အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဖိတ်ကြားချက်နဲ့ ရောက်ရှိလာတဲ့ ဘယ်လာရုစ်သမ္မတ လူကာရှန်ကို ရဲ့တရက်မပြည့်တဲ့ ခရီးစဉ်အတွင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးစာချုပ် ၁၆ ‌စောင်ထိ လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။

တစ်ရက်တာ ၂၄ နာရီ တောင်မပြည့်ဘဲ လာရောက်ခဲ့တဲ့ ဘယ်လာရုစ်သမ္မတ လူကာရှန်ကို ရဲ့ မြန်မာနိုင်ငံခရီးစဉ်မှာ အခုလို စာချုပ်တွေကို လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး ယင်းစာချုပ်တွေထဲမှာ အာဏာရှင်နှစ်နိုင်ငံအကြား ကုန် သွယ်ရေး၊ စီးပွားရေး ၊ယဉ်ကျေးမှုဆိုင်ရာများ အပြန်အလှန်ဖလှယ်နိုင်ရေး၊ စိုက်ပျိုးမွေးမြူရေး၊ ကုန်ထုတ်လုပ်မှုနည်းပညာများ အပြန်အလှန်ဖလှယ်နိုင်‌ရေးတွေ ပါဝင်တယ်လို့ စစ်အုပ်စုသတင်းများက ဆိုပါတယ်။

အလားတူ အာဏာရှင်နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်ရာမှာ ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးအတွက် ရည်ရွယ်သည့်စာလွှာ (Memorandum of Intent-MoI) နဲ့ မြန်မာ-ဘယ်လာရုစ် ဖွံ့ဖြိုး‌ရေးပူးပေါင်းဆောင်ရွက်မှုမြှင်တင်ရေးဆိုင်ရာ လမ်းပြမြေပုံ ၂၀၂၆-၂၀၂၈ တို့ကို လက်မှတ်ရေးခဲ့ကြောင်းလည်း သိရပါတယ်။

ဘယ်လာရုစ်သမ္မတဟာ မြန်မာနိုင်ငံကို နိုဝင်ဘာ ၂၇ ရက် ညပိုင်းရောက်ရှိလာခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၂၈ ရက် ညနေမှာ ပြန်လည်ထွက်ခွာသွားတာဖြစ်ပါတယ်။ လူရှန်ကာကို မြန်မာပြည်ရောက်ရှိချိန် စစ်ခေါင်းဆောင် မင်အောင်လှိုင်က စစ်အုပ်စု(လေ)မှ Su-30 SME အကြီးစား ဂျက်တိုက်လေယာဉ်သုံးစင်းနဲ့ ကြိုဆိုခဲ့တယ်လို့လည်း စစ်အုပ်စုသတင်းများက ဆိုပါတယ်။

မြန်မာနဲ့ ဘယ်လာရုစ် နှစ်နိုင်ငံဟာ အာဏာရှင်စနစ်နဲ့ နိုင်ငံတကာဥပဒေချိုးဖောက်မှုတွေမှာ အတွဲအဖက်ညီနေတဲ့ နှစ်နိုင်ငံဖြစ်ပြီး ဒီခရီးစဉ်မှာ စစ်လက်နက်ပစ္စည်းထောက်ပံ့ရေးနဲ့ စစ်ဘက်ဆိုင်ရာ ပညာရပ်အပါအဝင် လေ့ကျင့်သင်ကြားရေးများအတွက် နှစ်နိုင်ငံဆက်ဆံရေး တိုးချဲ့လာနိုင်တယ်လို့ Justice For Myanmar (JFM) က သတိပေးထုတ်ပြန်ထားပါတယ်။

ဘယ်လာရုစ်နိုင်ငံဟာ အကြမ်းဖက်စစ်တပ်ရဲ့ စစ်လက်နက်ထုတ်လုပ်ရေးကဏ္ဍအတွက် နည်းပညာဆိုင်ရာစွမ်းရည်တွေ တည်ဆောက်ပေးတာ၊ လေ့ကျင့်သင်ကြားပေးရေးနဲ့ စက်ကိရိယာတွေ ပေးအပ်နေတာ စတဲ့ ကူညီပံ့ပိုးမှုတွေနဲ့ စစ်အုပ်စုရဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို ကျောထောက်နောက်ခံပြုနေတာဖြစ်တယ်လို့ JFM ရဲ့ထုတ်ပြန်ချက်မှာ ဆိုထားတာပါ။

ဒါ့အပြင် ဘီလာရုစ်နိုင်ငံဟာ ၂၀၂၁ ခုနှစ်အတွင်းက စစ်တပ်ရဲ့ အကြမ်းဖက်အာဏာသိမ်းမှုကို ရှုတ်ချဖို့ နဲ့ “မြန်မာနိုင်ငံသို့ စစ်လက်နက်များစီးဝင်နေမှု” ကိုတားဆီးဖို့တို့အတွက် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို တောင်းဆိုထားတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်ကို ကန့်ကွက်မဲပေးခဲ့တဲ့ တစ်ခုတည်းသောနိုင်ငံလည်း ဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

မြဝတီအခြေစိုက် ကျားဖြန့်ဂိုဏ်းတွေ ခြေရာခံနိုင်ထားပြီး အစွမ်းကုန်တိုက်ဖျက်ချေမှုန်းသွားမယ်လို့ တရုတ်အစိုးရ ကြေညာ

ကရင်ပြည်နယ်၊ မြဝတီမြို့အခြေစိုက် လူကုန်ကူးဂိုဏ်းဟာ တရုတ်သရုပ်ဆောင်တွေကို ပစ်မှတ်ထားနေပြီး အဲ့ဒီဂိုဏ်းကို ခြေရာခံနိုင်ပြီလို့ တရုတ်အစိုးရ ပြည်သူလုံခြုံရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။
Read More

ရွေးကောက်ပွဲ အကြောင်းပြ ရုရှားလက်နက်ကိုင်တပ်ဖွဲ့တွေ မြန်မာပြည်လာရောက်မယ်ဆိုခြင်းဟာ အချုပ်အခြာအာဏာကို ထိပါးစော်ကားခြင်းဟု NUCC ထုတ်ပြန်

မြန်မာပြည်က ရွေးကောက်ပွဲကိုလာရောက်လေ့လာမယ့် ရုရှားနိုင်ငံက အဖွဲ့တွေကို လုံခြုံရေးပေးဖို့ လက်နက်ကိုင်လုံခြုံရေးတပ်သားများစေလွှတ်ခြင်းဟာ မြန်မာပြည်ရဲ့ အချုပ်အခြာအာဏာကို ထိပါးခြင်းဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)က ထုတ်ပြန်ကန့်ကွက်လိုက်ပါတယ်။
Read More

စစ်ကောင်စီဖမ်းထားတဲ့ ထိုင်းငါးဖမ်းသမား ၄ ဦး ပြန်လွတ်ပြီလို့ ထိုင်းအစိုးရ ပြော

စစ်ကောင်စီရေတပ်က ပစ်ခတ်ပြီး ဖမ်းဆီးခဲ့တဲ့ ငါးဖမ်းလှေပေါ်က ထိုင်းငါးဖမ်းသမား ၄ ယောက် ပြန်လွတ်ပြီလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာကြောင်း AFP က သတင်းဖော်ပြထားပါတယ်။
Read More

ကျောင်းသားခေါင်းဆောင် ကိုထက်မြတ်အောင်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းလွှတ်ပေးဖို့ APHR တောင်းဆို

APHR ဥက္ကဋ္ဌ ဖြစ်သူ အင်ဒိုနီးရှား လွှတ်တော်အမတ် Mercy Chriesty Barends က “ကိုထက်မြတ်အောင်ကို ဖမ်းဆီးပြီး ညှင်းပန်းနှိပ်စက်တာဟာ ငြိမ်းချမ်းစွာ ဆန့်ကျင်သူတွေကို နှုတ်ပိတ်ဖို့၊ ဒီမိုကရေစီ ခေါင်းဆောင်မှု ယန္တရားကို ဖျက်ဆီးဖို့နဲ့ အကြောက်တရားကိုသုံးပြီး အာဏာတည်မြဲအောင် လုပ်ဆောင်နေတဲ့ မြန်မာစစ်တပ်ရဲ့ စနစ်တကျ ညှင်းပန်းနှိပ်စက်မှုတွေကို ထင်ဟပ်နေတာပဲဖြစ်တယ်”လို့ ပြောကြားခဲ့ပါတယ်။
Read More

စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံမှာ ကလေးငယ် ၅ သိန်းလောက် အာဟာရချို့တဲ့နေ

စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံကကလေးငယ် ၅ သိန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေရတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောပါတယ်။
Read More

NUG နိုင်ငံခြားရေးဝန်ကြီးက ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ နိုင်ငံခြားရေးဝန်ကြီးဝန်ကြီး ဒေါ်ဇင်မာအောင်က ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Jan Lipavský နဲ့ တွေ့ဆုံခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။