မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲမှာ စစ်ရှောင်နေတဲ့ ဒေသခံအမျိုးသားတစ်ယောက်ကို အကြမ်းဖက်စစ်တပ်က လည်လှီးသတ်ဖြတ်သွားတယ်လို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း − မြိုင်ထံမှ သိရပါတယ်။

နိုဝင်ဘာ ၂၇ ရက်နေ့မှာ မြိုင်မြို့နယ် စက်မှု (၂) ကနေ စစ်ကြောင်း ထွက်ခွာလာတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ ၄င်းတို့နဲ့ ပက်ပင်းတိုးတဲ့ တောတိုက်မှာစစ်ရှောင်နေတဲ့ ညောင်ရွာကျေးရွာက အမျိုးသားတစ်ယောက်ကို သရက်ကန်ပျူရွာထဲကို ဖမ်းဆီးခေါ်ဆောင်လာတယ်လို့ ဆိုပါတယ်။

စစ်သားတွေက အဆိုပါ စစ်ရှောင်အမျိုးသားကို တွင်းမဘက်ကို ပြန်ထွက်လာတဲ့ လမ်းကြောင်းမှာ သတ်ဖြတ်သွားတယ်လို့လည်း သိရပါတယ်။ သတ်ဖြတ်ခံရသူအမျိုးသားဟာ အသက် (၃၃) နှစ်အရွယ် ကိုငသိန်းဆိုသူဖြစ်ပြီး စစ်ကြောင်းနဲ့တည့်တိုးပြီး အသတ်ခံလိုက်ရတာပဲဖြစ်ပါတယ်။

“သူကတောထဲမှာ စစ်ရှောင်တဲလေး ဆောက်ထားတာရှိတယ်၊ အဲဒီထဲမှာ စစ်ရှောင်နေရင်း နဲ့ စစ်ကြောင်း သူ့တဲနားကိုဖြတ်သွားတော့ တည့်တည့်တိုးပြီး ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတာ၊ သူ့အဖေရောရှိတယ်၊ သူ့အဖေကိုထားခဲ့ပြီးတော့မှ သားကိုပဲ ခေါ်သွားတဲ့သဘောဗျ၊ စစ်သားတွေက သူ့လည်ပင်းကိုလှီးခဲ့တာ” လို့ အညာမြေအရပ်ဖက်လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူ ဆရာထွေးက မောင်းကို ပြောပါတယ်။

ဒါ့အပြင် ကိုငသိန်းသေဆုံးခဲ့တဲ့နေရာနဲ့ တမိုင်အကွာလောက်မှာလည်း ပခုက္ကူမြို့နယ် အောင်သာ ကျေးရွာသားဖြစ်သူ မောင်ဇော်မင်းခိုင်ရဲ့ ရုပ်အလောင်းကိုလည်း ထပ်မံတွေ့ရှိခဲ့ပြီး အဆိုပါ အမျိုးသားကိုလည်း စစ်ကော်မရှင်တပ်သားတွေက ညှင်းပမ်းနှိပ်စက်ပြီး သတ်ဖြတ်သွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ အဆိုပါ စစ်ကော်မရှင်တပ်သားတွေဟာ တပ်မ (၁၀၁) ထဲကို ပြန်လည်ဝင်ရောက် သွားပြီးဖြစ်တယ်လို့ သိရပါတယ်။ နိုဝင်ဘာ ၁၂ ရက်နေ့ကလည်း မြိုင်နယ်၊ စက်မှု − ၂ ကို ရောက်နေတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ ရွာတန်းရှည်ကျေးရွာကနေ ဖမ်းဆီးခေါ်ဆောင်လာတဲ့ အမျိုး သားတစ်ယောက် နဲ့ အမျိုးသမီးတစ်ယောက်ကို လက်ပြန်ကြိုတုပ်ပြီး သတ်ဖြတ်သွားခဲ့ပါသေးတယ်။
0 Shares:
You May Also Like
Read More

ဆောမှာ မင်းတပ်မြို့ ခလရ ၂၇၄ တပ်ရင်းက ထွက်ပြေးလာတဲ့ စစ်သား ၃ ယောက်ကို ဖမ်းဆီးရမိ

မကွေးတိုင်း၊ ယောဒေသ၊ ဆောမြို့နယ်မှာ မင်းတပ်မြို့ ခလရ ၂၇၄ တပ်ရင်းက ထွက်ပြေးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သား ၃ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဗျူဟာအမှတ် ၈၁ ယောဗျူဟာက ထုတ်ပြန်ထားပါတယ်။
Read More

ဗန်းမောက်တွင် စစ်ကောင်စီလက်အောက်ခံ SNA တပ်ဖွဲ့၏ ကာကင်းစခန်းကို PDF ဝင်ရောက်တိုက်ခိုက်၊ SNA ၃ ဦး ထက်မနည်း သေဆုံးပြီး PDF ရဲဘော် ၁ ဦး ကျဆုံးခဲ့

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ SNA တပ်ဖွဲ့ဝင်တွေရဲ့ ကာကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ရင်း တော်လှန်ရေး ရဲဘော်၁ယောက် ကျဆုံးခဲ့ကြောင်း ကသာခရိုင် အမှတ် (၄) တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသမှာ အခုတစ်ပတ်အတွင်း စစ်ကောင်စီတပ်နဲ့ PDF ပူးပေါင်းတပ်တွေ တိုက်ပွဲ ၁၄ ကြိမ် ဖြစ်ပွား၊ စစ်ကောင်စီတပ်သား (၇၃) ယောက် သေဆုံး…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသမှာ တစ်ပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲ ၁၄ ကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား (၇၃) ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

ညောင်ဦးတွင် ရွာစဥ်လှည့်မီးရှို့သည့် စစ်ကြောင်းနှင့် PDF များတိုက်ပွဲဖြစ်ပွား၊ စစ်အုပ်စုဘက် ၇ ဦး သေဆုံး

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ ရွာစဥ်ပတ် မီးရှို့နေတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားပြီး စစ်အုပ်စုဘက်က ၇ ယောက်သေဆုံး ခဲ့တယ်လို့ Black Eagle PDF (Bagan) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

တောင်ကိုးရီးယားတွင် ပြုလုပ်ခဲ့သည့် စစ်ရှောင်ရန်ပုံငွေ ဖျော်ဖြေပွဲမှ ကျပ်သိန်း ၉၀၀ နီးပါး ရရှိ

တောင်ကိုရီးယားမှာ စစ်ရှောင်ကူ ရန်ပုံငွေတေးဂီတဖျော်ဖြေပွဲကို LGBTQ+ တို့နဲ့အတူ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး စုစုပေါင်း ရန်ပုံငွေ (27,936,000 Won) ၊ မြန်မာငွေ ကျပ်သိန်း၉၀၀ နီးပါး ရရှိခဲ့တယ်လို့ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီ အောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC) ထံက သိရပါတယ်။
Read More

ရေတာရှည်မြို့မရဲစခန်းကို 79 ထောက်ပြောင်း 40mm (ရှော့တိုက်ဒုံး) ၁၄ လုံး ပစ်ခတ်တိုက်ခိုက်၊ ထိခိုက်မှု ပြင်းထန်နိုင်

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် မြို့မရဲစခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ ပစ်မှတ်ကိုကျရောက်တာကြောင့် ထိခိုက်မှုပြင်းထန်နိုင်ကြောင်း Black Leopard UG အဖွဲ့တာဝန်ခံက မောင်းကို ပြောပါတယ်။