စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့၊ နတ်မှော်ဦးရွာကို စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၂ နှစ်အရွယ် ကလေး ၁ ယောက် အပါအဝင် ၅ယောက် သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။

မနေ့က ဒီဇင်ဘာလ ၁ ရက် ညသန်းခေါင်ဝန်းကျင်အချိန်မှာ နတ်မှော်ဦးကျေးရွာထဲက ပြည်သူနေအိမ်ပေါ်ကို တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာလေယာဉ်နဲ့ ပေါင် ၂၅၀ ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“အခုလက်ရှိဖြစ်ပွားတဲ့ နေရာမှာက တိုက်ပွဲဖြစ်တာလည်း မရှိဘူး။ အကြောင်းမဲ့ သက်သက်ကြီး ဖြစ်သွားတာပါဗျာ။ ဖြစ်တာကမှ ရွာထဲက ပြည်သူအိမ်တည့်တည့်ကို ပစ်ချသွားတာပါ” လို့ Wetlet Information Network တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြည်သူနေအိမ်ပေါ်ကို အဆိုပါ ဗုံးသီး ကျရောက် ပေါက်ကွဲခဲ့တာကြောင့် အသက် ၂၅ နှစ်အရွယ် ကိုရှိုင်းကို၊ ဇနီးဖြစ်သူ အသက် ၂၄ နှစ်အရွယ် မစုမြတ်လင်း၊ သမီးဖြစ်သူ အသက် ၂နှစ်အရွယ် ရွှေပုံစံ၊ အသက် ၂၁ အရွယ် မောင်မေင်ဝင်းနဲ့ အသက် ၄၀ အရွယ် ရန်နိုင်ဝင်းတို့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကလေးငယ်တွေ အပါအဝင် ၅ ယောက် စိုးရိမ်ရတဲ့ ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၅လုံးခန့်လည်း လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတယ်လို့ သိရပါတယ်။

အခုလို စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏရှိနေတာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်ကို သတိပြုဖို့နဲ့ နယ်မြေခံ တော်လှန်ရေးတပ်တွေရဲ့ သတင်းထုတ်ပြန်ချက်တွေကို အမြဲနားစွင့်ထားဖို့လည်း Wetlet Information Network က တိုက်တွန်းထားပါတယ်။

နတ်မှော်ဦးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ Wetlet Information Network)

0 Shares:
You May Also Like
Read More

ခေါပုတ်စခန်းသိမ်းတိုက်ပွဲကနေ စစ်တပ်က စစ်သုံ့ပန်း ၁၇ ယောက် ဖမ်းမိခဲ့ပြီး ဒဏ်ရာရ စစ်သုံ့ပန်းတွေကို ဆေးကုသပေးနေ

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်အရုံး - KNU တပ်မဟာ ၅ နယ်မြေ ၊ ဖာပွန်မြို့နယ်၊ ခေါပုတ်စခန်းသိမ်းတိုက်ပွဲကနေ စစ်သုံ့ပန်း ၁၇ ယောက်ဖမ်းမိပြီး ဒဏ်ရာရသူတွေကို ဆေးကုသပေးနေတယ်လို့ KNU-Mutraw News က ထုတ်ပြန်ထားပါတယ်။
Read More

MLA မှ တပ်ပြေးရဲဘော် ၅ ဦးကို ထုတ်ပြန်ကြေညာ

မွန်ပြည်နယ်ခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) တပ်ဖွဲ့ ကနေ တပ်ပြေးရဲဘော် ၅ယောက်ကို ဒီနေ့ ဇွန်လ ၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာလာပါတယ်။ 
Read More

ကျွန်းစုတွင် လက်နက်များ သယ်ဆောင်လာသည့် စစ်အုပ်စု ကား ၂ စီး တိုက်ခိုက်ခံရပြီး ပျူနှင့် ရဲ ၅ ဦး သေ၊ ၂ ဦး ဒဏ်ရာပြင်းထန်

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်မှာ လက်နက်ခဲယမ်းတွေ တင်ဆောင်လာတဲ့ စစ်အုပ်စု ကား ၂ စီးကို ဖြတ်တောက်တိုက်ခိုက်ရာ ပျူစောထီးနဲ့ ရဲ ၅ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရရှိကာ လက်နက်ခဲယမ်းတွေနဲ့ ကား ၁ စီး သိမ်းဆည်းရရှိခဲ့တယ်လို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ထိတွေ့ပစ်ခတ်မှုမရှိဘဲ ထီးချိုင့်နယ်ကို စစ်အုပ်စု ဗုံးကြဲ၊ အရပ်သား ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကသာခရိုင် ၊ ထီးချိုင့်မြို့နယ် ၊ ပေါက်ကုန်းရွာကို ထိတွေ့ပစ်ခတ်မှုမရှိဘဲ စစ်အုပ်စုက လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

နမ့်ခမ်းမှာ အမျိုးသားတစ်ဦး ကြံခုတ်ရင်း မြေမြှုပ်မိုင်းထိကာ ပြင်းထန်စွာဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့နယ်၊ နောင်တိန်းကျေးရွာမှာ အမျိုးသားတစ်ယောက် ကြံခုတ်ရင်း မြေမြှုပ်မိုင်းနဲ့ ထိမိကာ ပြင်းထန်ဒဏ်ရာရသွားတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက သတင်းဖော်ပြထားပါတယ်။
Read More

၂ လနီးပါး ကြာခဲ့တဲ့ ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က စစ်သုံ့ပန်းတွေနဲ့ အလင်းဝင်သူတွေအပါ လက်နက် ၄၀၀ ကျော် သိမ်းဆည်းရမိ…

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့ကို တော်လှန်ရေးတပ်တွေ ၂ လနီးပါး ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်က စစ်သုံ့ပန်းတွေနဲ့ အလင်းဝင်သူတွေအပါ လက်နက်မျိုးစုံ ၄၀၀ ကျော် သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့မှာ တရားဝင်ထုတ်ပြန်ပါတယ်။