ကျွန်းစုမြို့နယ်အတွင်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ နာမည်သုံးပြီး ကျေးရွာတွေမှာ လိမ်လည်ငွေညှစ် အလှူခံနေသူ ၁ယောက်ကို ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးနေစဥ် ထွက်ပြေးတာကြောင့် ပစ်ခတ်ဖမ်းဆီးလိုက်ရကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ပါတယ်။

ကျွန်းစုမြို့နယ် ကဘင်ကျေးရွာအုပ်စု၊ မိုင်းတွေးကျေးရွာနေ ပြည်သူတစ်ယောက်ဆီမှာ ကျွန်းစု ပကဖ တာဝန်ခံက အလှူခံခိုင်းတယ်ဆိုပြီး ကျော်ဝင်း (ခ) ထောင်မှူးဆိုသူက ငွေကျပ် ၂၇ သိန်း တောင်းယူခဲ့တယ်လို့ သတင်းရတာကြောင့် သွားရောက်ဖမ်းဆီးထိန်းသိမ်းကာ စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့လို ဖမ်းဆီးစစ်ဆေးနေရင်း နိုဝင်ဘာ ၃၀ ရက် ညသန်းခေါင်အချိန်မှာ ကျော်ဝင်းဆိုသူက သူ့ကိုခတ်ထားတဲ့ လက်ထိပ်ကို ချွတ်ထားခဲ့ကာ ထွက်ပြေးခဲ့တာကြောင့် လိုက်လံဖမ်းဆီးရာ ပြန်လည်ခုခံတဲ့အတွက် ဒီဇင်ဘာ ၁ ရက် နေ့လယ် ၁၂ နာရီခွဲခန့်မှာ ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ကျော်ဝင်း (ခ) ထောင်မှူး ဆိုသူကို စစ်ဆေးချက်အရ သူအပါအဝင် ၅ ယောက်အဖွဲ့ဟာ လွန်ခဲ့တဲ့ ၂နှစ်ကတည်းက တယ်လီဖုန်းနဲ့ ဆက်သွယ်ကာ ပန်းဇင်ရွာ အုပ်ချုပ်ရေးမှူး ဝင်းလတ်ထံက ၂၅သိန်း၊ မိုင်းတွေးကျေးရွာမှာ ၂၇ သိန်းနဲ့ တခြား ကျေးရွာအသီးသီးက အုပ်ချုပ်ရေးမှူးတွေထံမှာလည်း ခြိမ်းခြောက်ငွေတောင်းခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် ဘဒ္ဒနဲကျေးရွာအုပ်စု၊ သဲဖြူကျွန်းမှာလည်း သူတို့ရဲ့ ခြိမ်းခြောက်ငွေတောင်းခံမှုကြောင့် ရွာသားတွေ ကြောက်လန့်ပြီး ကျပ် သိန်း ၄၀ ကျော်ကို Wave Pay နဲ့ ပေးဆောင်ခဲ့ရသလို မိုင်းတွေးကျေးရွာ ကျောင်းထိုင်ဆရာတော်ထံမှာလည်း ကျပ် သိန်း ၃၀၀ ခြိမ်းခြောက်တောင်းခံခဲ့ကြောင်း စုံစမ်းသိရှိရတယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

ဖမ်းဆီးခံရပြီး ခုခံထွက်ပြေးမှုကြောင့် ရှင်းလင်းခံရသည့် ကျော်ဝင်း (ခ) ထောင်မှူး

ကျော်ဝင်း (ခ) ထောင်မှူးတို့အဖွဲ့ဟာ တနင်္သာရီမြို့နယ် ပကဖ တာဝန်ခံ ဖိုးတက်တိုး နာမည်ကို အလွဲသုံးစားလုပ်ပြီးတော့လည်း ဖိုးဆေးတံဆိုတဲ့ နာမည်ပြောင်နဲ့ လိမ်လည် ခြိမ်းခြောက် ငွေတောင်းခံမှုတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ပန်းဇင်ရွာသား ကျော်ဝင်း (ခ) ထောင်မှူးဟာ ပန်းဇင်ရွာ ကြံ့ခိုင်ရေးပါတီက ပျူစောထီးခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ တင်စိုး ဆိုသူရဲ့ ညီတစ်ဝမ်းကွဲဖြစ်သလို နောက်ထပ် ကြံရာပါ ၄ယောက်ရဲ့ နာမည်နဲ့ နေရပ်လိပ်စာတွေကိုလည်း ကျွန်းစု ပကဖ က စစ်ဆေးချက်အရ သိရှိထားပြီးဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

“လက်ထိပ်ကို သူ့အစွမ်းနဲ့ ချွတ်ချခဲ့တာ။ ဒါကလည်း ပညာတစ်မျိုးပဲထင်တယ်။ အဲ့လူက တော်တော်ဖျတ်လတ်တယ်။ ရဲဘော်ဆီက လက်နက်အတင်းဝင်လုဖို့ ကြိုးစားတာ။ အဖမ်းမခံတဲ့အဆုံး ပစ်လိုက်ရတာ။ တောထဲဆိုတော့ ဖမ်းရခက်တယ်။ ကျန်တဲ့ ၄ ယောက်က ဖမ်းမှာပါ။  အခုဆက်စုံစမ်းဆဲပါ” ကျွန်းစု ပကဖ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

0 Shares:
You May Also Like
Read More

BPLA ကအညာဒေသအတွက် တပ်သားသစ်တွေကိုခေါ်ယူနေ

အညာဒေသမှာ စစ်ရေးတွေဖော်ဆောင်မယ့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်BPLA က တပ်သားသစ်များကို စတင်ခေါ်ယူနေပြီဖြစ်တယ်လို့ အသိပေးထုတ်ပြန်ပါတယ်။
Read More

ရိဒ်ခေါ်ဒါရ်မြို့မှ CNDF တပ်များ ပြန်လည်ဆုတ်ခွာ၊ ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား ဆွေးနွေးမှုများ ဆက်လက်ရှိနေ …

" မြေပြင်စစ်ရေးဖိအားကြောင့် CNO/CNDF က ပြန်လည်ဆုတ်ခွါသွားတာပါ။ အခုလက်ရှိမှာတော့ မူလ ဒေသခံပြည်သူတွေ လက်ထဲ ပြန်ရောက်ပါပြီ။ Rihkhuadar စစ်ရှောင်တွေ ၈၀ ရာခိုင်နှုန်းလောက်တော့ ပြန်လာနေကြပြီ" လို့ CNF ရဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဗန် က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

KNU ဌာနချုပ်နေရာကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်၊ KNLA တပ်သား ၁ ဦး ထိခိုက်ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး (KNU) ဌာနချုပ်ကို အကြမ်းဖက်စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

Justice Soldier PDF တပ်ဖွဲ့မှ သင်တန်းသားသစ်များ စိစစ်ခေါ်ယူနေ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ Justice Soldier PDF တပ်ဖွဲ့က သင်တန်းသားသစ်တွေကို စိစစ်ခေါ်ယူနေတယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။
Read More

ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်တပ် လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသူ စစ်ဘေးရှောင်ပြည်သူ ၅ ဦးအထိ ရှိလာ

ရခိုင်ပြည်နယ်ရှိ ရက္ခိုင့်တပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပြင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် သေဆုံးသူ စစ်ဘေးရှောင်ပြည်သူ ၅ ယောက်အထိရှိလာပြီလို့ ဒေသခံတွေနဲ့ ဒေသတွင်းသတင်းဌာနတွေရဲ့ ဖော်ပြမှုအရ သိရပါတယ်။
Read More

နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူအဖြစ်မှ ဦးကျော်ဇော် အနားယူ

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။