ရေကြီးရေလျှံမှုဖြစ်ပွားနေတဲ့ ထိုင်းနိုင်ငံတောင်ပိုင်းဒေသ အနီးတဝိုက်ရှိ မြန်မာနိုင်ငံသားတွေအနေနဲ့ Certificate of identity- CI ပျောက်ဆုံး ပျက်စီးတာနဲ့ ငွေပေးသွင်းထားပြီး ပြုလုပ်ဖို့ ကျန်ရှိနေရင် နီးစပ်ရာ ဘယ် CI စခန်း မှာမဆို သွားရောက်လျှောက်ထားနိုင်တယ်လို့ အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။

ရေကြီးရေလျှံမှုဖြစ်ပွားနေတဲ့ ထိုင်းနိုင်ငံ ဆုန်ကလာခရိုင် ဟတ်ယိုင်မြို့အနီးတဝိုက်ရှိ မြန်မာအလုပ်သမားတွေအ နေနဲ့ CI စာအုပ်ပျောက်ဆုံးတာ၊ ပျက်စီးတာ၊ ငွေပေးသွင်းထားကာ စာအုပ်ပြုလုပ်ဖို့ ကျန်ရှိနေပြီး ငွေပေးသွင်းထားတဲ့ စခန်းတွေကို သွားရောက်ဖို့ အခက်အခဲရှိနေရင် နီးစပ်ရာ CI စခန်းတွေမှာ သွားရောက်လျှောက်ထား လုပ်ဆောင်နိုင်တယ်လို့ ဆိုပါတယ်။

အဲဒီလို လျှောက်ထားမယ်ဆိုရင် CI လျှောက်ထားသူရဲ့ ကိုယ်ရေးအချက်အလက်ကို စခန်းရှိ အချက်အလက်နဲ့ တိုက်ဆိုင်စစ်ဆေးပြီး လုပ်ထုံးလုပ်နည်းနဲ့အညီ စာအုပ်ပြန်ထုတ်ပေးသွားမှာဖြစ်တယ်လို့ အလုပ်သမားဦးစီးဌာနက ဆိုပါတယ်။

ဒါပေမယ့် CI သက်တမ်းတိုး လျှောက်ထားလိုသူတွေအတွက်တော့ အခုလ ၂၁ ရက် နောက်ဆုံးထားပြီး သက်တမ်းတိုး လျှောက်ထားရမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဘယ်သူဘယ်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of identity-CI) ထုတ်ပေးရေးစခန်းတွေကို စမုစခွန်၊ စမုပရာကန်၊ ချင်းမိုင်၊ ဆူရတ်ဌာနီတို့မှာ ဖွင့်လှစ်ပေးထားတာဖြစ်သလို မိုလ်ဘိုင်းယူနစ်တစ်ခုကိုလည်း ကရာဘီမြို့မှာ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ ရက်ကစလို့ ထိုင်းနိုင်ငံတောင်ပိုင်းမှာ ရေကြီးနစ်မြုပ်မှု ဖြစ်ပွားခဲ့တဲ့ ဆုန်ကလာခရိုင်နဲ့ ဆသွန်ခရိုင်တွေမှာ မြန်မာရွှေ့ပြောင်းလုပ်သား သောင်းနဲ့ချီ ရှိနေပြီး ရေဘေးသင့်ဒဏ်ကို ထောင်နဲ့ချီ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

အဆိုပါရေကြီးရေလျှံမှုဟာ ထိုင်းနိုင်ငံတောင်ပိုင်းဒေသမှာ အဆိုးရွားဆုံး ကြုံတွေ့ရတဲ့ သဘာဝဘေးအန္တရာယ် ဖြစ်ပြီး ထိုင်းအာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်အရ လူပေါင်း ၂၀၀ နီးပါး သေဆုံးနိုင်ချေရှိကာ နေအိမ်၊ အဆောက်အအုံနဲ့ လမ်းတံတားတွေ အတော်များများ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဝိုင်း မကူညီရင် အသံနှင့် အမှန်တရားများ တိတ်ဆိတ်သွားနိုင်သည့် မြန်မာနိုင်ငံမှ သတင်းမီဒီယာများကို အကူအညီပေးကြရန် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် တိုက်တွန်း 

မြန်မာနိုင်ငံက လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို ပံ့ပိုးရပ်တည် ကူညီပေးဖို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကင်မ်အဲရစ် (ခ) ကိုထိန်လင်း က ဒီနေ့မှာ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

မြန်မာ့အရေး အခြေအနေပိုဆိုးလာချိန် နိုင်ငံတကာက တုံ့ပြန်ရန် ပျက်ကွက်နေသည်ဟု ကုလလူ့အခွင့်အရေးအရာရှိ ဝေဖန်

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ မမြင်ရတဲ့ အကျပ်အတည်းကို တုံ့ပြန်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းက ပျက်ကွက်နေတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ တွမ်အမ်ဒရူးက အောက်တိုဘာလ ၂၉ ရက် ဗုဒ္ဓဟူးနေ့မှာ ဝေဖန်လိုက်ပါတယ်။
Read More

အသက်မပြည့်သေးသူ ဂျပန်အမျိုးသားတစ်ဦး ငွေလိမ်ဂိုဏ်းတွေကနေ လွတ်မြောက်လာ၊ ငွေလိမ်ဂိုဏ်းတွေမှာ ဂျပန် ၁၀ ဦးကျော် ပိတ်မိနေဟုပြော

ထိုင်း-မြန်မာနယ်စပ် ငွေလိမ်ဂိုဏ်းတွေမှာ အတင်းအကျပ် လုပ်အားပေးစေခိုင်းခံရတဲ့ အသက် ၁၆ နှစ်အရွယ် ဂျပန်အမျိုးသားတစ်ယောက် ပြန်လည်လွတ်မြောက်လာပါတယ်။
Read More

အီရန်နှင့် အစ္စရေး အပစ်ရပ်ရေး အပြည့်အဝ သဘောတူပြီး ၁၂ ရက်ကြာ စစ်ပွဲ အဆုံးသတ်ပြီဟု ထရမ့် ကြေညာ

အီရန်နှင့် အစ္စရေး အပစ်ရပ်ရေး အပြည့်အဝ သဘောတူပြီး ၁၂ ရက်ကြာ စစ်ပွဲ အဆုံးသတ်ပြီဟု ထရမ့် ကြေညာ...နဲ့ အီရန်အကြား ၁၂ ရက်ကြာမြင့်ခဲ့တဲ့ အပြန်အလှန်ပစ်ခတ်မှုတွေအပြီး အပြီးတိုင် အပစ်ရပ်ဖို့ အပြည့်အဝ သဘောတူလိုက်ပြီဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က သူ့ရဲ့ ဆိုရှယ်မီဒီယာကနေ ရေးသားဖော်ပြထားပါတယ်။
Read More

ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခသည်များအတွက် ဒေါ်လာ သန်းတစ်ထောင်နီးပါး ကုလ အကူအညီတောင်း

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည် တစ်သန်းခွဲနဲ့ သူတို့အိမ်ရှင်တွေအတွက် အခုနှစ်အတွင်း ကယ်ဆယ်ရေးအကူအညီ အမေရိကန်ဒေါ်လာ ၁ ဘီလီယံနီးပါး တောင်းခံထားကြောင်း ကုလသမဂ္ဂက မတ်လ ၂၄ ရက်မှာ ကြေညာခဲ့ပါတယ်။ 
Read More

ကန်ချနဘူရီမှာ အထောက်အထားမဲ့ မြန်မာလုပ်သား ၇၀ ဦး ထပ်မံ ဖမ်းဆီးခံရ

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီ၊ စံခလဘူရီမှာ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ မြန်မာလုပ်သား အယောက် ၇၀ ကို အာဏာပိုင်တွေက ထပ်မံဖမ်းဆီးလိုက်ပါတယ်။