စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်း အင်အား ၁၀၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ အများသေဆုံးပြီး စစ်ကြောင်းပျက်တဲ့အထိ ဖြစ်ခဲ့တယ်လို့ ပကဖ၊ ရွှေဘိုမြို့နယ်၊ NUGမှ ယနေ့သတင်းထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၂၇ ရက် နံနက်ပိုင်းက ဝက်လက်မြို့နယ် စိုင်နိုင်လေးရွာအတွင်း အင်အား ၁၀၀ ခန့်နဲ့ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ ၄ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အထိနာသွားတဲ့ အကြမ်းဖက်စစ်တပ်ဟာ တိုက်ပွဲအတွင်း ရွှေဘိုခလရ ၄၂ ကနေ ဟောင်ဝှစ်ဆာ လက်နက်ကြီးနဲ့ ၁၉ ကြိမ် ပစ်ကူပေးခဲ့ပြီး မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ စက်တပ်လေထီးယာဉ် ၃ စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် အထိနာသွားတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းအား အင်အားဖြည့်ရန်အတွက် ရွှေဘိုမြို့ တောင်ဘက်ကနေ ထွက်လာတဲ့ တပ်မ ၃၃ လက်အောက်ခံတပ်နဲ့ ပျူစောထီး ပူးပေါင်းအင်အား ၇၀ ခန့်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃၀ ကျော် သေဆုံးပြီး စစ်ကြောင်းပျက်ကာ ရွှေဘိုမြို့တောင်ဘက်သို့ ပြန်လည်ဆုတ်ခွာထွက်ပြေးသွား တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ရွှေဘိုမြို့နယ်ပကဖ တိုက်ခိုက်ရေး(PDO)အဖွဲ့၊  တိုက်နယ် (၁၊၂၊၃၊၄၊၅၊၆)ပကဖတိုက်ခိုက်ရေးအဖွဲ့များ၊ဒီပဲယင်းမြို့နယ်ပကဖ ဂဠုန်မင်းတိုက်ခိုက်ရေးအဖွဲ့နှင့် ရွှေဘိုမြို့နယ် ပကဖ Droneအဖွဲ့ ၊ တိုက်နယ်(၅)ပကဖ Drone အဖွဲ့နှင့် မဟာမိတ်ညီနောင်တပ်ရင်းများဖြစ်ကြသော(ရွှေဘိုခရိုင်တပ်ရင်း၁၅၊ ၁၈၊၂၃၊ ၂၆၊ ၉၇၀၆- Together  We  Can)တို့ကပူးပေါင်းလုပ်ဆောင်ခဲ့ပြီး တော်လှန်ရေးပူးပေါင်းအဖွဲ့ ဘက်မှ ရဲဘော် ၄ ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရှိခဲ့သလို ညီနောင်မဟာမိတ်တပ်ရင်း ၉၇၀၆မှ တပ်ထောက်ဗိုလ် ၁ ဦး လက်နက်ကြီးစထိမှန်ခဲ့ကာ ထောက်ပို့လမ်းကြောင်းအား မိုင်းဖြတ်တောက်ရေးတွင်လည်း ရွှေဘိုမြို့နယ်ပကဖ ရဲဘော် ၁ ဦးတို့ မြင့်မြတ်စွာ ကျ ဆုံးခဲ့ရတယ်လို့ သိရပါတယ်။

Video – ပကဖ၊ ရွှေဘိုမြို့နယ်၊ NUG

0 Shares:
You May Also Like
Read More

MBT ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၁၉ သင်တန်းဆင်းပွဲ (ရုပ်/သံ)

Myingyan Black Tiger (MBT) ၊ မြင်းခြံခရိုင်အမှတ် (၉) တပ်ရင်းရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၁၉) သင်တန်းဆင်းပွဲအခမ်းအနားကို ဇူလိုင် ၂၆ ရက်မှာ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်ကုန်-ပြည်ကားလမ်းပေါ်မှာ ပေါ်တာဆွဲဖို့လာတဲ့ စစ်အုပ်စုတိုက်ခိုက်ခံရပြီး ဒုရဲအုပ်အပါအဝင် ၆ ဦးသေဆုံးကာ သေနတ် ၂ လက် သိမ်းဆည်းရရှိ (ရုပ်/သံ)

ပဲခူးတိုင်း အုတ်ဖို့မြို့နယ်အတွင်း စစ်ဆေးရေးဂိတ်ကနေ ပေါ်တာဆွဲဖို့လာတဲ့ စစ်အုပ်စုကို တိုက်ခိုက်ခဲ့ရာ ဒုရဲအုပ် ဇော်ထွန်းဝင်းအပါအဝင် ၆ ဦး သေဆုံးခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရွှေဘိုမြို့နယ်အတွင်း ပျူစခန်းအနီး စိုက်ကွင်းတွေမှာ စပါးရိတ်သိမ်းနိုင်ဖို့ ပြည်သူတွေကို မိုင်းကွင်းတွေနဲ့ ကာကွယ်ပေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် အနောက်ခြမ်း ပျူစခန်းအနီးမှာ ပြည်သူတွေ စိုက်ပျိုးထားတဲ့ လယ်ယာတွေကို ရိတ်သိမ်းနိုင်ဖို့ တော်လှန်‌ရေးတပ်ဖွဲ့တွေက မိုင်းကွင်းတွေနဲ့ ကာကွယ်‌ပေးခဲ့တယ်လို့ Shwebo Crocodile အဖွဲ့ထံက သိရပါတယ်။
Read More

အမျိုးသားလွတ်မြောက်‌ရေးတပ်တော် အပတ်စဉ် ၅ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ကျင်းပပြီးစီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကဘော်ဒေသ တမူးမြို့နယ်အခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော် အပတ်စဉ် ၅ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားကို စက်တင်ဘာ ၃၀ ရက် မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ငလျင်ဒဏ်သင့်ဒေသများကို လေကြောင်းတိုက်ခိုက်နေသည့် အကြမ်းဖက်စစ်ကောင်စီဆန့်ကျင်ရေး ရန်ကုန်မှာ ဆန္ဒပြလှုပ်ရှားမှုပြုလုပ် (ရုပ်/သံ)

ငလျင်ဒဏ်သင့်ဒေသတွေကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီ အပေါ် ဆန့်ကျင်ရေးလှုပ်ရှားမှုအနေနဲ့ ရန်ကုန်မြို့မှာ ဆန္ဒပြသပိတ်လှုပ်ရှားမှုကို မတ်လ ၁၀ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ထားဝယ်နှင့် လောင်းလုံးမှာ စစ်ကောင်စီတပ်စခန်းများကို ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်၊ ၂ ယောက်ထက်မနည်း သေဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်နဲ့ ထားဝယ်မြို့နယ်တို့က စစ်ကောင်စီစခန်းတွေကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့  လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရုပ်သံနဲ့တကွ အသိပေးထုတ်ပြန်ပါတယ်။