စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ကို အမြန်ရေယာဥ် ၂စီးနဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Chindwin Fighter Group (C.F.G) တပ်ဖွဲ့ထံက သိရပါတယ်။

ဒီဇင်ဘာ ၁ရက် ညနေ ၄နာရီခွဲလောက်မှာ စစ်အုပ်စုက အမြင့်ရွာဘက် စစ်ကြောင်းထိုးဖို့အတွက် မုံရွာအုံးပင်ဆိပ်ကမ်းကနေ အောက်ဘက်သို့ စုန်ဆင်းလာချိန် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ၇မိနစ်ခန့်ကြာတဲ့ အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်အုပ်စုဘက်မှာ ထိခိုက်သေဆုံးမှုတွေ ရှိနိုင်တယ်လို့ ဆိုပါတယ်။

“သူတို့က မုံရွာအုံးပင်ဆိပ်ကမ်းကနေ စထွက်လာတာဗျ။ အင်အားကတော့ ၅၀/ ၆၀ လောက်တော့ရှိတယ်ဗျ။ သေဆုံးမှုတွေတော့ ရှိနိုင်တယ်။ အခုတော့ အမြင့်ရွာ ဆိပ်ကမ်းမှာ ကပ်ထားတယ်” လို့ Chindwin Fighter Group (C.F.G) တပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ထိတွေ့ပစ်ခတ်မှုအတွင်း စစ်အုပ်စုဘက်က လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့သလို စက်တပ်လေထီး ပျံဝဲမှုတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုကို Chindwin Fighter Group (CFG) နဲ့ Brave Heart Army – (B.H.A) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်နေ့ကလည်း  Chindwin Fighter Group (CFG) ပူးပေါင်းတပ်ဖွဲ့ဟာ မုံရွာ – မန္တလေးလမ်းပိုင်းမှာ ဂိတ်ကြေးကောက်နေတဲ့ စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

မြောက်ပိုင်းညီနောင် မဟာမိတ်တပ်ဖွဲ့တွေထံမှ ငြိမ်းချမ်းရေးယူလိုကြောင်း သက်သေပြနိုင်မှာသာ တွေ့ဆုံနွေးနွေးမယ်လို့ မင်းအောင်လှိုင်ပြော

မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ထံကနေ ငြိမ်းချမ်းရေးလိုလာကြောင်းပြသမှသာ နိုင်ငံရေးအရ ဆွေးနွေးမှု လုပ်ဆောင်မယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်
Read More

ကန်ချနပူရီနယ်စပ်တွင် မြန်မာနိုင်ငံသား တရားမဝင်ရွှေ့ပြောင်း ၂၅ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်၊ ဆိုင်ယော့က စွန့်ပစ်ဓာတ်ဆီဆိုင်ဟောင်းတခုမှာ ရပ်ထားတဲ့ ပစ်ကပ်ကားပေါ်မှာ မြန်မာနိုင်ငံသား တရားမဝင်ရွှေ့ပြောင်း ၂၅ ယောက်ကို နိုဝင်ဘာလ ၄ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။ 
Read More

ပခုက္ကူမှ ပခန်းသို့ စစ်ကူသွားသည့် စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး တပ်ကြပ်ကြီးတွေအပါ ၁၄ ဦး ထက်မနည်းသေဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ပခုက္ကူမြို့ကနေ ပခန်းမြို့ကို စစ်ကူသွားတဲ့ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်းတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား အနည်းဆုံး ၁၄ ယောက် သေဆုံးသွားတယ်လို့ Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက မောင်းကို ပြောပါတယ်။ 
Read More

သီးလုံးကျေးရွာ ပျူစောထီးစခန်းကို RPG ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက သီးလုံးကျေးရွာက ပျူစောထီးဘန်ကာစခန်းကို RPG ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Shwebo Crocodile အဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ပဲခူးအနောက်ခြမ်းက ကျေးရွာတချို့ကို စစ်ကောင်စီစစ်ကြောင်း မီးရှို့ဖျက်ဆီးနေ

ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်က ကျေးရွာတွေကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက မီးရှို့ဖျက်ဆီးနေတာကြောင့် ပြည်သူပိုင်နေအိမ်တချို့မီးလောင်ပျက်စီးမှုတွေ ရှိနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကတဆင့် သိရပါတယ်။
Read More

ညောင်ဦးမှာ စစ်ကောင်စီ စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ယောက်သေပြီး ၉ ယောက်ဒဏ်ရာရ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်-ဇဂျမ်း လမ်းမှာ ဖြတ်သန်းသွားလာနေတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ယောက် သေဆုံးပြီး ၉ ယောက် ဒဏ်ရာရရှိသွားတယ်လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့ထံက သိရပါတယ်။