မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းမှာ လယ်ရိတ်ဖို့သွားတဲ့ အမျိုးသား ၃ ယောက်ဟာ အကြမ်း ဖက်စစ်ကော်မရှင် ထောင်ထားတဲ့ မိုင်းထိမှန်ပြီး ဆေးကုသမှုခံယူနေရတယ်လို့ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာန ပေါက်မြို့နယ်ထံက သိရပါတယ်။

နိုဝင်ဘာ ၂၈ ရက် မနက် ၇ နာရီလောက်မှာ ပေါက်မြို့နယ်တောင်ပိုင်းရှိ သီးချောင်ရွာ၊ သပြေအေးရွာနဲ့ တဲတော်ယာရွာက ဒေသခံ ၃ ယောက်ဟာ လယ်ရိတ်ဖို့ ဆိုင်ကယ်နဲ့သွားရင်း ယောချောင်းအစပ် အရောက် မှာ စစ်အုပ်စုထောင်ထားတဲ့ မိုင်းထိမှန်ပြီး ၃ ယောက်စလုံး ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။

“နှစ်ယောက်တော့ ခြေထောက်နှစ်ဖက်လုံး ထိခိုက်ထားတော့ ဆေးကုသမှုခံယူနေပါတယ်။ ကျန်တစ် ယောက်ကတော့ အရမ်းမများတော့ ဒေသဆေးဆရာတွေနဲ့ အဆင်ပြေတယ်။ ၂ ယောက်ကတော့ ဆေးရုံ ပို့ပေးထားရတယ်” လို့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာန ပေါက်မြို့နယ် တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

မိုင်းထိမှန်သွားတဲ့ အမျိုးသား ၃ ယောက်ဟာဆွေမျိုးတော်စပ်သူတွေဖြစ်ပြီး မိုင်းပေါက်ကွဲမှုကြောင့် ဆိုင်ကယ်နောက်မှာထိုင်တဲ့ ၂ ယောက်က အထိအခိုက်များသွားတယ်လို့ ဆိုပါတယ်။ ဒဏ်ရာပြင်းထန်တဲ့ အမျိုးသား ၂ ယောက်ဟာ ခြေထောက် ဖြတ်ရမယ့် အခြေအနေမျိုးတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။

ပြည်သူတွေအနေနဲ့လည်း အဆိုပါလမ်းပိုင်းတွေမှာ စစ်ကော်မရှင်တပ်နဲ့ ပျူစောထီး ပူးပေါင်းတပ်တွေ မိုင်းများစွာ ထောင်သွားခဲ့တဲ့အတွက် စစ်ကော်မရှင်စစ်ကြောင်းထိုးရာ နေရာတစ်ဝိုက်ကို သွားလာတဲ့အခါ သတိထားသွားလာကြဖို့ အသိပေးထားပါတယ်။

0 Shares:
You May Also Like
Read More

မင်းလှတွင် စစ်ကောင်စီတပ် မီးရှို့မှုကြောင့် ကျေးရွာပေါင်း ၄၀ ခန့်မှ ဒေသခံပြည်သူ သောင်းနှင့်ချီ တိမ်ရှောင်ထွက်ပြေးနေရ 

ပဲခူးတိုင်း၊ မင်းလှမြို့နယ်အပိုင်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုး  မီးရှို့ဖျက်ဆီးနေတာကြောင့် ရွာပေါင်း ၄၀ နီးပါးက သောင်းနဲ့ချီတဲ့ ပြည်သူတွေဟာ စစ်ရှောင်ထွက်ပြေးရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

စစ်ကျွန်မခံ ဒို့ငြင်းဆန် အမျိုးသားနေ့ ဟစ်ကြွေးသံ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ချင်းတွင်းမြစ်အနောက်ဘက် လွတ်မြောက်နယ်မြေတစ်နေရာမှာ စစ်အာဏာရှင် အုပ်ချုပ်မှုကို မလိုလားကြောင်း ဆန့်ကျင်ဆန္ဒပြမှု ပြုလုပ်ခဲ့ကြပါတယ်။
Read More

96 Soldiers – PDF အညာဒေသက တပ်ခွဲမှူး ရဲဘော် ၁ ယောက် စစ်ဆင်ရေးတစ်နေရာမှာ ကျဆုံးခဲ့

96 Soldiers - PDF အညာဒေသမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်ခွဲမှူး ရဲဘော် ဝေဖြိုးအောင်(ခေါ်) တစ်ဆယ်ဟာ မတ်လ ၁၁ ရက် ဒီနေ့မနက်ပိုင်းမှာ စစ်ဆင်ရေးတစ်နေရာမှာ ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

Road to Mandalay ကမ်ပိန်းမှာ ပါဝင်ပြီး မန္တလေးတိုင်းစစ်ဌာနချုပ်ကို ထောက်ပံ့ရန် NUG ကာကွယ်ရေးဝန်ကြီးဌာန နှိုးဆော်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ "Road to Mandalay - ထိုးစစ် ထောက်ပို့ မန်းတိုင်းသို့ " အစီအစဥ်မှာ ပါဝင်ပြီး မန္တလေးတိုင်းစစ်ဌာနချုပ်ကို ထောက်ပံ့ဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။
Read More

မိုးကုတ်နှင့် သပိတ်ကျင်းကို စစ်ကြောင်းထိုးသည့် အထိုင်စခန်းတစ်ခုဖြစ်သော တကက ၁၃ သင်တန်းကျောင်းကို ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်၊ အထက်တန်းနည်းပြအရာရှိ ၃ ဦးနှင့် တခြားအဆင့် တိုက်ခိုက်ရေးစစ်သား ၁၈ ဦး သေပြီး သင်တန်းဆောင်များ မီး​လောင်ပျက်စီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်က အမှတ် (၁၃) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်း ကျောင်းကို ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်တာဟာ အကြမ်းဖက်စစ်တပ်ရဲ့ ထိုးစစ်တွေကို ခုခံနေတဲ့ မဟာမိတ်အင်အားစုတွေအတွက် အားဖြည့်ကူညီလုပ်ဆောင်ပေးတာဖြစ်တယ်လို့ လုပ်ဆောင်ခဲ့တဲ့အဖွဲ့တွေက ပြောပါတယ်။
Read More

KNDF တပ်ရင်း (၂) မှ တပ်ရင်းအရာရှိများက တပ်ခွဲမှူးနှင့် ရဲဘော်များကို တွေ့ဆုံခဲ့

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း (၂) က တပ်ရင်းအရာရှိတွေဟာ တပ်ရင်းအတွင်းရှိ တပ်ခွဲတွေက တပ်ခွဲမှူးတွေနဲ့ ရဲဘော်တွေကို ဖေဖော်ဝါရီလ ၁၅ ရက်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ KNDF တပ်ရင်း (၂) က ဒီနေ့ ထုတ်ပြန်ပါတယ်။