မွန်ပြည်နယ်၊ မော်လမြိုင်မြို့က ဇေတဝန်ကျောင်းတိုက် သာသနာနွယ်ဖောင်ဒေးရှင်းဆရာတော် ဦးစန္ဒာဇောတိ အပါအဝင် ၃ ဦးကို စစ်တပ်က ဖမ်းဆီးထားပြီး ဆရာတော်ကို လူဝတ်လဲကာ နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားအောင် လှုံ့ဆော်မှုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့၊ ညနေပိုင်းမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဆရာတော် သီတင်းသုံးရာ ဘုန်းကြီးကျောင်းကို လာရောက်ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး အဲဒီကထဲက အဆက်အသွယ် ပြတ်နေတာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

စစ်အုပ်စုအာဘော်သတင်းစာမှာလည်း “စေတဝန်ဘုန်းကြီးကျောင်းမှ ဆရာတော် ဆန္ဒစောတီ (ခ) ကျော်စွာလင်းအား မွန်လွဲ ၂နာရီခွဲတွင် မုပွန်နယ်မြေရဲစခန်း၌ တရားဥပဒေနဲ့အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ကြောင်း” လို့ ဖော်ပြထားပါတယ်။

မြို့ခံတွေကတော့ ဆရာတော်ဟာ စစ်တပ်လက်အောက်ခံ မွန်ပြည်နယ်အစိုးရကနေ ဖော်ဆောင်နေတဲ့ အိမ်ရာစီမံကိန်းကို လူမှုကွန်ရက်ပေါ်မှာ ဝေဖန်ရေးသားခဲ့တာကြောင့် ဖြစ်တယ်လို့ ဆိုကြပါတယ်။

“ဘုန်းကြီးက ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကပဲ နေပြည်တော်က သိစေဖို့ဆိုပြီး ပို့စ်တင် ရေးသားခဲ့တာရှိတယ်။ အဲ့တာက ဘာလဲဆိုတော့ သူ့ဘုန်းကြီးကျောင်းအနီးမှာ တောင်ဖြိုပြီး အိမ်ရာ စီမံကိန်းလုပ်နေတာကို ဝေဖန်ထားတဲ့ပို့စ်ပေါ့။ အဲ့တာကြောင့် လာဖမ်းသွားတာပဲ ဖြစ်နိုင်တယ်။ တခြားတော့ မဖြစ်နိုင်ဘူး”
“ဘာလို့လည်းဆိုတော့ သူတို့တွေက ဘူဘူချင်း တစ်တွေကြီးပဲ။ ဆရာတော်က ပရဟိတတွေလုပ်လို့ နာမည်ကြီးပေမယ့် သိတဲ့သူတွေက သိကြတယ် စစ်တပ်ဘောမပဲဆိုတာကို။ သူ့ကို အမြဲလှုနေသူအများစုကလည်း စစ်တပ်ရာထူးအကြီးတွေ… ခရိုနီတွေ… ရွှေဆိုင်ပိုင်ရှင်တွေ.. ဆိုင်ရာပိုင်ရာတွေကြီးပဲ” လို့ မော်လမြိုင်မြို့ခံတဦးက မောင်းကို ပြောပါတယ်။

အဆိုပါ ဆရာတော်ကို စစ်တပ်က လာရောက်ဖမ်းဆီးချိန်မှာ ဘေးနားမှာရှိနေတဲ့ ကပ္ပိယ ၂ ဦးကိုပါ တပါတည်းဖမ်းဆီးသွားခဲ့တာပဲ ဖြစ်ပါတယ်။

စစ်ကော်မရှင်က ဖမ်းဆီးခဲ့သူ သာသနာနွယ်ဖောင်ဒေးရှင်းဆရာတော် ဦးစန္ဒာဇောတိ ဟာ ပရဟိတအလုပ်တွေကို ကူညီဆောင်ရွက်တာကြောင့် မော်လမြိုင်မှာ ထင်ရှားသူဖြစ်ပြီး Covid 19 ကာလမှာတုန်းက Oxygen စက်ရုံကို တည်ဆောက်ခဲ့သူလည်း ဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

ငလျင်ကြောင့် ကျိုက်ထော်ကျေးရွာ ဆုတောင်းပြည့်စေတီ စိန်ဖူးတော် မြေခ

ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်၊ ကျိုက်ထော်ကျေးရွာမှာရှိတဲ့ ဆုတောင်းပြည့်စေတီရဲ့ စိန်ဖူးတော်ဟာ ငလျင်လှုပ်ခတ်မှုကြောင့် ကျိူးကျပျက်စီးခဲ့ရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

အေအေရဲ့ ‘သူပုန်ဖြူ Team’ အဖွဲ့က  CNO/CNDF ဒဏ်ရာရ ရဲဘော်များအတွက် ငွေကျပ် ၄၂ သိန်းနှင့် ပစ္စည်း တချို့ ထောက်ပံ့လှူဒါန်း

ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဒဏ်ရာရ ရဲဘော်တွေအတွက် အာရက္ခတပ်တော်က ငွေကျပ် ၄၂ သိန်း အပါအဝင် ကဗျာစာအုပ်နဲ့ လွယ်အိတ်တွေကို ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ်/ ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ ( CNO/CNDF) က ထုတ်ပြန်ပါတယ်။ 
Read More

နတ်တလင်းမှာ စစ်ကြောင်းသွားကြိုတဲ့ စစ်သားတွေမိုင်းဆွဲခံရ၊ ၂ယောက်သေ ၄ယောက် ဒဏ်ရာရ

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ စစ်ကြောင်းကြိုပြီးပြန်လာတဲ့ အကြမ်းဖက်စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ရာ ၂ယောက်သေပြီး ၄ယောက်အပြင်းအထန် ထိခိုက်ခဲ့ကြောင်း Phoenix DF တပ်ခွဲစာရေး ဂျူပီတာက မောင်းကို ပြောပါတယ်။
Read More

အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ရှောင်တခင် လမ်းပိုင်းစစ်ဆေး

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ရင်းနဲ့ မွန်မဟာမိတ်ပူးပေါင်းတပ်တွေက အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ရှောင်တခင် လမ်းပိုင်းစစ်ဆေးရေး ပြုလုပ်ခဲ့တယ်လို့ ဒေါနစစ်ကြောင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

NUG ၏ အထူးတိုင်းစစ်ဌာနဆိုတာ ဘာလဲ

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာနက ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်မှာ အခြေပြု ဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် - PDF နည်းဗျူဟာတွေ၊ တပ်ရင်း/တပ်ဖွဲ့တွေ၊ ဒရုန်းလက်ရုံးတပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေနဲ့ အထူးတိုင်းစစ်ဌာနကို ဖွဲ့စည်းလိုက်ပါတယ်။
Read More

ဖားကန့်တွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသား ၂ ဦး၏ ရုပ်အလောင်း တွေ့ရှိ

ကချင်ပြည်နယ်၊ ဖားကန့်မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသား ၂ ယောက်ရဲ့ ရုပ်အလောင်းတွေ တွေ့ရှိခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။