မွန်ပြည်တော်လှန်ရေးတပ် (MSRF) က ဦးစီးဆောင်ရွက်တဲ့ အပတ်စဉ် (၃) အခြေခံစစ်သင်တန်းဆင်းပွဲ အခမ်းအနားကို ပြီးခဲ့တဲ့ နိုဝင်ဘာလ (၃၀) ရက်နေ့က MSRF တပ်ရင်းဌာနမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 

မွန်ပြည်တော်လှန်ရေးတပ်ရဲ့ အပတ်စဥ် (၃) အခြေခံစစ်သင်တန်းဟာ MSRF နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် နည်းဗျူဟာ (၃၃) က တပ်သားသစ်တွေ၊ ရေးပြည်သူ့ကာကွယ်ရေးတပ်(YPDF) နဲ့ မွန်ပြည်ကာကွယ်ရေးတပ် (MSDF) က တပ်သားသစ်တွေကို ၂ လကျော်ကြာ လေ့ကျင့်သင်ကြားပို့ချပေးခဲ့တဲ့ ညီနောင်တပ်ဖွဲ့ရဲ့ ပထမဆုံးသော အခြေခံ စစ်သင်တန်းဆင်းပွဲ ဖြစ်တယ်လို့ MSRF က ထုတ်ပြန်ထားပါတယ်။ 

ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ နည်းဗျူဟာ (၃၃) နဲ့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့ဟာ ၂၀၂၃ ဇူလိုင်လကစပြီး စကခ (၁၉) ဒရုန်းစစ်ဆင်ရေးကစလို့ မဟာမိတ်အဖြစ် လက်တွဲတိုက်ပွဲဝင်ခဲ့ပြီး မဟာမိတ်ကာလ ၂ နှစ်ကျော် ၂၀၂၅ ဩဂုတ်လ (၂၇) ရက်နေ့မှာ ညီနောင်တပ်ဖွဲ့တွေအဖြစ် ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

မွန်ပြည်တော်လှန်ရေးတပ်ရဲ့ အပတ်စဥ် (၃) အခြေခံစစ်သင်တန်း- ညီနောင်တပ်ဖွဲ့ရဲ့ အပတ်စဥ် (၁) အခြေခံစစ်သင်တန်းဆင်းပွဲ အခမ်းအနားကို မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဒုတိယကာကွယ်ရေးဝန်ကြီး နိုင်ကောင်းရွတ် တို့က သဝဏ်လွှာတွေ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ 

အခမ်းအနားမှာ မွန်ပြည်ဖက်ဒရယ်ကောင်စီ အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ နိုင်ကသုမွန်၊ မွန်ပြည်တော်လှန်ရေးတပ် တပ်ရင်းမှူး ဗိုလ်မှူးကြီး နိုင်ဒရာဂွန်၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် နည်းဗျူဟာ (၃၃)- ဗျူဟာမှူး စောဒါးကိုနဲ့ ရာမညမွန်တပ်တော် (RMA) ဗိုလ်မှူးကြီး နိုင်စိုးဝင်း တို့က မိန့်ခွန်းပြောကြားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဆိုပါ အခြေခံစစ်သင်တန်းဆင်းပွဲ အခမ်းအနားကို ညီနောင်တပ်ဖွဲ့တွေဖြစ်တဲ့ မွန်ပြည်တော်လှန်ရေးတပ်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် နည်းဗျူဟာ (၃၃) အောက်ရှိတပ်ရင်းတွေနဲ့ မွန်ပြည်ကာကွယ်ရေးတပ် (MSDF) တို့အပြင် KNLA တပ်ရင်း (၂၇)၊ ရာမညမွန်တပ်တော် အမှတ် ၁၈၁၅ မော်လီကျူး ဒရုန်းတပ်ရင်းတို့က တာဝန်ရှိသူတွေ၊ ရဲဘော်တွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကလေးငယ်များအပါအဝင် အရပ်သား ၂၂ ဦး သေဆုံးခဲ့သည့် ဒီပဲယင်းမြို့နယ် စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှု စစ်ကောင်စီက ဆင့်ပွားပေါက်ကွဲသည့် ဗုံးများ အသုံးပြုခဲ့…

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းရွာရှိ စာသင်ကျောင်းကို အကြမ်းဖက်စစ်အုပ်စုက ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ရာ အရပ်သား ၂၂ ဦး သေဆုံးပြီး စစ်ကောင်စီက ဆင့်ပွားပေါက်ကွဲတဲ့ ဗုံးတွေ အသုံးပြုခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

PJ ကိုင်ဆောင်ထားသူများကို အလုပ်သမားဝန်ကြီးဌာနရဲ့ ခွင့်ပြုချက် မရပါကပြည်ပထွက်ခွင့် စတင်ရပ်ဆိုင်း

အလုပ်အကိုင်ပတ်စ်ပို့ (Passport for Job - PJ) သမားတွေအနေနဲ့ အလုပ်သမားဝန်ကြီးဌာနရဲ့ ခွင့်ပြုချက် မရဘဲ ပြည်ပထွက်ခွင့် ရပ်ဆိုင်းလိုက်တယ်လို့  ပြည်ပအလုပ်အကိုင် အေဂျင်စီလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။
Read More

တပ်ပြောင်းတပ်လွှဲလုပ်ပြီး ပြန်လာသည့် စစ်ကားများ သရက်-မင်းတုန်းလမ်းပိုင်းတွင် ခြုံခိုတိုက်ခိုက်ခံရ၊ စစ်သား ၂ ဦးသေပြီး ဗိုလ်နှင့် ဒုတပ်ကြပ်အပါ ၇ ဦးဒဏ်ရာရ…

"မနက် အ‌စောပိုင်းမှာ သူတို့ တပ်ချိန်းဖို့လာတော့ လွှတ်ပေးလိုက်တယ်။ အပြန်မှ စောင့်ပြီး ခြုံခိုတိုက်ခိုက်ခဲ့တာပါ။ ရှေ့ကလာတဲ့ စစ်စိမ်းရောင်ကားကို လွှတ်ပေးလိုက်ပြီးမှ နောက်ကကပ်လိုက်လာတဲ့ ဖောကားအနီကို အဓိကထား ချေမှုန်း ပစ်ခတ်ခဲ့တာပါ။ ပစ်ခတ်မှု ဖြစ်တဲ့အချိန်မှာ စခ တွေအားလုံး ကားပေါ်မှာ ရှိနေတယ်။ အစုလိုက်အပြုံလိုက် ၀ရုန်းသုန်းကားနဲ့ ကား မှောက်လုနီးပါးထိ ဖြစ်သွားတယ်။ အဲ့လို နောက်ကားကို ပစ်နေတော့ ရှေ့ကားကလည်း ရပ်ပြီး လက်နက်ကြီး၊ လက်နက်ငယ်​တွေနဲ့ ပြန်ပြီး ပစ်ကူပေးပါတယ်။ ကျနော်တို့ အဓိကထားပစ်တဲ့ ဖောကားအနီက ကားထဲမှာ သဲအိတ်တွေ စီပြီး အကာကွယ်လုပ်ထားတော့ အထိခိုက်နည်းတယ်။ တိုက်ပွဲက ၅ မိနစ်ပဲကြာပေမယ့် ပြင်းထန်ခဲ့ပါတယ်။ " လို့ ဗမာပြည်ကာကွယ်ရေးတပ် - USBA ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုသာချိုက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

KNDF အမှတ် (၁၅) တပ်ရင်း ၃နှစ်ပြည့် အခမ်းအနား

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF အမှတ်(၁၅)တပ်ရင်းအနေနဲ့ အောက်တိုဘာလ (၂၈) ရက်မှာ ကျရောက်ခဲ့တဲ့ (၃) နှစ်ပြည့်အခမ်းအနားကို မြေပြင်အခက်အခဲ အခြေအနေ အမျိုးမျိုးကြောင့် ဒီဇင်ဘာလ (၂၈) ရက်မှာမှ ကရင်နီပြည်နယ် မြေပြင်တစ်နေရာမှာ ပြုလုပ်နိုင်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

စစ်မှုထမ်းတာဝန် ကျေပွန်သူများကို ပြည်ပအလုပ်အကိုင် ရှာပေးမည်ဟု စစ်ကော်မရှင် ပြော

စစ်မှုထမ်းတာဝန် ကျေပွန်အောင် ထမ်းဆောင်ခဲ့သူတွေကို ပြည်ပနိုင်ငံတွေ သွားရောက်အလုပ်လုပ်ချင်ရင် အလုပ်အကိုင်ရှာပေးမယ်လို့ အာဏာသိမ်း စစ်ကော်မရှင်က ပြောဆိုလိုက်ပါတယ်။
Read More

ရွှေဘိုတွင် စစ်တပ် မီးရှို့သတ်ဖြတ်မှုကြောင့် ရုပ်အလောင်း ၄ လောင်း တွေ့ရှိ၊ နေအိမ် ၂၀၀ နီးပါး ပြာကျခဲ့

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သပြေသာရွာမှာ အကြမ်းဖက်စစ်တပ် မီးရှို့ သတ်ဖြတ်ထားတဲ့ ရုပ်အလောင်း ၄ လောင်းတွေ့ရှိပြီး စစ်ကောင်စီ တပ်သားတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၂၀၀ နီးပါး ပြာကျခဲ့တယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။