတလင်မြို့ကို ပြန်လာတဲ့ စစ်တပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကြားဖြတ်ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းတစ်ကြောင်းလုံး ချေမှုန်းနိုင်ခဲ့ပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်း ရရှိခဲ့တာဖြစ်ပါတယ်။

ဒါကြောင့်တိုက်ပွဲက ပြန်လာတဲ့ အောင်ပွဲရ ရဲဘော်တွေကို  ယင်းမာပင်ခရိုင် တပ်ရင်း၊ နောက်ချန်ရဲဘော်များက အလေးပြုကြိုဆိုခဲ့ပြီး တပ်ရင်းမှူးက ဂုဏ်ပြုဆုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်း-မြန်မာနယ်စပ် ဖမ်းဆီးမိထားတဲ့ မူးယစ်ဆေးဝါး ၆ သိန်းကျော်ကို KNU မီးရှို့ဖျက်ဆီး (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဖားအံခရိုင်အတွင်း ဖမ်းဆီးမိထားတဲ့ မူးယစ်ဆေးဝါး ၆ သိန်းကျော် ထိုင်းဘတ် ၃၀၅၉ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KNU-Hpa-An Districtမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြင်းခြံမြို့နယ်အတွင်း ဆက်ကြေးကောက်နေသည့် စစ်သားများကို တိုက်ခိုက်မှု ၇ ဦး သေပြီး သေနတ် ၇ လက်နှင့် ဆက်စပ်ပစ္စည်းများ ရရှိ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်း ခရီးသွားပြည်သူတွေထံ ဆက်ကြေးကောက်နေတဲ့ အကြမ်း ဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၇ ယောက် သေဆုံးပြီး သေနတ် ၇ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ ရွှေခြံသားပြောက်ကျားတပ်ဖွဲ့ မြင်းခြံမြို့နယ်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

လန်ဒန်မြို့ တရုတ်သံရုံးရှေ့တွင် ​မြန်မာအတုအယောင်ရွေးကောက်ပွဲအသိမပြုရန် တရုတ်ဘာသာစကားဖြင့် ဆန္ဒထုတ်ဖော် (ရုပ်/သံ)

လန်ဒန်မြို့ တရုတ်သံရုံးရှေ့မှာ စစ်ကော်မရှင်က ပြုလုပ်နေတဲ့ အတုအယောင်ရွေးကောက်ပွဲကို တရုတ်အစိုးရအနေနဲ့ အသိအမှတ်မပြုဖို့ လန်ဒန်ရောက် မြန်မာနိုင်ငံသားတွေကဆန္ဒထုတ်ဖော်ခဲ့တယ်လို့ သိရပါတယ်။ 
Read More

လက်ပံတန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်သားများ တိုက်ခိုက်ခံရပြီး စစ်ကြောင်းပျက်၊ ၁၅ ဦးသေပြီး ၁၂ ဦးဖမ်းမိ (ရုပ်/သံ)

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးမီးရှို့ဖို့လာတဲ့ စစ်ကော်မရှင် တပ်သားတွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး ၁၅ ယောက်ထက်မနည်းသေဆုံးပြီး ၁၂ ယောက်ဖမ်းဆီးမိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနနဲ့ အမှတ်(၂) စစ်ဆင်ရေးနယ်မြေက ထုတ်ပြန်ပါတယ်။
Read More

ကျားမ တန်းတူရေး အလေးပေးသည့် ပြည်နယ်တပ်အဖြစ် တည်ဆောက်မည်ဟု KNDF အသိပေး (ရုပ်/သံ)

ခွဲခြားဖိနှိပ်မှုကင်းစင်သလို ဖိနှိပ်မှုမှန်သမျှကိုလည်း တိုက်ဖျက်ကာ Gender (ကျား၊မ) တန်းတူရေးကို အလေးပေးတဲ့ ပြည်နယ်တပ်အဖြစ် တည်ဆောက်သွားမယ်လို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF က ကတိပေး ပြောကြားလိုက်ပါတယ်။
Read More

မုံရွာ-မန္တလေး လမ်းမကြီးအတိုင်းလာသည့် စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲ၊ ဒရုန်းဗုံးသီးချကာ RPG ဖြင့် ထု (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမကြီးအတိုင်းလာတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို မိုင်းဆွဲပြီး ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ အများအပြား ထိခိုက်ဒဏ်ရာရရှိသွား တယ်လို့ လျှပ်စီးတပ်ခွဲ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း၊ တပ်ခွဲ-၃ထံက သိရပါတယ်။