ထိုင်းနိုင်ငံ၊  ရတ်ချာဘူရီ Pak Tho ခရိုင်မှာ တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို တင်ဆောင်လာတဲ့ ကားတစ်စီး မတော်တဆ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ မြန်မာလုပ်သား ၉ ယောက် သေဆုံးခဲ့ကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ဒီဇင်ဘာလ ၃ရက် ဒီမနက်မှာ ရတ်ချာဘူရီခရိုင်၊ နောင်ကရထုမ့်ကျေးရွာအုပ်စုနားမှာ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အဆိုပါ မော်တော်ယာဉ်ဟာ SUV ကားအမျိုးအစားဖြစ်ပြီး ကားဝန်နဲ့ မမျှတဲ့ မြန်မာလုပ်သား ၁၅ယောက်ကို တင်ဆောင်လာတာကြောင့် ကားဘီးပေါက်ပြီး တိမ်းမှောက်မှု ဖြစ်ခဲ့တာလို့ သိရပါတယ်။ ကားဟာ လမ်းဘေး ဆည်မြောင်းထဲ ထိုးကျသွားပြီး မြန်မာလုပ်သား ၉ယောက် သေဆုံးခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသူ ၉ယောက်ဟာ အမျိုးသား ၈ယောက်၊ အမျိုးသမီး ၁ယောက်ဖြစ်ပြီး ယာဉ်မောင်းနဲ့ အသက်ရှင် ကျန်ရစ်သူ ၆ယောက်ကတော့ အခင်းဖြစ်ပွားရာနေရာကနေ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ထွက်ပြေးသွားသူတွေကို ဥပဒေအရ အရေးယူနိုင်ဖို့ ထိုင်းရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေတယ်လို့ ထိုင်းသတင်းတွေက ဖော်ပြထားပါတယ်။

(ဓာတ်ပုံ พลพล สิงห์สุภาพ/ ThaiEnquirer)

0 Shares:
You May Also Like
Read More

အာဏာသိမ်းစစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်း စာထုတ်ပေးရန် ဂျပန်နိုင်ငံထံ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တောင်းဆို

အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ရှင်းရှင်းလင်းလင်းအသိအမှတ်မပြုဘူးဆိုတဲ့အကြောင်း စာထုတ်ပေးဖို့အတွက် ဂျပန်နိုင်ငံထံ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က တောင်းဆိုလိုက်ပါတယ်။
Read More

ဘိုကလေးမြို့ကနေ ဝါးဖောင်နဲ့အတူ မျောသွားတဲ့ ရေလုပ်သား ၄ ယောက်ကို အိန္ဒိယ ကမ်းစောင့်တပ် ကယ်တင်ခဲ့…

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့ကနေ ဝါးဖောင်နဲ့အတူမျောပါသွားတဲ့ ရေလုပ်သား ၄ ယောက် အိန္ဒိယနိုင်ငံ ကမ်းရိုးတန်းစောင့်တပ်က ဒီဇင်ဘာလ ၆ ရက် မနေ့က ကယ်ဆယ်ကူညီထားတယ်လို့ The Hindu သတင်းက ဒီဇင်ဘာလ ၇ ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

ဘုံသဘောတူညီချက် ၅ ရပ်ထဲမှာပဲ ပိတ်မိမနေဖို့နဲ့ စစ်ကောင်စီကို နေရာပေး ဆက်ဆံမှုတွေ ရပ်ဖို့ အရပ်ဘက်အဖွဲ့ ၂၆၀ ကျော်က အာဆီယံကို တိုက်တွန်းတောင်းဆို

အာဆီယံအနေနဲ့ ဘုံသဘောတူညီချက်တွေကို ကျော်လွန်လုပ်ဆောင်ကာ စစ်ကောင်စီနဲ့  ထိတွေ့ဆက်ဆံနေမှုကို အမြန်ဆုံး ရပ်တန့်ဖို့  အရပ်ဘက်အဖွဲ့အစည်း ၂၆၀ ကျော်က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

ရှမ်းမြောက်နဲ့ ရခိုင်မှာ နယ်မြေတွေ လက်လွှတ်ဆုံးရှုံးထားရတဲ့ စစ်ကောင်စီက မူဆယ်-မန္တလေး-ကျောက်ဖြူ ရထားလမ်းသစ် စီမံကိန်းကို စတင်နိုင်မယ်လို့ တရုတ်ကို ကတိပေးပြန်

နယ်မြေဒေသ မငြိမ်သက်ဘဲ တိုက်ပွဲတွေပြင်းထန်နေတဲ့ နေရာမှာ ဖောက်လုပ်မယ့် မူဆယ်-မန္တလေး-ကျောက်ဖြူ ရထားလမ်းသစ်  စီမံကိန်းကို စတင်နိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြောကြားလိုက်ပါတယ်။
Read More

လေးကေ့ကော်တိုက်ပွဲမှ စစ်တပ်၏ လက်နက်ကြီးကျည် ထိုင်းဘက် ကျရောက်ပေါက်ကွဲပြီးနောက် ထိုင်းစစ်တပ် လုံခြုံရေးတိုးမြှင့်ထား

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ လေးကေ့ကော်တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ထိုင်းနိုင်ငံအတွင်း ကျရောက်ပေါက်ကွဲပြီးနောက် ထိုင်းစစ်တပ်က နယ်စပ်တလျှောက် လုံခြုံရေးတိုးမြှင့်ထားတယ်လို့ ထိုင်းသတင်းဌာနတွေနဲ့ နယ်စပ်သတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

မဲပေးသူ အင်မတန်နည်းကြောင်း နိုင်ငံတကာ ပြောဆိုနေကြချိန် စစ်တပ်၏ ရွေးကောက်ပွဲအတု အောင်မြင်သည်ဟု တရုတ် ပြော

ကျင်းပပြီးစီးခဲ့တဲ့ အာဏာသိမ်းစစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲ အပိုင်း (၁) ဟာ မဲပေးသူ အရေအတွက် အင်မတန် နည်းပါးပြီး မဲစာရင်းမှားတယ်လို့ စစ်တပ် စွပ်စွဲတဲ့ ၂၀၂၀ ရွေးကောက်ပွဲ မဲပေးမှုနှုန်းနဲ့ အဆမတန် ကွာခြားကြောင်း နိုင်ငံတကာမီဒီယာတွေက ပြောဆိုနေကြချိန် တရုတ်ကတော့ စစ်တပ် ရွေးကောက်ပွဲ အောင်မြင်စွာ ပြီးစီးခဲ့တယ်လို့ ပြောပါတယ်။