ကရင်ပြည်နယ်၊ ကော့ကရိတ်၊ ကောင်းမှုကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်တပ်ဘက်က သေဆုံးသူများပြီး လက်နက်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်ထံမှ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၈ ရက်နေ့မှာ အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ကောင်းမှုကျေးရွာအရောက်မှာ တော်လှန်ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“သေတာရော… ဒဏ်ရာရတာကြောင့် ၁၅-၂၀ ဝန်းကျင်လောက်ရှိတယ်။ အခု စစ်ကြောင်းက နောက်ပြန်ဆုတ်သွားပြီး ခွေးပြေးဝက်ပြေး ပြေးနေရပြီ။ အကုန်ပြေးနေရတာပဲ” လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။

အဆိုပါ တိုက်ပွဲမှာ စစ်တပ်ဘက်က သေဆုံးသူတွေလည်း များပြားသလို အရှင်ဖမ်းဆီးရမိသူတွေလည်း ရှိနေတယ်လို့ သူကဆိုပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်တပ်သားတွေရဲ့ စစ်လက်နက် ပစ္စည်းများစွာကိုလည်း သိမ်းဆည်းရရှိထားတယ်လို့ ကနဦး သိရပါတယ်။

စစ်ကော်မရှင်တပ်သားတွေထံမှ သိမ်းဆည်းရရှိသည့် လက်နက်ပစ္စည်းတချို့ (ဓာတ်ပုံ ပေးပို့)

စစ်ကော်မရှင်တပ်တွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ အစောပိုင်းကတည်းက ကော့ကရိတ်မြို့ကို စစ်ကြောင်းထိုးတိုက်ခိုက်နေတာဖြစ်ပြီး တော်လှန်ရေးတပ်တွေရဲ့ ပူးပေါင်းတိုက်ခိုက်၊ ကြားဖြတ်ပိတ်ဆို့မှုတွေကြောင့် ကော့ကရိတ်မြို့ကို အခုထိ မရောက်ရှိသေးပါဘူး။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်နေ့တုန်းကလည်း ကော့ကရိတ်မြို့နယ်၊ ထိဖိုးစံနဲ့ ဖိဖာလဲကြား ကြက်မောက်ခြံမှာ စစ်ကော်မရှင်တပ်တွေနဲ့ တော်လှန်ရေး ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာ စစ်တပ်ဘက်က အနည်ဆုံး ၁၅ယောက် သေဆုံးခဲ့ပြီး လက်နက်တချို့ကိုလည်း တော်လှန်ရေးတပ်တွေက သိမ်းဆည်းရရှိခဲ့တာပါ။

အလားတူ နိုဝင်ဘာလ ၁ ရက်နေ့၊ မနက်အစောပိုင်းမှာလည်း ကော့ကရိတ်ကို မြေပြင်စစ်ကြောင်းနဲ့ စစ်တပ်က စစ်ကြောင်းထိုးလာရာ ထိဖိုးစံ နေရာအရောက်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ ထိပ်တိုက်တိုးပြီး ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါသေးတယ်။

အဲဒီတိုက်ပွဲမှာတော့ စစ်တပ်ဘက်က အလောင်း ၈ လောင်းနဲ့ လက်နက်တချို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းဆည်းရမိခဲ့တာပဲ ဖြစ်ပါတယ်။

စစ်ကော်မရှင်တပ်သားတွေထံမှ သိမ်းဆည်းရရှိသည့် လက်နက်ပစ္စည်းတချို့ (ဓာတ်ပုံ ပေးပို့)
0 Shares:
You May Also Like
Read More

ဝက်လက်မြို့နယ်၊ သစ်ဆိမ့်ရွာကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးကြဲ၊ ၅ နှစ်အရွယ် ကလေးငယ်အပါ အရပ်သား ၄ ဦး သေပြီး ၆ ဦး ဒဏ်ရာရ

စစ်ကိုင်တိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်မှာ စစ်ကောင်စီက တိုက်ပွဲမဖြစ်ပွားတဲ့ သစ်ဆိမ့်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ရာ အသက် ၅ နှစ်အရွယ်ကလေးငယ်အပါအဝင် အရပ်သား ၄ ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၆ ယောက်ရှိခဲ့ကြောင်း ဝက်လက်မြို့နယ် ရွာဇော်ကြီးများ အဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

အမ်းမြို့နယ်တစ်ခုလုံးကို AA ကတသိမ်းပိုက်ထိန်းချုပ်လိုက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဆက်လက်ထိုးစစ်ဆင်နေ

ရခိုင်ပြည်နယ်၊ အမ်းဒေသတစ်ခုလုံးကို အာရက္ခတပ်တော် AA ကသိမ်းပိုက်ထိန်းချုပ်လိုက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာချုပ်ကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ AA က အသိပေးထုတ်ပြန်ပါတယ်။
Read More

ပင်လည်ဘူး မြို့သိမ်းစစ်ဆင်ရေး အတွင်း သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီး၊ စစ်ကောင်စီတပ်သားအချို့ မူးယစ်ဆေးဝါး သုံးစွဲမှသာ စစ်တိုက်နိုင်တယ်လို့ ဝန်ခံ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ဦးဆောင်တဲ့ အဖွဲ့ဟာ စစ်ကိုင်းတိုင်း၊ ပင်လည်ဘူး မြို့သိမ်းစစ်ဆင်ရေး အတွင်း သိမ်းဆည်းရရှိခဲ့တဲ့ မူးယစ်ဆေးဝါးတွေ မီးရှို့ဖျက်ဆီးခဲ့တံ အခမ်းအနားကို ဒေသခံပြည်သူတွေနဲ့အတူ တက်ရောက်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဝမ်းတွင်းတွင် တောင်ယာလုပ်သည့် အမျိုးသား ၂ဦးကို စစ်တပ် ပစ်သတ်ပြီး အလောင်းမြှုပ်၊ အလောင်းမြှုပ်ထားသည့် မြေပုံနား မိသားစုဝင်များကို ကပ်ခွင့်မပေး

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က တောင်ယာလုပ်ငန်းလုပ်ကိုင်သူ ၂ ယောက်ကို ပစ်သတ်ပြီး အလောင်းကို မြေမြှုပ်ထားခဲ့ကြောင်း၊ မိသားစုကိုပါ တွေ့ခွင့်မပေးကြောင်း Voice Of Wundwin အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

AA ရဲ့ ထိုးစစ်တွေကြောင့် ဂွမြို့နယ်ထဲက စစ်ကောင်စီ အမြောက်တပ် နောက်ဆုတ်ထွက်ပြေး

ရခိုင်ပြည်နယ်၊ ဂွမြို့နယ် ဇီးကုန်းရွာထဲမှာ အထိုင်ချပြီး အနီးတဝိုက် ကျေးရွာတွေကို ပစ်ခတ်နေတဲ့ စစ်ကောင်စီ အမြောက်တပ်က အကြမ်းဖက်စစ်သားတွေဟာ ရခိုင့်တပ်တော် AA ရဲ့ ထိုးစစ်ဆင်မှုတွေကြောင့် နောက်ဆုတ်ထွက်ပြေးသွားကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ဖြူးမြို့နယ်က စစ်ကောင်စီတပ်စွဲထားရာနေရာတွေကို ဒရုန်းနဲ့ တိုက်ခိုက်ရာ ၆ ယောက် သေဆုံးပြီး ၂ ယောက် ပြင်းထန်ဒဏ်ရာရ

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာရဲစခန်းနဲ့ ရွာမဘုန်းကြီးကျောင်းတွေမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ၆ ယောက် သေဆုံးပြီး ၂ ယောက် ပြင်းထန်ဒဏ်ရာရသွားတယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။