၅နှစ်နီးပါးကြာမြင့်လာပြီဖြစ်တဲ့ နွေဦးတော်လှန်ရေးခရီးအတွင်း လက်ရှိအချိန်ဟာ အခက်ခဲဆုံးဆိုတဲ့ အခြေအနေနဲ့ ကြုံတွေ့နေရပေမယ့် ပြည်သူတွေရဲ့ ရင်ထဲက ဆန္ဒအမှန်ဖြစ်တဲ့ အာဏာရှင်ဆန့်ကျင်ရေးကတော့ မပြောင်းမလဲ ဆက်လက်အားကောင်းနေဆဲဖြစ်ပါတယ်။

စစ်တပ်ရဲ့ အုပ်ချုပ်မှုအောက်မှာ မတတ်သာလို့နေရပေမယ့် ပြည်သူတွေဟာ တတ်နိုင်တဲ့ဘက်က ရသလောက် အာဏာရှင်တော်လှန်ရေးမှာ ရပ်တည်နေကြတယ်ဆိုတာကို ဆက်လက်အားကောင်းနေဆဲဖြစ်တဲ့ ပြည်သူတွေရဲ့ Boycott လုပ်ဆောင်ချက်တွေနဲ့ အတိုင်းသား ချိန်ထိုးကြည့်လို့ရနိုင်ပါတယ်။

ဒါကို မြင်သာတဲ့ ဖြစ်ရပ်တစ်ခုအနေနဲ့ အဆိုတော်/သရုပ်ဆောင်လို့ သူ့ကိုယ်သူ ခံယူထားတဲ့ စစ်တပ်လော်ဘီအကြီးစား ယုန်လေးဟာ ငွေကျပ်သိန်း ၆ထောင်ကျော် အကုန်ကျခံကာ “မြို့ပြထဲက လမ်းမ” ဆိုတဲ့ ရုပ်ရှင်ကို ရိုက်ကူးခဲ့ပေမယ့် ရုံတင်ချိန်မှာ ကြည့်ရှုသူ လုံးဝမရှိတာကြောင့် အနုပညာလောက ကနေ အနားယူတော့မယ်လို့ မနေ့က ကြေညာခဲ့ရတဲ့အထိ ဖြစ်ခဲ့တာကို မြင်တွေ့နိုင်ပါတယ်။

သူ့ရဲ့ လူမှုကွန်ရက်ပေါ်မှာလည်း “မုန်းတဲ့ သူတွေ တိုက်ခိုက်တဲ့သူတွေ နိုင်ပါတယ်။ အနုပညာလောက က အနားယူဖို့ များသွားပါပြီ”ဆိုပြီး မနေ့ကထိ ရေးသားထားတာကို‌ တွေ့ရပါတယ်။

ထူးခြားချက်အနေနဲ့ အဲဒီရုပ်ရှင်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ စစ်တပ်ထောက်ခံသူ အနုပညာရှင် အချင်းချင်းကတောင် ယုန်လေးရဲ့ ရုပ်ရှင် Press Show ကို တက်ရောက်လာခဲ့ခြင်း မရှိတာကြောင့် ယုန်လေးဟာ နှစ်ဖက်လုံးရဲ့ Boycott တာကို ခံနေရပြီလို့ ပြည်သူတွေက လှောင်ပြောင်ပြောဆိုနေခဲ့ကြတာပါ။
“နံပတ်၁ အချက်ဘေးမှာ အကြံပေးမယ့်လူကောင်း ဝိုင်းလုပ်ပေးမယ့် မိသားစု စိတ်ရှိတဲ့ လူကောင်းမရှိဘူး။ အနုပညာရှင် တစ်ချို့ပါ. . အဲ့စကားကြီး တွေလည်း မရေးချင်ဘူး။ အကူညီသူတောင်းတာ ဘဝပျက်မယ့် အကူညီတွေ ဝင်ရင်းပေးလိုက်ရတာ။ တစ်ယောက်ထဲ မဟုတ်ဘူး လူပေါင်းရာကျော်တယ်။ Acc အတုက ကောမန့် တစ်ခု အဆဲခံရဖို့တောင် သူတို့အဆဲမခံချင်ကျဘူး။ ယုန်လေးနဲ့ မပတ်သက်ပါဘူး။ ကင်းပါတယ်ပေါ့” လို့ စစ်တပ်လော်ဘီ ယုန်လေးက သူ့ရဲ့ခံစားချက်တွေကို လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

အဖြေကတော့ ပြည်သူတွေနဲ့ တသားတည်း မရပ်တည်ပဲ စစ်တပ်ကို အလုံးစုံထောက်ခံခဲ့တဲ့ ယုန်လေးရဲ့ ရုပ်ရှင်ဟာ ရုပ်ရှင်ရုံတွေမှာ လာရောက်ကြည့်ရှုသူ တဦးမှမရှိတာကြောင့် ရုံပိတ်လိုက်ရပြီး တနှစ်တာလုံးမှာ ဝင်ငွေအနည်းဆုံး ရုပ်ရှင်ဇာတ်ကားအဖြစ် စံချိန်တင်သွားခဲ့တာပဲ ဖြစ်ပါတယ်။

ယုန်လေးနည်းတူ နှစ်ထပ်ကွမ်း Boycott ခံရတဲ့ အနုပညာရှင် နောက်ထပ်တဦး ရှိပါသေးတယ်။ သူကတော့ စစ်တပ်ထောက်ခံသူ အကြီးစားဖြစ်တဲ့ လူရွှင်တော် ဒိန်းဒေါင်ပါ။
သူဟာလည်း စစ်အုပ်စုကနေပေးတဲ့ အနုပညာ ထူးချွန်ဆုကို ရရှိခဲ့ပြီး ဇော်မင်းထွန်းကိုယ်တိုင်င်ပေးတဲ့ အမှတ်တရ ပစ္စည်းတွေကို ရရှိခဲ့သူ ဖြစ်ပါတယ်။

လက်ရှိမှာတော့ သူ့အနေနဲ့ ပြည်သူတွေရဲ့ Boycott လုပ်ခြင်းကိုခံနေရတာကြောင့် ရုပ်ရှင်မရိုက်ရတော့ကြောင်း၊ ဒါရိုက်တာတွေက ငှားမရိုက်တော့ကြောင်းကို အင်တာဗျူးတွေမှာ ဖြေဆိုထားတာတွေ့ရပါတယ်။

“ပွဲငှားတွေလည်း နည်းသွားတယ်။ ဇာတ်ကားတွေလည်း မရိုက်ရတော့ဘူး။ ဒိန်းဒေါင်ပါတဲ့ ရုပ်ရှင်ကားကို ရုံတင်တဲ့အခါ လူလာမကြည့်ရင် မင်းတာဝန်ယူမလား မေးတဲ့ပရိုဂျူဆာတွေ၊ ဒါရိုက်တာတွေလည်း ရှိတယ်။ ဘယ်သူပွဲငှားမလဲ စောင့်ရမယ့် အနေအထားဖြစ်နေတယ်။ တဖက်က မငှားရင် တဖက်ကတော့ ငှားသင့်တယ်လေ… နှစ်ဖက်တည်းရှိတာကိုး။ အခုက ဟိုဘက်ကလည်း မငှားဘူး… ဒီဘက်ကလည်း မငှားဘူး။ ဟိုဘက်ကလည်း မရိုက်ရဘူး။ ဒီဘက်ကလည်း မရိုက်ရဘူး” လို့ ဒိန်းဒေါင်က ဆိုခဲ့တာပါ။

ပြည်သူတွေ Boycott ထားလို့ အဆင်မပြေကြောင်း ငြီးတွားလာတဲ့ အနုပညာရှင်တွေလည်း အများကြီးရှိနေပါသေးတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအတွင်းမှာသာမက ထိုင်းနိုင်ငံအပါအဝင် နိုင်ငံရပ်ခြားတွေမှာ စစ်အုပ်စုအားပေး အဆိုတော်၊ အနုပညာရှင်တွေနဲ့ ဖျော်ဖြေဖို့ စီစဉ်ထားတဲ့ ပွဲတွေဟာလည်း ပြည်ပရောက် တော်လှန်မြန်မာပြည်သူတွေရဲ့ အင်နဲ့အားနဲ့ Boycott လုပ်ခဲ့မှုတွေကြောင့် ရပ်နားခဲ့ရပါတယ်။

ဒါတွေဟာ ပြည်သူတွေရဲ့ ရင်ထဲက ဆန္ဒအမှန်ဖြစ်ပြီး ပြည်သူတွေဟာ စစ်အာဏာရှင်သာမက ၎င်းတို့ကို သက်ဆိုးရှည်အောင် တဖက်တလမ်းက‌နေ ပံ့ပိုးနေသူတွေကိုပါ အလိုမရှိကြောင်းကို Soft Power ဖြစ်တဲ့ Boycott လုပ်ခြင်းဖြင့် ဆန္ဒတွေကို ဆက်လက်ထုတ်ဖော်ပြသနေတာပဲ ဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

စင်ပေါ်တွင် လိင်ကိစ္စ ညစ်ညမ်းရိုင်းစိုင်းစွာ ပြောဆိုခဲ့သည့် ရက်ပ် အဆိုတော် ဖမ်းခံရဟု သတင်းထွက်

ပရိသတ်ကို ဖျော်ဖြေရင်း စင်ပေါ်မှာ ညစ်ညစ်ညမ်းညမ်း ပြောဆို ဆဲဆိုခဲ့တဲ့ Wink Owens ဂီတအဖွဲ့က ရက်ပ် အဆိုတော်ကို စစ်ကော်မရှင်က ဖမ်းဆီးလိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
Read More

မော်လမြိုင်တွင် စစ်ကောင်စီ၏ အစိုးရရုံးနှင့် ဝန်ကြီးများအိမ်ရာတို့ကို ဒရုန်းဖြင့်တိုက်ခိုက်၊ စစ်ကောင်စီတပ်မှ အရာရှိ ၂ ဦး စိုးရိမ်ဒဏ်ရာရ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အစိုးရရုံးနဲ့ ဝန်ကြီးများအိမ်ရာတို့ကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က အရာရှိ ၂ ယောက် စိုးရိမ်ရတဲ့ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ Saw Dragon Drone Force-SDDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လွိုင်ကော်အကျဉ်းထောင်တွင် ရွေးကောက်ပွဲအတုအတွက် စစ်အုပ်စု ဖိအားပေး ကြိုတင်မဲပေးခိုင်းနေ

ကရင်နီပြည်နယ်၊ လွိုင်ကော်အကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ အကျဉ်းသူ/သားတွေကို စစ်အုပ်စုက ဖိအားပေးပြီး ကြိုတင်မဲပေးခိုင်းတာတွေ လုပ်ဆောင်နေတယ်လို့ ကရင်နီိနိုင်ငံရေးအကျဥ်းသားများအစည်းအရုံး (KPPA) က သတင်းထုတ်ပြန်ပါတယ်။ 
Read More

ရွှေဘိုတွင် စစ်အုပ်စု ဘန်ကာကင်းတစ်ခုကို ပကဖတပ်များ သိမ်းပိုက်မီးရှို့၊ စစ်အုပ်စု ၂ ဦး သေပြီး လက်နက်တချို့လည်းရရှိ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ စစ်အုပ်စုတပ်စွဲထားရာ ဇီးကုန်းလေး ပျူစောထီးရွာကို ပြောက်ကျား ဝင်ရောက်တိုက်ခိုက်ရာ ၂ဖက်ထိခိုက်မှုသေဆုံးရှိခဲ့ပြီး လက်နက်ခဲယမ်းတချို့နဲ့ ဘန်ကာကင်း၁ခုကို သိမ်းပိုက်မီးရှို့ နိုင်ခဲ့တယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ဧရာဝတီ PDF ရဲ့ အပတ်စဥ် ၆ စစ်သင်တန်းသား အသစ်တွေ ခေါ်ယူ၊ အမျိုးသမီး စစ်မေတွေကို အဓိက အလေးထားခေါ်ယူနေ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ ဧရာဝတီတိုင်းစစ်ဌာန၊ AYA PDF အမှတ် (၂၉) ဗျူဟာရဲ့ အပတ်စဉ် (၆) စစ်သင်တန်းအတွက် ရဲဘော်သစ် သင်တန်းသားတွေ ခေါ်ယူနေတယ်လို့ AYA PDF က ထုတ်ပြန်ထားပါတယ်။
Read More

ပြည်သူတွေရဲ့ အားကြိုးမာန်တက် ထောက်ခံမှုကြောင့် ဦးကျော်မိုးထွန်း ကုလစင်မြင့်မှာဆက်လက်ရှိနေခဲ့တယ်လို့ GSCB ထုတ်ပြန်

ပြည်သူတွေရဲ့  တောင်းဆိုမှုတွေကြောင့်  ကုလသမဂ္ဂမှာ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရပ်တည်ခွင့်ရခဲ့မှုကို ထောက်ခံဂုဏ်ပြု ကြိုဆိုတယ်လို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု GSCB ကထုတ်ပြန်ပါတယ်။