ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပြည်မြို့မှာ အကြမ်းဖက်စစ်ကော်မရှင် ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကို မြို့ခံပြည်သူတွေက ဆန့်ကျင်ကန့်ကွက်ကြောင်း ကမ်ပိန်းလုပ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

နိုဝင်ဘာ ၃၀ ရက် ဒီမနက်မှာ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်ပြုလုပ်မယ့် တရားမဝင် ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့အနေနဲ့ ဒေသခံပြည်သူတွေဟာ နေအိမ်တွေမှာပဲ အိမ်တွင်းသပိတ် ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

“ပြည်မြို့သားများ သွေးမအေးကြောင်း၊ အတုအယောင် ‌ရွေးကောက်ပွဲကို မဲမပေးစေလိုကြောင်း၊ နိုင်ကျဥ်းတွေဟာ အတုအယောင်ရွေးကောက်ပွဲအတွက် အသုံးအချခံများမဟုတ်ကြောင်း၊ စစ်မှန်တဲ့ရွေးကောက်ပွဲကို စစ်တပ်ကမလုပ် စစ်တပ်လုပ်ရင်လည်း စစ်မှန်တဲ့ ရွေးကောက်ပွဲမဟုတ်၊ သွေးမအေးကြောင်း ငါတို့ပြ၊ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြ၊ စစ်ကျွန်ဘဝ လွတ်မြောက်ရေး အတုအယောင်ရွေးကောက်ပွဲကို တိုက်ဖျက်ပေး” စတဲ့ တောင်းဆိုချက်တွေကို ရေးသားကာ ကမ်ပိန်းပြုလုပ်ခဲ့ကြပါတယ်။ 

ဒါ့အပြင် မကြာခင်ကျင်းပမယ့် ရွေးကောက်ပွဲဟာ ပြည်သူလူထုကို စစ်ဖိနပ်အောက် သွတ်သွင်းတဲ့ ရွေးကောက်ပွဲဖြစ်သလို အကြမ်းဖက်စစ်အုပ်စုအနေနဲ့ သက်တမ်းရှည်အောင် သက်တမ်းတိုးတဲ့ ရွေးကောက်ပွဲတစ်ခုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ 

“ကျနော်တို့ Covid ကာလကြီးထဲမှာရော ခက်ခက်ခဲခဲ ပြည်သူတွေက မဲရုံသွားပြီးတော့ တခဲနက် ထောက်ခံအားပေးတဲ့ပါတီ အနိုင်ရတယ်။ ဒါကို မဲစာရင်း မှားတယ်ဆိုပြီးတော့ သူတို့က အာဏာသိမ်းလိုက်တယ်။ ဒီလိုပဲ စစ်ကောင်စီက အကြောင်းအမျိုးမျိုးပြပြီးတော့ လုပ်နေဦးမှာ။ ဒါကြောင့် ဒီရွေးကောက်ပွဲဟာ လုံးဝ စစ်မှန်တဲ့ ရွေးကောက်ပွဲ မဟုတ်ဘူး။ ဒါကြောင့် ပြည်သူလူထုအနေနဲ့ ဒီစစ်ကောင်စီ ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့လည်း ပြောချင်ပါတယ်” လို့ သပိတ်မှာ ပါဝင်သူတစ်ယောက်က မောင်းကို ပြောပါတယ်။

နိုဝင်ဘာ ၂၁ ရက်နေ့ကလည်း ပြည်မြို့နယ်၊ ဝက်ထီးကန်နယ်မြေ၊ ကွင်းကြီးအုပ်စုမှာ မဲပေးပုံ မဲပေးနည်း သရုပ်ပြပွဲကို ဒေသခံတွေ တက်ရောက်လာခြင်းမရှိတာကြောင့် ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ ရပ်ကျေးစာရေးတို့ကို ပြည်မြို့နယ် ထွေအုပ်ရုံးကနေ ထုချေလွှာတောင်းတဲ့ ဖြစ်စဥ်လည်း ရှိခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

အရှိုချင်းကာကွယ်ရေးတပ် – ACDF ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် ( ၅ ) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အရှိုချင်းကာကွယ်ရေးတပ် - ACDF ရဲ့ ကိုယ်ပိုင်လေ့ကျင့်ရေးသင်တန်းကျောင်းမှာ ပထမဆုံးအကြိမ် ပြုလုပ်တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၅) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဖျာပုံ လွတ်လပ်ရေးနေ့အကြို ဖျော်ဖြေပွဲမှာ ဖြူဖြူထွေး ပါလို့ဆိုပြီး ကြိုတင်လက်မှတ်တွေကို စုတ်ဖြဲနေကြ

ဧရာဝတီတိုင်း ဖျာပုံမြို့မှာ လွတ်လပ်ရေးနေ့အကြို ဖျော်ဖြေပွဲအတွက် လက်မှတ်တွေ ကြိုတင်ရောင်းချထားခဲ့ပြီး အခုအခါ ဖျော်ဖြေပွဲမှာ ဖြူဖြူထွေး ပါလို့ဆိုပြီး ပွဲလက်မှတ်တွေကို ဆုတ်ဖြဲလွှင့်ပစ်တာတွေ၊ ဝယ်ပြီးသားကို ပြန်လည်ရောင်းချတာတွေ လုပ်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 
Read More

ညောင်ဦးတွင် စစ်ကော်မရှင် စစ်ကြောင်း၂ ခု မိုင်းဆွဲခံရပြီး ၁၈ ဦးထက်မနည်း သေဆုံး

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ကျောက်ပန်းတောင်း-ညောင်ဦးလမ်းပိုင်းမှာ စစ်ကြောင်းဝင် အကြမ်းဖက်စစ်အုပ်စုကြောင့် ကျေးရွာ ၇ရွာထက်မနည်း စစ်ဘေးတိမ်းရှောင်နေရကြောင်း ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) သတင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဖယ်ခုံ PDF ၁၀၀၆ တပ်ရင်း တည်ထောင်ခြင်း (၃) နှစ်ပြည့် အခမ်းအနား

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဖယ်ခုံ PDF (၁၀၀၆) တပ်ရင်းဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန - MOD ကနေ ပြည်သူ့ကာကွယ်ရေးတပ်အဖြစ် တရားဝင် အသိအမှတ်ပြုတည်ထောင်ပေးခဲ့တာ ဧပြီလ (၁၇) ရက် ဒီနေ့မှာ (၃) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

သာယာဝတီမှာ အမျိုးသမီးတွေကို စစ်မှုထမ်းစာရင်းကောက်ယူဖို့ စတင်ပြင်ဆင်နေ 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်က မြို့နယ်တွေမှာ အမျိုးသမီးတွေကို စစ်မှုထမ်းဖို့အတွက် စာရင်းကောက်ယူဖို့ ထွေအုပ်ရုံးတွေကနေ စတင် စာရင်းပြုစုတာတွေ လုပ်ဆောင်နေပြီလို့ ပြည်နယ်ထွေအုပ်ရုံးနဲ့ နီးစပ်သူတွေထံက သိရပါတယ်။ 
Read More

စိုးမိုးနယ်မြေအတွင်း အခွန်ကောက်ခံတာမရှိဘူးလို့ မုံရွာခရိုင် တပ်ရင်း (၂) ထုတ်ပြန်…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ စစ်ကိုင်းတိုင်းအခြေစိုက် မုံရွာခရိုင် ပြည်သူ့ ကာကွယ်ရေးတပ်မတော် တပ်ရင်း (၂) - အနောက်မြောက်လွင်ပြင် တော်လှန်ရေး အင်အားစု က စိုးမိုးနယ်မြေအတွင်း အခွန်ကောက်ခံတာ လုံးဝမရှိဘူးလို့ ထုတ်ပြန်လာပါတယ်။