မကွေးတိုင်း မြိုင်မြို့နယ် ဝက်ပုတ်ရွာနဲ့ ဆိပ်သာရွာကြားမှာ စစ်ကော်မရှင်တပ်သားတွေ မိုင်းနင်းမိပြီး အများအပြားထိခိုက်မှုရှိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုက သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၂၅ ရက်နေ့က ပေါက်နဲ့ မြိုင်မြို့နယ်အစပ်ကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၃၀၀ ခန့်ပါ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အထိနာသွားတဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ နိုဝင်ဘာ ၂၆ ရက် မနက်ပိုင်းမှာ ကျွဲတွင်းရွာ တောင်ဘက်ကနေ မြိုင်စက်မှု (၂) ဘက် ထွက်ခွာလာချိန် ဝက်ပုတ်ရွာနဲ့ ဆိပ်သာရွာကြားအရောက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေ ထောင်ထားတဲ့ မိုင်းကို နင်းမိပြီး အများအပြား ထိဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

“သူတို့သွားတဲ့ ဒီလမ်းပေါ်မှာပဲ။ အရင်ကတည်းက ကျ‌နော်တို့ သူတို့အန္တရာယ်ကနေ ပြည်သူဘက် မထိအောင် ကြိုပြီးတော့ ခင်းထားတဲ့ဟာတွေ။ အဲဒီမှာ သူတို့သွားရင်းနဲ့ အခုလိုမျိုး ဖြစ်သွားတာ။ မိုင်းဆွဲခဲ့တဲ့နားမှာ ကျန်နေတဲ့ အသားစလေးတွေ တွေ့ရတယ်။ လူကောင်လိုက်ကြီးကို ပြန်သယ်သွားတာတော့ မတွေ့ရဘူးပေါ့်နော်။ ခန့်မှန်းခြေ ထိတာက ၂ယောက်နဲ့အထက်လို့ သိရတယ်။ ၂ယောက်ကတော့ တော်တော် ဒဏ်ရာပြင်းထန်လိမ့်မယ်” လို့ အညာမြေတပ်ပေါင်းစု ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။

မိုင်းကွဲခဲ့တဲ့နေရာကို တော်လှန်ရေးတပ်ဖွဲ့တွေ သွားရောက်နယ်မြေရှင်းလင်းခဲ့ရာ ကျန်နေသေးတဲ့ စစ်သားတွေနဲ့ တိုးပြီး အပြန်အလှန် ထိတွေ့ပစ်ခတ်မှု ၁၀ မိနစ်ခန့် ထပ်မံဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

“ထိတွေ့မှုက သူတို့ရဲ့နောက်မှာ ကျန်နေခဲ့တဲ့ စခတွေနဲ့ ထိတွေ့မှုဖြစ်တာ။ ကျနော်တို့ကလည်း ရှင်းလင်းရေးသွားတာဆိုတော့ လူက နည်းနည်းနဲ့ပဲ သွားလိုက်တာဆိုတော့ ထိတွေ့မှုက မကြာလိုက်ဘူး။ သူတို့ မရှိတော့ဘူးထင်ပြီး ရှင်းလင်းရေးသွားလိုက်တာမှာ ပစ်ခတ်မှုဖြစ်သွားတာ” လို့ ကိုဘိုဘိုသန့်ဇင်က ဆက်ပြောပါတယ်။

လက်ရှိမှာတော့ အဆိုပါ စစ်အုပ်စုတွေ မြိုင်မြို့နယ် အနောက်တောင်ပိုင်းမှာရှိတဲ့ သရက်ကန်ပျူရွာထဲကို ဝင်ရောက်သွားတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၂ ရက်နေ့တုန်းကလည်း အဆိုပါ စစ်ကော်မရှင်တပ်သားတွေ မြိုင် စက်မှု (၂) ကနေ ထွက်ခွာလာချိန် ဝက်ပုတ်ရွာ အရှေ့ဘက်အရောက်မှာ အညာမြေတပ်ပေါင်းစု ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စု ၆ယောက်သေဆုံးကာ ၁၀ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာ ရခဲ့ပါသေးတယ်။

အဆိုပါတိုက်ခိုက်မှုကို အညာမြေတပ်ပေါင်းစု၊ စင်္ကြာ‌၊ဝံပုလွေပြောက်ကျား တပ်ဖွဲတို့နဲ့အတူ PLC, TYK, မြိုင်(ပကဖ)‌ ပခုက္ကူခရိုင်တပ်ရင်းတွေ၊ MGY, Earthquake, တိုက်နယ်စုဖွဲမှု (၁၊ ၂ ၊ ၃)၊ ABSDF , ကိုရေခဲ၊ ကိုဗလဦးဆောင်သောလူငယ်ပြောက်ကျားတပ်ဖွဲ့၊ PI -pdf နဲ့ ဒေသတွင်းတပ်ဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ရဲဘော် ၂ ယောက် ကျဆုံးခဲ့ကာ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Video – အညာမြေတပ်ပေါင်းစု

0 Shares:
You May Also Like
Read More

ရဲစခန်းကို ရိက္ခာလာပို့တဲ့ ပျူတွေ မိုင်းဆွဲတိုက်ခိုက်ခံရ၊ ၂ သေပြီး ၅ ယောက်ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်း ဇန်နဝါရီ ၂၂ ရက်မှာ တောပုပျူစခန်းကနေ ညောင်ဖြူပင်ရဲစခန်းဆီ ရိက္ခာပို့လာတဲ့ ပျူစောထီးတွေကို ပဒေသာမိုင်းတွေ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သံမဏိတပ်ခွဲ ၃ Force - Mpdf အဖွဲ့ထံက သိရပါတယ်။
Read More

ထားဝယ်ခရိုင် ကျောက်မဲတောင်ရဲစခန်းကို EDF တိုက်ခိုက် (ရုပ်သံ)

တနင်္သာရီတိုင်း ထားဝယ်ခရိုင် မေတ္တာမြို့နယ် ကျောက်မဲတောင်ရဲစခန်းကို တိုက်ခိုက်ခဲ့တယ်လို့ Eastern Defense Force EDF ကသတင်းထုတ်ပြန်ထားပါတယ်။
Read More

ဓာတ်ပုံရိုက်ရင်း အုပ်စုလိုက် သေသွားသည့် စစ်သားများ (ရုပ်/သံ)

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ မင်းပြင်ရွာမှာ အောင်ပွဲခံနေတဲ့ အကြမ်းဖက်စစ်သားတွေ AA ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အများအပြားသေဆုံးခဲ့တယ်လို့ ရခိုင်စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

ဂမုန်းရေလှောင်တမံ အနီး တိုက်ပွဲက သေဆုံးသွားတဲ့ စစ်ကောင်စီ အလောင်း ၁၂လောင်းကို လာရောက်ယူဆောင်ခြင်းမရှိ (ရုပ်/သံ)

ဂမုန်းရေလှောင်တမံအနီး ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း သေဆုံးသွားတဲံ စစ်သား အလောင်း ၁၂ လောင်းကို စစ်တပ်က လာရောက် ကောက်ယူခြင်းမရှိဘဲ လယ်ကွင်းထဲတွင် စွန့်ပစ်ထားခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ထံက သိရပါတယ်။ 
Read More

စစ်ကော်မရှင်တပ် ဝင်ဖမ်းမည့်သတင်းကြောင့် KK Park ရှိ ကျားဖြန့် အများအပြား ထွက်ပြေးတိမ်းရှောင် (ရုပ်/သံ)

ကရင်ပြည်နယ် မြဝတီမြို့ရှိ KK Park အတွင်းရှိ ကျားဖြန့်တွေကို ဖမ်းဆီးဖို့ စစ်ကော်မရှင်တပ်တွေ ရောက်ရှိလာတာကြောင့် ကျားဖြန့်အလုပ်ဆိုက်ထဲက နိုင်ငံခြားသားတွေအပါအဝင် လူအများအပြား ထွက်ပြေးတိမ်းရှောင်နေပြီဖြစ်တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
Read More

နွားခြံကုန်းနဲ့ အင်းကြီးရွာကို အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက် (ရုပ်/သံ)

ကရင်ပြည်နယ် ကျုံဒိုးမြို့မှ နွားခြံကုန်းနဲ့ အင်းကြီးရွာသို့ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး အပါအဝင် ၁၀ ယောက်ခန့် ထိခိုက်ဒဏ်ရာရရှိပြီး အများအပြားသေဆုံးခဲ့တယ်လို့ ပျံလွှားစစ်ကြောင်းမှ သတင်းထုတ်ပြန်ထားပါတယ်။