ပဲခူးတိုင်း သာယာဝတီမြို့နယ်အတွင်း အထိုင်ချထားတဲ့ ခမရ ၃၅ တပ်ရင်းရဲ့ မဒေါ့ဂိတ်စခန်းကို တိုက်ခိုက်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ က သတင်းထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၃၀ ရက် မနက်ပိုင်းက သာယာဝတီမြို့နယ်အတွင်းရှိ လိပ်ဥကုန်းလမ်း၊ မဒေါ့၊ သရက်ကုန်း၊ ပြည်တော်သာနဲ့ ကျောက်တွင်းကျေးရွာတွေကို သွားရာလမ်းဆုံရှိ ခမရ ၃၅ တပ်ရင်းရဲ့ မဒေါ့ဂိတ် စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သား ၅ ယောက် သေဆုံးပြီး ဂိတ်စခန်းကိုရှင်းလင်းနိုင်ခဲ့ကာ ကာဘိုင် ၁ လက်၊ MA-1 ၁ လက်နဲ့ ၅.၅၆ ကျည် ၁၅၀ တောင့်၊ မိုဘိုင်ဖုန်း ၂ လုံးသိမ်းဆည်းရရှိခဲ့တယ် လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၂) ၊ အမှတ် (၃၈၀၂) တပ်ရင်း၊ တပ်ခွဲ (၂)၊ ရွှေတန်းမြေ (ပကဖ)နဲ့ လက်ပံတန်းမြို့နယ် (ပကဖ) အထူးတိုက်ခိုက်ရေးအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂

0 Shares:
You May Also Like
Read More

ဆားတောင်က စစ်ကောင်စီတပ်စွဲရာ နေရာနှစ်ခုကို ဒရုန်းနဲ့ဗုံးကြဲ (ရုပ်/သံ)

စစ်ကိုင်းမြို့က  ဆားတောင်ရဲစခန်းနဲ့ အထက ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ပျူစောဖီးတွေကို ၂ရက်ဆက်တိုက် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းကို Royal Falcon Guerilla Force က ထုတ်ပြန်လိုက်ပါတယ်။
Read More

ပြည်ကြီးတံခွန်မြို့နယ်ကို နေအိမ်ပေါ် မီးပုံပျံကျရာမှ မီးလောင်မှုဖြစ်ပွား (ရုပ်/သံ)

မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်မှာ မီးပုံပျံ အိမ်ပေါ်ကျရာကနေ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ 
Read More

ဒူဘိုင်းလေကြောင်းဆိုင်ရာပြပွဲမှာ အိန္ဒိယတိုက်လေယာဉ်ပျက်ကျပြီး လေယာဉ်မှူးသေဆုံး (ရုပ်/သံ)

ဒူဘိုင်းမှာ ကျင်းပခဲ့တဲ့ လေကြောင်းဆိုင်ရာပြပွဲမှာ အိန္ဒိယတိုက်လေယာဉ်တစ်စင်း ပျက်ကျပြီး လေယာဉ်မှူးသေဆုံးသွားခဲ့ပါတယ်။ ပျက်ကျသွားတဲ့ တိုက်လေယာဉ်ဟာ အိန္ဒိယနိုင်ငံထုတ် တီဂျက်စ် တိုက်လေယာဉ်အမျိုးအစားဖြစ်ပြီး သေဆုံးသွားခဲ့ရတဲ့ တိုက်လေယာဉ်မှူးအတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြောင်း အိန္ဒိယလေ တပ်က ထုတ်ပြန်ထားပါတယ်။ အဆိုပါလေယာဉ်အမျိုးအစားဟာ ပြီးခဲ့တဲ့နှစ်ကလည်း ပျက်ကျခဲ့ဖူးတဲ့အတွက် ယခုတစ်ကြိမ် ပျက်ကျမှုဟာ ၂ နှစ်ဆက်တိုက်ပျက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Read More

တောင်သာမြို့နယ်အတွင်း အများပြည်သူသွားလာရာ လမ်းပေါ်တွင် စစ်တပ်ထောင်ခဲ့သည့် မိုင်းများကို ဖယ်ရှားရှင်းလင်းပေး (ရုပ်/သံ)

မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ် ထောင်သွားခဲ့တဲ့ မိုင်းတွေကို ပြည်သူတွေ ဘေးအန္တရာယ်ကင်းစေဖို့ ဖယ်ရှားရှင်းပေးခဲ့တယ်လို့ Taung Tha People Defense Force က ထုတ်ပြန်ပါတယ်။
Read More

နမ္မတူမြို့ပေါ် လူနေရပ်ကွက်အတွင်း စစ်ကော်မရှင် လေကြောင်းဗုံးကြဲ၊ အရပ်သား ၃ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရ (ရုပ်/သံ)

ရှမ်းပြည်နယ် နမ္မတူမြို့ပေါ် လူနေရပ်ကွက်အတွင်း စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၃ ယောက်သေဆုံးပြီး ၈ ယောက် ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

နမခ ကနေ တပ်သားသစ်တွေ တင်ဆောင်လာတဲ့ စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကနေ စစ်ကိုင်းတပ်မ ၃၃ ဆီ တပ်သားသစ်တွေ တင်ဆောင်ပြီး ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area 71 peoples defense force အဖွဲ့ထံက သိရပါတယ်။