အာဏာသိမ်းလိုက်လို့ ကျဆင်းသွားတဲ့ နိုင်ငံစီးပွားရေးကို မြှင့်တင်ဖို့အတွက် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတွေ့ဆုံပွဲမှာ ပြည်တွင်းထုတ်လုပ်မှု  (GDP) တိုးတက်အောင် လုပ်ကြဖို့ ပြောဆိုခဲ့ပါတယ်။

နိုဝင်ဘာ ၃၀ ရက်နေ့က ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံမှာကျင်းပတဲ့ UMFCCI  ၃၄ နှစ်ပြည့် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးကို တက်ရောက်ချိန်မှာ သူက အခုလို ပြောဆိုလိုက်တာပါ။

အဆိုပါပွဲကို UMFCCI အဖွဲ့ဝင်ကုန်သည်ကြီးတွေ၊ ခရိုနီတွေတက်ရောက်ပြီးတော့ ကမ္ဘောဇဘဏ် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းလည်း ပါဝင်တက်ရောက်တယ်လို့သိရပါတယ်။

“နိုင်ငံတစ်နိုင်ငံရဲ့ ချမ်းသာကြွယ်ဝတာကို GDP နဲ့တိုင်းတာဖြစ်လို့ GDP တိုးတက်ရေးအတွက် လယ်ယာကဏ္ဍာ၊ စက်မှုကဏ္ဍာနဲ့ ဝန်ဆောင်မှုကဏ္ဍာတွေကို တိုင်းတာရတာဖြစ်ပြီးတော့ GDP အားနည်းနေတာတွေ့တယ်” လို့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ GDP ဟာ အားနည်းနေပြီး လယ်ယကဏ္ဍက အဓိကကျတာဖြစ်လို့ လယ်ယာကဏ္ဍကနေတဆင့် စက်မှုလုပ်ငန်းနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေလည်း တိုးတက်လာမယ်လို့ သူက ထပ်မံပြောဆိုခဲ့ပါသေးတယ်။

ပြည်တွင်းပဋိပက္ခနဲ့ သဘာဝဘေးအန္တရာယ်တွေက မြန်မာနိုင်ငံရဲ့ စီးပွားရေးကို ဆိုးရွားစွာထိခိုက်စေခဲ့တယ်လို့ ကမ္ဘာ့ဘဏ်ကလည်း ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးတဲ့ ၂၀၂၁ ခုနှစ်မှာ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေ ထွက်ခွာသွားတာ၊ စက်ရုံပိတ်သိမ်းတာ၊ ထောက်ပံ့ရေးကွင်းဆက် အခက်အခဲတွေ၊ လုပ်သားရှားပါး ပြတ်လပ်မှုတွေနဲ့ ကဏ္ဍအသီးသီးက ကုန်ထုတ်လုပ်ငန်းတွေ ပြတ်တောက်သွားတာကြောင့် မြန်မာ့စီးပွားရေးကျဆင်းသွားရတယ်လို့ ကမ္ဘာ့ဘဏ်က ဆိုထားပါတယ်။

လက်ရှိငွေကြေးဖောင်းပွမှုနှုန်းဟာ နှစ်စဉ်ပျှမ်းမျှအနေနဲ့ ၂၆ ရာခိုင်နှုန်းဆက်ရှိမယ်လို့ခန့်မှန်ထားပြီး  လာမယ့်ဘဏ္ဍာနှစ်မှာ ၃၀ ရာခိုင်နှုန်းအထိရောက်ရှိမယ်လို့ ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ – ၂၀၂၅ ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံရဲ့ GDP က အမေရိကန်ဒေါ်လာ ၇၆ ဒသမ ၄ ဘီလီယံရှိပြီး ၂၀၂၅ – ၂၀၂၆ ဘဏ္ဍာနှစ်မှာတော့ အမေရိကန်ဒေါ်လာ ၈၁ ဒသမ ၆ ဘီလီယံထိရရှိဖို့ ကြိုးစားဆောင်ရွက်နေတယ်လို့ အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်က ဆိုထားပါသေးတယ်။

မြန်မာနိုင်ငံရဲ့ ပြည်တွင်းထုတ်လုပ်မှု (GDP) ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခတွေဖြစ်ပွားပြီးတဲ့နောက် ကုန်ထုတ်လုပ်မှုလျော့နည်းခဲ့သလို ငလျင်သဘာဝဘေးကြောင့် စီးပွားရေးလုပ်ငန်းတွေထပ်မံထိခိုက်ပြီး GDP ဟာ အနုတ် ၂ ဒသမ ၅ အထိကျဆင်သွားတယ်လို့  ဇွန်လမှာ ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

တော်လှန်ရေးခံယူချက် မခိုင်မာ၊ စည်းကမ်းမလိုက်နာရင် တောထဲ မလာပါနဲ့ ဆိုတဲ့  Giant Dragon Column

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်း စစ်ဒေသ၊ စစ်ဒေသခွဲ (၂)၊ ပဲခူးခရိုင် အမှတ် (၁) တပ်ရင်း Giant Dragon Column က တပ်သားသစ်တွေ ခေါ်ယူနေပါတယ်။
Read More

ရွှေဘိုခရိုင်အတွင်း စစ်ဆင်ရေးနယ်မြေတစ်နေရာမှာ ရေဦး PDF ရဲဘော် ၃ ဦးကျဆုံးခဲ့…

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်း စစ်ဆင်ရေးနယ်မြေ တစ်နေရာမှာ တော်လှန်ရေးရဲဘော် ၃ ယောက် ကျဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရွှေဘိုခရိုင်အမှတ် (၁၄) တပ်ရင်း - ရေဦး PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် (၃) ဦး အပါ ပြည်သူ (၅) ဦး ဒဏ်ရာရရှိခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၅) ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် (၉) လုံး ထိခိုက် ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပဲခူးရိုးမက တိုက်ပွဲတွေမှာ စစ်တပ်က လူအင်အားအလုံးအရင်းနဲ့ အသေခံ စစ်ကြောင်းထိုးလာတာကြောင့် တော်လှန်ရေးတပ်တွေ ဆုတ်ခွာနေရ…

ပဲခူးတိုင်းအနောက်ခြမ်းက ပဲခူးရိုးမပေါ်မှာ နေ့စဉ်နဲ့ အမျှ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်တပ်က အသေခံ စစ်ကြောင်းထိုးလာတာကြောင့် တော်လှန်ရေးတပ်တွေက တဖြေးဖြေးချင်း ဆုတ်ခွာနေရတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ဖျာပုံမြို့ပေါ် နေရာတချို့မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ စစ်မှုထမ်းထောက်ပံ့ကြေးဆိုပြီး လစဉ်ငွေကြေးကောက်ခံနေ

ဧရာဝတီတိုင်း မြို့ပေါ်ရပ်ကွက်တွေမှာရှိတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဟာ စစ်မှုထမ်းတွေကို ထောက်ပံ့ဖို့ဆိုပြီး ရပ်ကွက်အတွင်း နေထိုင်သူတွေဆီကလစဉ် ငွေကြေးကောက်ခံမှုတွေ လုပ်ဆောင်နေကြောင်း ဖျာပုံမြို့ နေထိုင်သူတွေဆီက သိရပါတယ်။
Read More

သိမ်းပိုက်ထားသည့် မြို့များ စစ်ကောင်စီကို ပြန်ပေးရန် အစီအစဥ်မရှိ၊ စစ်အာဏာရှင်အမြစ်ဖြတ်ရေး NUG အပါ မဟာမိတ်များနှင့် ဆက်လက်လက်တွဲမည်

အကြမ်းဖက်စစ်အုပ်စုက မြို့တွေကို ပြန်ပေးဖို့ တောင်းဆိုထားတာကို သဘောမတူနိုင်သေးသလို စစ်အာဏာရှင်အမြစ်ပြတ်ရေး ရပ်တည်ချက်အတိုင်း ဆက်လက်ရှိနေမယ်လို့ တအာင်းတပ်မတော် TNLA က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။