အကြမ်းဖက်စစ်တပ်အလိုကျ အတုအယောင် ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲကော်မရှင်ထဲက ၉ ယောက်ဟာ ဥရောပသမဂ္ဂနဲ့ ကနေဒါနိုင်ငံတို့ကနေ အရေးယူဒဏ်ခတ် ပိတ်ဆို့ထားသူတွေ ဖြစ်တယ်လို့ Justice For Myanmar (JFM) က ထုတ်ပြန်ပါတယ်။

အဆိုပါ စစ်တပ်လက်ပါးစေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ၉ ယောက်ဟာ မဲမသမာမှု အထောက်အထားမရှိဘဲ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို တရားမဝင် ပယ်ဖျက်မှု၊ ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေမှုတို့အတွက် ၂၀၂၁ ခုနှစ်ကတည်းက ဥရောပသမဂ္ဂနဲ့ ကနေဒါနိုင်ငံတို့ကနေ အရေးယူထားသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ ၉ ယောက်ဟာ စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲအတွက် ပြင်ဆင်ပေးနေသူတွေဖြစ်တဲ့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ သန်းစိုး၊ အောင်လွင်ဦး၊ အောင်မိုးမြင့်၊ အောင်စောဝင်း၊ ခင်မောင်ဦး၊ ကိုကိုလွင်၊ မြင့်ဦး၊ မြင့်သိန်းနဲ့ သန်းအောင်ကျော်တို့ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်အုပ်စုရဲ့ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်ဟောင်း ၈ ယောက်ဖြစ်တဲ့ ဘမောင်၊ ဘရန်ရှောင်၊ မင်းမင်းဦး၊ နုမြဇံ၊ စောဘလှိုင်၊ စိုးဦး၊ သန်းထွန်းနဲ့ သန်းဝင်းတို့ဟာလည်း ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

ပြည်သူတွေဟာ ၅နှစ်နီးပါး အကြမ်းဖက်စစ်အုပ်စုရဲ့ သတ်ဖြတ်၊ ဥပဒေမဲ့ ဖမ်းဆီး၊ ညှင်းပန်းနှိပ်စက်တာတွေနဲ့  အတင်းအကြပ် နေရပ်စွန့်ခွာစေတာတွေကို ရင်ဆိုင်နေရင်း စစ်အုပ်စုကို ဆက်လက်ဆန့်ကျင်နေတာကြောင့် နိုင်ငံတကာအနေနဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပေးဖို့ JFM က တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အကြမ်းဖက်တိုက်ဖျက်ရေး ဗဟိုအဖွဲ့ကလည်း စစ်တပ်လက်ပါးစေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ၁၈ ယောက်ကို အကြမ်းဖက်သမားတွေအဖြစ် ကြေညာခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာများ ငလျင်ကြောင့် မီးလောင်ပျက်စီးခဲ့

ပြင်းထန်တဲ့ ငလျင်ကြောင့် မန္တလေးက တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာတွေ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ပါတယ်။
Read More

ပြည်သူတွေရင်ထဲ စွဲမြဲနေမယ့် အနုပညာတွေ ဖန်တီးကြဖို့ အနုပညာကို အကျဉ်းချထားတဲ့ မင်းအောင်လှိုင် ပြော

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အနုပညာရှင်တွေကို ဖမ်းဆီးထောင်ချပြီး အနုပညာဖန်တီးခွင့်တွေကို ထိန်းချုပ်ထားတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့၊ နေပြည်တော်မှာ ကျင်းပတဲ့ အကယ်ဒမီပေးပွဲကို တက်ရောက်စဉ် ပြောဆိုခဲ့ပါတယ်။
Read More

PDF လက်အောက်ရှိ တပ်ရင်းတပ်ဖွဲ့ ၃၀၀ ကျော်ကို ၄ နှစ်တာအတွင်း အမေရိကန်ဒေါ်လာ ၂၄.၉ သန်းခန့် တပ်ရင်းထောက်ပံ့စရိတ် ပေးအပ်ခဲ့

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) လက်အောက်ရှိ နိုင်ငံတစ်ဝန်းက တပ်ရင်းတပ်ဖွဲ့ ၃၀၀ ကျော်ကို အမေရိကန်ဒေါ်လာ ၂၄.၉ သန်းခန့် တပ်ရင်းထောက်ပံ့စရိတ် ပေးအပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက မနေ့က ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
Read More

ကျိုက်ထိုတွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ (၁)ဦး သေဆုံးပြီး (၄)ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၁) ယောက် သေဆုံးပြီး (၄) ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဆားလင်းကြီး ပညာရေးဘုတ်အဖွဲ့ (၁) နှစ်ပြည့်ဆုပေးပွဲ အခမ်းအနား

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က NUG ရဲ့ ဆားလင်းကြီးပညာရေးဘုတ်အဖွဲ့ဟာ ၁နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်လို့ ထူးချွန်ကျောင်းသားကျောင်းသူတွေကိုပါ ဆုချီးမြှင့်ပေးအပ်ခဲ့ပါတယ်။ ဒီနေ့စက်တင်ဘာ ၂၂ ရက်နေ့မှာ ဆားလင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပညာရေးဘုတ်အဖွဲ့ ၁နှစ်ပြည့် အခမ်းအနားကို ကျင်းပပေးခဲ့ပြီး ထူးချွန်ကျောင်းသားကျောင်းသူတွေကိုပါ ဆုချီးမြှင့်ခဲ့တာပါ။
Read More

PDF နှင့် မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းပြီး နိုင်ငံအနှံ့ ထောင်သောင်းချီ အင်အားဖြင့် အထွေထွေ ထိုးစစ်ကြီး စတင်ဖို့ အချိန်တန်ပြီဟု NUG ကာကွယ်ရေးဝန်ကြီး ပြောကြား

PDF နဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းပြီး တစ်နိုင်ငံလုံးမှာ နေရာစုံစစ်မျက်နှာဖွင့်ကာ အထွေထွေ ထိုးစစ်ဆင်နွှဲဖို့ အချိန်တန်ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားလိုက်ပါတယ်။