မကွေးတိုင်း၊ ပခုက္ကူခရိုင်အခြေစိုက် အညာမြေတပ်ပေါင်းစုတပ်ဖွဲ့ထံ တော်လှန်ရေးတပ်ဖွဲ့ ၂ခု ထပ်မံပေါင်းစည်းဝင်ရောက်လာပြီးတဲ့နောက် ဒေသတွင်းစစ်ရေး အရှိန်တိုးမြှင့်သွားဖို့ရှိတယ်လို့ အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။

ဒီဇင်ဘာလ ၂ရက်၊ ဒီနေ့မှာ ပခုက္ကူခရိုင်အခြေစိုက် ဒေသကာကွယ်ရေးတပ် (Local) တွေဖြစ်တဲ့ GOD OF MYAING နဲ့ EAGLE FIGHTER တပ်ဖွဲ့တို့ဟာ အညာမြေတပ်ပေါင်းစုထဲ လက်မှတ်ရေးထိုးပြီး ပူးပေါင်းလာခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတပ်ဖွဲ့၂ခုဟာ အညာမြေတပ်ပေါင်းစုထဲက M.U.G.D.F ၊ JAMESBOND ၊ TSDNGF ၊ ဇာမဏီပြောက်ကျား၊ ဒို့ညီနောင်ပြောက်ကျား စတဲ့ တပ်ဖွဲ့တွေနဲ့ အတူလက်တွဲပြီး စစ်ရေးဖော်ဆောင်မှုတွေကို စုစည်းကျစ်လျစ်မှုအပြည့်နဲ့ လုပ်ဆောင်သွားမယ်လို့ အသိပေးထားပါတယ်။

အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်ကတော့ ဒီပေါင်းစည်းမှုကြောင့် အညာမြေတပ်ပေါင်းစုထဲ အဖွဲ့၇ဖွဲ့ ပါဝင်လာခဲ့ပြီး ၇ဖွဲ့စလုံးဟာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အချင်းချင်း အပြန်အလှန်ထိန်းကျောင်းရင်း ဖက်ဒရယ်ဒီမိုကရေစီ အရောက်သွားနိုင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

“အခုလိုအညာမြေတပ်ပေါင်းစုထဲ တပ်ဖွဲ့ ၂ခု ထပ်မံပေါင်းစည်းလာတော့ နံပါတ် ၁ ပိုပြီးထိရောက်တဲ့ မစ်ရှင်တွေ ဖော်ဆောင်လာနိုင်မယ်။ စကမကို ညီညီညွတ်ညွတ်နဲ့ တုံ့ပြန်မယ်။ အဖွဲ့အချင်းချင်းကြား ညီညွတ်ပြီး သဘောထားကွဲလွဲမှုတွေ မရှိစေရဘူး။ တော်လှန်ရေးမှာ ဒီ‌လိုပေါင်းစည်း အပြန်အလှန်ထိန်းကျောင်းရင်းနဲ့ပဲ ဖက်ဒရယ်ကို အရောက်သွားနိုင်ဖို့ အခုလိုပေါင်းစည်းကြတာပါ။” လို့ ကိုဘိုလိုသန့်ဇင်က မောင်းကိုပြောပါတယ်။

အခုကြေညာချက်ဟာ စစ်အာဏာရှင် ကျဆုံးချိန်အထိ အတည်ဖြစ်ကြောင်းနဲ့ ကြေညာချက်ထုတ်တဲ့နေ့ကစပြီး စစ်ရေးအရှိန်မြှင့်သွားမယ့်အကြောင်း အညာမြေတပ်ပေါင်းစုက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း အညာမြေတပ်ပေါင်းစုအနေနဲ့ ဒရုန်းစစ်ဆင်ရေးတွေ လုပ်ဆောင်နိုင်ဖို့ လူငယ်နည်းပညာကျွမ်းကျင်သူတွေနဲ့ ဒရုန်း Team တစ်ခုကို ဖွဲ့စည်းခဲ့ပါသေးတယ်။

အညာမြေတပ်ပေါင်းစုဟာ ပခုက္ကူခရိုင်အတွင်းက မြိုင်၊ ပေါက်နဲ့ ပခုက္ကူ၊ ကမ္မဒေသတွေမှာ အဓိက စစ်ရေးလှုပ်ရှားပြီး ဝက်ပုတ်၊ သရက်ကွနဲ့ ရေလာလေးပျူရွာစခန်းတွေသိမ်းပိုက်မှုမှာ အဓိကပါဝင်ခဲ့တဲ့ ဒေသကာကွယ်ရေးတပ်ပေါင်းစုတစ်ခုလည်း ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်အပြီး အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ခပ်စိပ်စိပ် မြင်လာရသလို ထိုးစစ်ဆင်ဖို့ အင်အားစုဖွဲ့မှုတွေလည်း ရှိနေ

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ မဲခေါင်အစည်းအဝေးကို တက်ရောက်ပြီး မြန်မာနိုင်ငံကို ပြန်ရောက်လာတာနဲ့ တပြိုင်နက် သူ့ရဲ့ အာဏာသိမ်း စစ်တပ်ဟာ ရှမ်းမြောက်ဒေသနဲ့ ကရင်နီပြည်တို့မှာ လူအင်အားဖြည့်တင်းနေပြီး လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်ဆောင်လာနေပါတယ်။ 
Read More

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်း အမှတ် (၂၉) တပ်တည်‌ထောင်ခြင်းတစ်နှစ်ပြည့်အခမ်းအနား…

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်းအမှတ် (၂၉) အနေနဲ့ တပ်ရင်းတည်ထောင်ခြင်း တစ်နှစ်ပြည့် အခမ်းအနားကို ဇူလိုင်လ (၁၀)ရက်က ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

ရေဖြူအခြေစိုက် ခလရ ၂၇၃ တပ်ရင်းက စစ်မှုထမ်း တပ်သားသစ် ၃ ဦး လက်နက်မဲ့ အလင်းဝင်လာ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အခြေစိုက် ခလရ ၂၇၃ တပ်ရင်းက စစ်မှုထမ်း တပ်သားသစ် ၃ ယောက် လက်နက်မဲ့ အလင်းဝင်ရောက်လာတယ်လို့ ဒေါနတပ်ရင်း၊ တပ်ခွဲ ၆ - ဝေဟင်တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နဂါးဖြူစစ်ကြောင်းမှ တပ်သားတစ်ဦး ပေါက်ကိုယ်တော် ပျူအဖွဲ့ဆီကို ထွက်ပြေးပူးပေါင်းသွားလို့ ၄င်းနှင့် အဆက်အသွယ်ရှိသူများ သိစေလိုဟု ဆို

တောင်ပိုင်းတိုင်း အမှတ် ၃ စစ်ဒေသ၊ နဂါးဖြူစစ်ကြောင်းက ရဲဘော် အောင်ဇင်ဟိန်း (ခ) အောင်ပု ဆိုသူဟာ တော်လှန်ရေးကို သစ္စာဖောက်ကာ စစ်ကောင်စီလက်အောက်ခံ ပေါက်ကိုယ်တော် ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့ထံ ရောက်ရှိသွားတယ်လို့ သိရပါတယ်။ 
Read More

စလင်းမြို့နယ်တွင် သံချပ်ကာယာဥ် ၄ စီး၊ အင်အား ၂၀၀ ကျော်နှင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ၄ ရက်ဆက် လိုက်လံတိုက်ခိုက်၊ စစ်သား ၃ ဦးသေကာ ၈ ဦးဒဏ်ရာရပြီး ၂ ဦးအရှင်ဖမ်းမိ…

မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင် ၊စလင်းမြို့နယ်အတွင်းရှိ ကံပြားရွာဘက်ကနေ သံချပ်ကာယာဥ် ၄ စီး၊ အင်အား ၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ၄ ရက်ဆက် လိုက်လံတိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းညီနောင် မြို့ပြပြောက်ကျားတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပုလဲမြို့နယ် ပ.က.ဖ တိုက်နယ် (၁) အပတ်စဥ် ၂ အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပ.က.ဖ က တိုက်နယ် ၁ ရဲ့ အခြေခံ စစ်ပညာ သင်တန်း အပတ်စဥ် ၂ သင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၄ ရက် မနက်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ထားပါတယ်။