နွေဦးတော်လှန်ရေးအတွင်း အကောင်းဆုံးပေးဆပ်ခဲ့ပေမယ့် မိုးကုတ်နဲ့ မိုးမိတ်မြို့တွေ အကြမ်းဖက်စစ်တပ်ထံ ပြန်ပေးလိုက်ရတဲ့အတွက် ပေးဆပ်နစ်နာသူတွေကို တောင်းပန်ကြောင်း တအာင်းတပ် TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တာဘုန်းကျော်က သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

“ပထမဆုံး တကယ် ပေးဆပ်နစ်နာသူတွေကို တောင်းပန်ချင်ပါတယ်။ ရင်ထဲ လှိုက်လှိုက်လှဲလှဲ နာကြင်ရတာမို့ အနူးအညွတ် တောင်းပန်ပါတယ်” လို့ ဆိုပါတယ်။

မိုးကုတ်မြို့ကို တအာင်းပြည်နယ်ထဲ ပြန်ပါအောင် ကြိုးပမ်းရေးဟာ တအာင်းနိုင်ငံရေးရဲ့ ပန်းတိုင်တခုဖြစ်ပြီး အခုလို လက်ထဲရောက်တဲ့ ကိတ်မုန့်ကို မစားရဘဲ ပုတ်ချခံလိုက်ရသလိုမျိုး အသည်းကွဲရတယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် နွေဦးတော်လှန်ရေးကာလအတွင်း TNLA အနေနဲ့ များစွာ ပေးဆပ်ခဲ့ကြောင်းလည်း ရေးသားထားပါတယ်။

“နွေဦးတော်လှန်ရေးမှာ ဆယ်နှစ်ကျော် တည်ဆောက်ထားတဲ့ အရင်းအမြစ်တွေနဲ့ အကောင်းဆုံးပံ့ပိုးခဲ့တယ် … လက်သုံးချောင်းထောင်သူတွေကို လစဉ် ဆန်အိတ် ထောင်ကြီးပိုင်း ကြွေးမွေးမြှင့်တင် လေ့ကျင့်ထားတယ်။ ၃-၄ နှစ်ကာလအတွင်း ရဲဘော်အင်အားထောင်ချီ ပေးဆပ်အရင်းပြုခဲ့တယ်။ လက်နက်အကြွေး ဒေါ်လာဘီလီယံချီ အကြွေးတင်ခဲ့တယ်။ အာဏာရှင်နံရံကို ခေါင်းနဲ့အတင်းဝင်တိုက်လို့ ဦးခေါင်းက သွေးချင်းနီရဲလို့ သေမလောက်ပါပဲ…” လို့ ဆိုပါတယ်။

“ကျည်မရှိ၊ ဘတ်ဂျတ်မရှိ၊ သေစရာလူသူလည်း နည်းလာတော့ မိုးကုတ်-မိုးမိတ်နဲ့ ညှိပြီး အပစ်ရပ်ရတယ်။ ပွဲက မပြီးသေးပါဘူး။ ဒါပေမယ့် အဆဲတွေက စုံလွန်းလှပါတယ်” လို့လည်း မိုးကုတ်နဲ့ မိုးမိတ်ကို အကြမ်းဖက်စစ်တပ်ထံ လက်လွှတ်ရတာနဲ့ ပတ်သက်ပြီး ရေးသားထားပါတယ်။

TNLA နဲ့ မဟာမိတ်တပ်တွေဟာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းမှာ တရုတ်ရဲ့ ကြားဝင်ဖိအားပေးမှုကြောင့် အဆိုပါ မြို့တွေကနေ TNLA တပ်တွေ ဆုတ်ခွာပြီး စစ်ကော်မရှင်နဲ့ အပစ်ရပ်ဖို့ သဘောတူခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ မိုးကုတ်မြို့ကို TNLA ထံကနေ စစ်တပ်က လက်လွှဲရယူပြီးတဲ့နောက် အကြမ်းဖက်စစ်တပ်နဲ့ ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုတွေ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

0 Shares:
You May Also Like
Read More

အပစ်ရပ်ကြေညာထားသည့် စစ်ကောင်စီတပ် နောင်ချိုမြို့နယ်၊ နောင်တောကျေးရွာအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ပြည်သူလူထု နေထိုင်ရာ နောင်တောကျေးရွာအတွင်း စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF)/ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပုဂံ-ညောင်ဦးလမ်းပေါ် အိမ်စီးကားတစ်စီးမှ ပျူ ၂ ဦးကို ဖမ်းမိ၊ ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာ ၂ ဦးလုံး သေဆုံး

မန္တလေးတိုင်း၊ ပုဂံ-ညောင်ဦး လမ်းပိုင်းမှာ ရှောင်တခင် လမ်းပိုင်းစစ်ဆေးရေးလုပ်ဆောင်ချိန် အိမ်စီးကားနဲ့ လာတဲ့ ပျူစောထီး ၂ ယောက်ကို အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ Bagan Bo Cho PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ အမှတ် ၅၃၂ ခြေမြန်တပ်ရင်း မိုင်းခွဲခံရပြီး စစ်သား ၂ ယောက် ဒဏ်ရာရ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ဘုရင့်နောင်တံတားအနီးက အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အမှတ် ၅၃၂ ခြေမြန်တပ်ရင်း (ခမရ ၅၃၂) ဟာ မနေ့က ဒီဇင်ဘာ ၁၅ ရက် ညပိုင်းမှာ မိုင်းဖောက်ခွဲ တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။
Read More

မြောင်မြို့နယ်တွင် CDM ဝန်ထမ်း အယောက် ၄၀ အတွက် ဂုဏ်ပြုပွဲ ပြုလုပ်ပေး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ “အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု” မှာ ပါဝင်ခဲ့ကြတဲ့ ကျေးရွာတစ်ခုက နိုင်ငံ့ဝန်ထမ်း (CDM) တွေကို ဂုဏ်ပြုပွဲ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ကလေး အကျဉ်းထောင် လက်ထောက် ကြီးကြပ်ရေးမှူးလာဘ်ယူခြင်း၊ ခေါင်းပုံဖြတ်ခြင်းများ ပြုလုပ်နေဟု ဆို

စစ်ကိုင်းတိုင်း၊ ကလေးအကျဉ်းထောင်ရှိ လက်ထောက်ကြီးကြပ်ရေးမှူး ကျော်ထက်ဦးဟာ အကျဥ်းသားတွေဆီက လာဘ်ယူတာ၊ ခေါင်းပုံဖြတ်တာတွေ လုပ်နေတယ်လို့ Political Prisoners Network - Myanmar က သိရပါတယ်။
Read More

ရွှေဘိုက ပျူစခန်းတွေကို ၅ ရက်တာ ဒရုန်းမစ်ရှင်နဲ့ တိုက်ခိုက်

စစ်ကိုင်တိုင်း၊ ရွှေဘိုမြို့နယ်မှာရှိတဲ့ ပျူစောထီးစခန်းတွေကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက အောက်တိုဘာ ၂၃ ရက်နေ့ကနေ ၂၇ ရက်နေ့ထိ ၅ ရက်တာ ဒရုန်းမစ်ရှင်ဖော်ဆောင်ခဲ့တယ်လို့ Shwebo Crocodile အဖွဲ့ထံက သိရပါတယ်။