အတုအယောင် ရွေးကောက်ပွဲပုံရိပ်အတွက် ပုဒ်မ ၅၀၅ (က) နဲ့ ကျခံနေရတဲ့ နိုင်ငံရေးအကျဥ်းသားတွေနဲ့ တရားစွဲဆိုခံထားရသူတွေကို ပြန်လွှတ်ပေးခဲ့မှုအတွက် အကြမ်းဖက်စစ်တပ်လော်ဘီတွေကြား စစ်တပ်အပေါ် ပြစ်တင်ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

စစ်အုပ်စုက သူတို့ရဲ့ အတုအယောင်ရွေးကောက်ပွဲပုံရိပ်နဲ့ မဲထည့်နိုင်ဖို့ ရည်ရွယ်ပြီး ပုဒ်မ ၅၀၅ (က) နဲ့ အကျဥ်းချခံထားရသူတွေကို ပြန်လွှတ်ပေးခဲ့သလို ပုဒ်မ ၅၀၅ (က) နဲ့တရားစွဲခံထားရသူတွေကို အမှုပိတ်သိမ်းပေးမယ်ဆိုပြီး နိုဝင်ဘာလ ၂၆ရက် ညပိုင်းမှာ ကြေညာခဲ့တာဖြစ်ပါတယ်။

ဒီအပေါ် အကြမ်းဖက်စစ်တပ်ကို တစိုက်မတ်မတ် ထောက်ခံလာတဲ့ စစ်လော်ဘီတွေနဲ့ မဘသ၊ ကြံ့ဖွတ်စတဲ့ စစ်တပ်အသိုင်းအဝိုင်းကြား ဝေဖန်မှုတွေ ရှိလာတာဖြစ်ပါတယ်။

အကြမ်းဖက်စစ်တပ်အတွက် ဝါဒဖြန့်သတင်းတွေဖော်ထုတ်ပေးနေတဲ့ သဇင်ဦးဆိုသူကလည်း သူ့ရဲ့ တယ်လီဂရမ်ချန်နယ်ကတဆင့် စစ်တပ်ရဲ့ လုပ်ရပ်အပေါ် အားမလိုအားမရ ပြစ်တင်ဝေဖန်တာတွေ ရှိခဲ့ပါတယ်။

“အောက်ခြေစစ်သားတွေကျတော့ ဘဝတွေပျက်၊ အမိန့်မရပဲ စခန်းစွန့်ခွာရင် ထောင်ဒဏ် တစ်သက်တစ်ကျွန်းချတယ်။ နောက်ဆုံး ဘဝပျက်တာ အောက်ခြေစစ်သားတွေပဲ။” ဆိုပြီး အဲ့ဒီချန်နယ်က စစ်အုပ်စုထောက်ခံသူ တစ်ယောက်က ရင်ဖွင့်ပါတယ်။

စစ်အုပ်စုအနေနဲ့ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံသားတွေကို ပေးအပ်ထားတဲ့ ယာယီခိုလှုံခွင့် (TPS) ကို ရုပ်သိမ်းလိုက်ကြောင်း ကြေညာချက်အပြီး အချိန်ကိုက်ဆိုသလိုပဲ ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ခံထားရသူတွေကို အမှုပိတ်သိမ်းကြောင်း ပြောဆိုရင်း အဲ့ဒီပုဒ်မနဲ့တရားစွဲဆိုခံထားရတဲ့ ပြည်ပရောက် မြန်မာတွေ ပြည်တွင်းကို ပြန်လာပြီး မဲပေးနိုင်တယ်လို့ ပြောဆိုထားတာဖြစ်ပါတယ်။

၅၀၅ (က) လွတ်ငြိမ်းနှင့် အမှုရုပ်သိမ်းပေးသည့်အပေါ် စစ်အုပ်စုထောက်ခံသူ Thazin Oo ချန်နယ်မှ ဝေဖန်ပြစ်တင်ထားပုံ

စစ်အုပ်စုဘက်က ဒီအချက်ကို  သူတို့ရဲ့ နိုင်ငံရေးထွက်ပေါက်အဖြစ် ပြင်ဆင်နေတဲ့ အတုအယောင် ရွေးကောက်ပွဲ ကျင်းပဖို့ တစ်လနီးပါးသာ လိုတော့တဲ့အချိန်မှာ လုပ်ဆောင်လာတာဖြစ်ပေမယ့် စစ်အုပ်စုထောက်ခံသူတွေကြား ပြစ်တင်ဝေဖန်မှုတွေ မြင့်တက်နေတာ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဥ်းသားတွေ ပြန်လည်လွတ်မြောက်လာတဲ့အပေါ် မလုံခြုံတော့တဲ့ ခံစားချက်မျိုးရရှိကြောင်းနဲ့ စစ်အုပ်စုအပေါ် အားကိုးအားထားပြုစရာ လျော့နည်းလာကြောင်း သူတို့အချင်းချင်း ပြောဆိုသုံးသပ်လာကြပါတယ်။

စစ်အုပ်စုကတော့ ၅၀၅ (က) နဲ့ ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ၃၀၀၀ ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးကာ တရားစွဲခံရသူ ၅၅၀၀ ကျော်ကို အမှုပိတ်သိမ်းပေးခဲ့တယ်လို့ ပြောထားပါတယ်။

ဒါပေမယ့် အိုးဘိုအကျဥ်းထောင်ထဲမှာဆိုရင် တကယ်တမ်း ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဆီးခံထားရသူ တစ်ထောင်ကျော် ရှိနေပေမယ့် မနေ့က နိုဝင်ဘာ ၂၇ ရက်မှာ နိုင်ငံရေးအကျဥ်းသား အမျိုးသား ၁၆၅ ယောက်နဲ့ အမျိုးသမီး ၆၇ ယောက်၊ စုစုပေါင်း ၂၃၂ ယောက်သာ လွတ်မြောက်ခဲ့တယ်လို့ PPNM က ဒီမနက် ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် နိုင်ငံတော် သမ္မတဦးဝင်းမြင့်နဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားပေါင်း နှစ်သောင်းကျော်ကိုတော့ စစ်အုပ်စုက ဆက်လက်ဖမ်းဆီး အကျဥ်းချထားဆဲဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) က ပြောထားပါတယ်။

0 Shares:
You May Also Like
Read More

စလင်းမြို့နယ်တွင် ခရီးသွား ကိုယ်ဝန်ဆောင်အမျိုးသမီးကို စလင်း ပကဖ ဆေးတပ်ဖွဲ့မှ အရေးပေါ် ကလေးမွေးဖွားပေးခဲ့ (ဓာတ်ပုံသတင်း)

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ ခရီးသွား ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက်ကို ခရီးသွားနေချိန် လမ်းပိုင်းတစ်နေရာမှာ အရေးပေါ် မွေးဖွားကူညီစောင့်ရှောက်ပေးခဲ့တယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူက ပျူစောထီး ၂ ဦး မိသားစုကို ခေါ်ဆောင်ကာ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေတိုက်နယ်၊ ဘဲကြီးအုပ်စု၊ အောင်သာရွာက ပျူစောထီး ၂ ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ မိသားစုကိုခေါ်ပြီး အလင်းဝင်ခဲ့တယ်လို့ ပခုက္ကူခရိုင် ပကဖ တပ်ဖွဲ့ (၅) ဧရာဒေါင်းတပ်ဖွဲ့ဆီက သိရပါတယ်။
Read More

မြိုင်နဲ့ပေါက်အစပ် ကျေးရွာများကို စစ်ကောင်စီ ညသန်းခေါင်ယံ ဗုံးကြဲ၊ အရပ်သား ၁၂ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရ

မကွေးတိုင်း၊ မြိုင်မြို့နယ်နဲ့ပေါက်မြို့နယ်အစပ်၊ လက်ပံတို ရေနံမှော်အနီးရှိ ကျေးရွာတွေကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၁၂ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုက ထုတ်ပြန်ထားပါတယ်။
Read More

မင်းမော်ကွန်း ဂီတဖျော်ဖြေပွဲက ရရှိတဲ့ ရန်ပုံငွေတွေကို CDM အနုပညာရှင်တွေဆီ ထောက်ပံ့ပေးအပ်

တော်လှန်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မင်းမော်ကွန်းက သူ့ရဲ့ ပြည်ပဂီတဖျော်ဖြေပွဲကနေ ရရှိခဲ့တဲ့ ရန်ပုံငွေတွေကို CDM အနုပညာရှင်တွေဆီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မင်းမော်ကွန်းရဲ့ ဆိုရှယ်မီဒီယာမှာ ဖော်ပြလာပါတယ်။
Read More

စစ်ကိုင်းတိုင်း ကြားကာလအစိုးရ ဝန်ကြီးချုပ်အဖြစ် ဦးစိုးဦး၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် ဥက္ကဋ္ဌအဖြစ် ဦးမြင့်ထွေး အသီးသီး ရွေးကောက်တင်မြှောက်ခံရ

တော်လှန်ရေးအင်အားစုတွေ အားကောင်းတဲ့ စစ်ကိုင်းတိုင်းအတွက် ကြားကာလအစိုးရ ဝန်ကြီးချုပ်အဖြစ် ဦးစိုးဦးကို ရွေးကောက်တင်မြှောက်လိုက်ကြောင်း စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်က ဒီနေ့မှာ တရားဝင် ထုတ်ပြန်လိုက်ပါတယ်။
Read More

ရန်ကုန် – မန္တလေးလမ်းဟောင်းပေါ်မှာ စစ်တပ်ဂိတ်ကို တိုက်ခိုက်ရင်း ကျဆုံးခဲ့သည့် ဖြူးပကဖ ကျဆုံးရဲဘော် ရဲ့ စျာပနကို ပဲခူးတိုင်း ပကဖ စစ်ရေးတာဝန်ခံ သွားရောက် ဦးညွှတ်ဂုဏ်ပြု

ပဲခူးတိုင်းအတွင်းရှိ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်က စစ်ကောင်စီဂိတ်စခန်းကို သွားရောက်တိုက်ခိုက်ချိန် ကျဆုံးခဲ့တဲ့ ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က ရဲဘော်ရဲ့ စျာပနကို ပဲခူးတိုင်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ စစ်ရေးတာဝန်ခံ သွားရောက်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။