စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်ကနေ အင်အား ၈၀ ခန့်နဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်း ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ကျော်သေဆုံးခဲ့တယ်လို့ လျှပ်စီးမုန်တိုင်း ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၂၇ ရက် နေ့လယ်ပိုင်းက ရွှေဘိုမြို့ တောင်ဘက်ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၂၀ ကျော်သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ကာ တော်လှန်ရေးပူးပေါင်းတပ်တွေက နယ်မြေရှင်းရေးလုပ်ဆောင်ခဲ့ရာ စစ်သားအလောင်းတွေကိုလည်း တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ရွှေဘိုမြို့နယ် လျှပ်စီးမုန်တိုင်းပြောက်ကျားတပ်ဖွဲ့ ပလိုင်းပကဖနဲ့ တော်လှန်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက လုပ်ဆောင်ခဲ့တာဖြစ်ပြီး အထိနာသွားတဲ့ အကြမ်းဖက်စစ်တပ်က ရွှေဘိုမြို့ပေါ်ကနေ ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

Video – လျှပ်စီးမုန်တိုင်း ပြောက်ကျားတပ်ဖွဲ့

0 Shares:
You May Also Like
Read More

ရေစကြိုမြို့နယ်အတွင်း စစ်ကြောင်းထိုးပြီး အရပ်သားနေအိမ်တွေကို မီးရှို့နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲအပြင်းအထန်ဖြစ်ပွား (ရုပ်/သံ)

မကွေးတိုင်း ရေစကြိုမြို့နယ် တောင်အိုတာတိုင်စစ်ဆေးရေးဂိတ်ရှိ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးပူးပေါင်းအင်အား ၈၀ ခန့်ဟာ ဒီဇင်ဘာ ၁ ရက်က ကမ္ဘဲ့ကျေးရွာသို့ စစ်ကြောင်းထိုးလာပြီး အရပ်သားပြည်သူတွေရဲ့ နေအိမ်ရှိ တန်ဖိုးရှိပစ္စည်းတွေကို ခိုးယူကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီး နေတဲ့အတွက် ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါ တယ်။
Read More

အကြမ်းဖက်စစ်တပ်ရဲ့ ခမရ ၅၉၈ တိုက်ပွဲအတွင်း ကျဆုံးခဲ့ရတဲ့ နဂါးဖြူတပ်ရင်း ရဲဘော် ၃ ယောက်အား အမိန့်ပြန်တမ်းထုတ်ပြန် (ရုပ်/သံ)

ပဲခူးတိုင်း ရွှေကျင်မြို့နယ် ညောင်ခြေထောက်ကျေးရွာရှိ အကြမ်းဖက်စစ်တပ်ရဲ့ ခမရ ၅၉၈ စခန်းကို တိုက်ခိုက်ခဲ့စဉ် ကျဆုံးခဲ့ရတဲ့ နဂါးဖြူတပ်ရင်းရဲဘော် ၃ ယောက်အား အမိန့်ပြန်တမ်း ထုတ်ပြန်ခဲ့တယ်လို့ White Dragon -P29904 မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြိုင်မြို့နယ် သရက်ကန်ရွာအနီး ကင်းပတ်လာတဲ့ ပျူစောထီး တိုက်ခိုက်ခံရပြီး သေဆုံး (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူခရိုင် မြိုင်မြို့နယ်အတွင်းရှိ သရက်ကန်ပျူစောထီးရွာအနီး ကင်းပတ်လာတဲ့ ပျူစောထီးတိုက်ခိုက်ခံရကာ သေဆုံးခဲ့တယ်လို့ TYK ပြောက်ကြားတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထား ပါတယ်။
Read More

ငါန်းဇွန်မြို့နယ် မင်းနေကုန်းကျေးရွာရှိ စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်စီးနင်းတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ် မင်းနေကုန်း‌ကျေးရွာမှာ အင်အား ၄၀ ခန့်နဲ့ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ဇန်နဝါရီ ၂ ရက် မနက်ပိုင်းက တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့ - မြင်းခြံ ထံက သိရပါတယ်။
Read More

တမူးမြို့နယ်မှာ ပြည်သူများကို စစ်ဆေးရေးလုပ်နေသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ၂ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ပန်းသာကျေးရွာမှာ ပြည်သူတွေကို စစ်ဆေးရေးလုပ်နေတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၂ ယောက်သေခဲ့တယ်လို့ Zo Army က ထုတ်ပြန်ထားပါတယ်။
Read More

ကင်မ် ကီလို ၈၀ ပြေးသည့် Challenge တွင် ယူကေရောက်မြန်မာများ ပါဝင်အားဖြည့် (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့်မွေးနေ့ အထိမ်းအမှတ် Challenge အနေနဲ့ သားဖြစ်သူ ကင်မ်က ကီလို ၈၀ ပြည့်အောင် ပြေးနေပါတယ်။