အာဏာသိမ်းစစ်တပ်က ကျင်းပပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံ့ချကြောင်း ကမ္ဘာ့နိုင်ငံအသီးသီးက ကရင်အဖွဲ့အစည်း ၂၅ ဖွဲ့က ပူးတွဲထုတ်ပြန်လိုက်ပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ကရင်ပြည်နယ်အတွင်း နေအိမ်၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဝတ်ပြုရာနေရာ အဆောက်အအုံတွေအပါအဝင် ပြည်သူလူထုကို ပစ်မှတ်ထားပြီး လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာကြောင့် နေစဥ်နဲ့အမျှ ပြည်သူတွေ ထိခိုက်သေဆုံးကာ နေအိမ် အဆောက်အဦးတွေ ပျက်စီးဆုံးရှုံးနေကြရတယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်ရဲ့ ဒီလို ရက်စက်ကြမ်းကြုတ်မှုတွေကို မျက်မြင်တွေ့နေရပါလျက် ကရင်လက်နက်ကိုင်အဖွဲ့တချို့၊ ကရင်ပါတီတချို့နဲ့ ကရင်လူမျိုး တချို့ဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို ထောက်ခံနေမှုတွေအပေါ်မှာလည်း အထူးစိတ်ပျက်မိကြောင်း အဆိုပါ ကရင်အဖွဲ့အစည်းတွေက ဆိုထားပါတယ်။

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ စစ်တပ်လက်ပါးစေ ကြံ့ခိုင်‌ရေးပါတီ မဲဆွယ်ဆိုင်းဘုတ်တစ်ခု

ဘယ်လိုမှ တရားမျှတမှုမရှိနိုင်တဲ့ အတုအယောင်ရွေးကောက်ပွဲကို ပြည်သူတွေအနေနဲ့ ကိုယ့်ရဲ့မဲတပြားနဲ့ တရားဝင်မှုပေးလိုက်ရင် မြန်မာ့နိုင်ငံရေးပြဿနာတွေ ပိုမိုအဓွန့်ရှည်ကြာနိုင်သလို စစ်အုပ်စု ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် အရေးယူနိုင်မယ့် လုပ်ဆောင်မှုတွေကိုပါ ပျက်ပြားသွားစေနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့ကြောင့် အဆိုပါ ရွေးကောက်ပွဲအတုကို မြန်မာပြည်သူတရပ်လုံး ဆန့်ကျင်ကြဖို့လိုသလို နိုင်ငံတကာ သံတမန်တွေအနေနဲ့လည်း အသိအမှတ်မပြုဖို့၊ အပြင်းအထန် ကန့်ကွက်ကြောင်း သဘောထားတွေ ခိုင်ခိုင်မာမာ ပြသဖို့ တောင်းဆိုကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

ဒီပဲယင်းမြို့နယ် ပြည်သူ့အခြေပြုစာသင်ကျောင်းများမှာ လုံခြုံစွာ ပညာသင်ကြားနိုင်ရေးအတွက် ဒေသခံပညာရေးဝန်ထမ်းများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ ပြည်သူ့အခြေပြုစာသင်ကျောင်းတွေမှာ ကလေးငယ်တွေ လုံခြုံစွာ ပညာသင်ကြားနိုင်ရေးအတွက် ဒေသခံပညာရေးဝန်ထမ်းတွေ၊ ရပ်မိရပ်ဖတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပျူစောထီးရွာက နှမ်းတွေသယ်ဆောင်လာတဲ့ ကားနှစ်စီးကို တော်လှန်ရေးအင်အားစုတွေ ဖမ်းဆီးနိုင်ခဲ့

ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်း ပျူစောထီးရွာအတွင်းက သယ်ထုတ်လာတဲ့ နှမ်းတင်းပေါင်း ၃၀၀ နီးရှိသော ကား ၂ စီးကို ဖမ်းမိခဲ့တယ်လို့ ယောအလင်းတန်းထံက သိရပါတယ်။
Read More

မင်းလှမှာ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေသူတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြင်းထန်စွာ အရေးယူမယ်

ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်မှာ မူးယစ်ဆေးဝါးရောင်းချမှုတွေကို ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နေတာကြောင့် ဖြန့်ဖြူးရောင်းချနေသူတွေကို ပြင်းထန်စွာ အပြစ်ပေး အရေးယူမယ်လို့ မင်းလှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်လာပါတယ်။
Read More

အမေရိကန်ဖွား ကာဒီနယ် ရောဘတ် ဖရန်စစ် ပရက်ဗော့စ်ကို ပုပ်ရဟန်းမင်းသစ်အဖြစ် ကြေညာ

ရိုမန်ကတ်သလစ်ကျောင်းတော်ရဲ့ ၂၆၇ ယောက်မြောက် ပုပ်ရဟန်းမင်းကြီးအဖြစ် အသက် ၆၉ နှစ်အရွယ် အမေရိကန်ဖွား ကာဒီနယ် ရောဘတ်ဖရန်စစ်ပရက်ဗို့စ်ကို ပုပ်ရဟန်းမင်းသစ်အဖြစ် ဗာတီကန်မှာ ကြေညာလိုက်ပြီဖြစ်ပါတယ်။
Read More

ဝက်လက်မြို့နယ်အရှေ့ခြမ်းတွင် ဒီဇင်ဘာတစ်လအတွင်း စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု (၁၄) ကြိမ်ထိ ပြုလုပ်ခဲ့

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု (၁၄) ကြိမ်ထက်မနည်း ပြုလုပ်ခဲ့တယ်လို့ သံဃာတော်တွေအပါအဝင် အရပ်သားပြည်သူ ဒါဇင်နဲ့ချီ သေဆုံးခဲ့ရတယ်လို့ Wetlet Information Network ကဒီနေ့ ဇန်နဝါရီ ၁ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မီးဖြတ်ခံရတာကြောင့် ထိုင်းထုတ်ကုန်တွေ မသုံးဖို့ မြဝတီက မဘသတချို့ ဆန္ဒပြနေ…

ကရင်ပြည်နယ်ရှိ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့ကို ထိုင်းနိုင်ငံက လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှုကို ရပ်တန့်လိုက်ပြီးနောက် မြဝတီမြို့က စစ်တပ်ထောက်ခံသူ မဘသတွေက ထိုင်းနိုင်ငံထုတ်ကုန်တွေကို သပိတ်မှောက်ဖို့ ဆန္ဒပြထုတ်ဖော်မှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။