ချင်းပြည်နယ်၊ တီးတိန်မြို့အဝင် ဆိုင်းဘုတ်နားမှာ စစ်ကော်မရှင်တပ်တွေ တပ်စွဲထားတဲ့ နေရာကို ချင်းညီနောင်တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ကာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ PDF Zoland ထံက သိရပါတယ်။

နိုဝင်ဘာ ၂၇ ရက် မနက်ပိုင်းက တီးတိန်မြို့အဝင် ဆိုင်းဘုတ်အနီးမှာ အင်အား ၆၀ ဝန်းကျင်နဲ့ တပ်စွဲထားတဲ့ ခလရ ၂၆၉ တပ်သားတွေကို ချင်းညီနောင်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့သလို စစ်သုံ့ပန်းတချို့ကိုလည်း ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

“တိုက်ပွဲအတွင်း စကမတပ်သား ကျဆုံးတာရှိတယ်။ အရေအတွက် အတိအကျ ပြောလို့မရဘူး။ တီးတိန်မြို့ မုဒ်ဦးအနီးမှာ အင်အား ၆၀ လောက်ရှိတဲ့ စကမ တပ်ခွဲ ၁ခုစာလောက် တပ်စွဲထားတဲ့နေရာကို ချင်းညီနောင်တပ်ဖွဲ့တွေက ဝင်သိမ်းတာပါ” လို့ PDF Zoland တာဝန်ရှိသူတစ်ယောက်က မောင်းကို ပြောပါတယ်။

တိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကို သက်ဆိုင်ရာ ဌာနတွေဆီ လွှဲပြောင်းထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းမှုတွေ လုပ်နေသလို စစ်အုပ်စုထံက RPG ဗုံးသီးတွေအပါအဝင် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ 

“စစ်သုံ့ပန်းတွေကို စစ်ဆေးမေးမြန်းမှုတွေနဲ့ အရေးယူဆောင်ရွက်မှု ဆက်လက်လုပ်ဆောင်နေပါတယ်” လို့ အထက်ပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။

တိုက်ပွဲဖြစ်ပြီးတဲ့နောက် စစ်ကော်မရှင်တပ်က တီးတိန်မြို့ထဲမှာ လမ်းတွေကို ပိတ်ဆို့ထားတာမျိုးရှိနေပြီး မြို့အဝင်အထွက်ကိုတော့ ချင်းညီနောင်တပ်ဖွဲ့က သိမ်းယူထားပြီးဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

လက်ဖက်ရည်ဆိုင် ထိုင်နေတဲ့ အရပ်ဝတ် စစ်သား ၂ ယောက်ကို PDF ထင်ပြီး ရဲက ဝင်ပစ်၊ နေရာမှာတင် ၂ ယောက်လုံး သေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ စစ်ကော်မရှင်တပ်သားတွေကို အကြမ်းဖက်ရဲတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ရာ စစ်သားတွေ နေရာမှာတင် သေဆုံးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

စက်တပ်လေထီး ပစ်ချခံထားရသည့် မြိုင်နှင့်ပေါက်အစပ်တွင် စစ်အုပ်စုနှင့် တော်လှန်ရေးတပ်များ ထိတွေ့တိုက်ပွဲ ဆက်ဖြစ်ပြီး စစ်အုပ်စုဘက်အထိနာပြန်ဆုတ်သွား

မကွေးတိုင်း၊ မြိုင်နဲ့ပေါက်အစပ်မှာ စစ်တပ်ရဲ့ ပါရာမော်တာ စက်တပ်လေထီးကို တော်လှန်ရေးတပ်ဖွဲ့က ပစ်ချခဲ့ပြီးတဲ့နောက် အဆိုပါ နေရာတဝိုက်မှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေကြောင်း မြိုင်ပကဖ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အသောက်အစား၊ အပျော်အပါးများ ရှောင်ကာ ဝင်ငွေထွက်ငွေ ချိန်ညှိသုံးစွဲရန် တပ်မိသားစုဝင်များနှင့် တွေ့ဆုံစဥ် မင်းအောင်လှိုင် မှာကြား

ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ KK Park စီမံကိန်းမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်တွေလည်း ပါဝင်ပတ်သက်နေတယ်လို့ အကြမ်းဖက်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြောဆိုလာတဲ့အပေါ် KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက အခုလို စွပ်စွဲမှုတွေကို တုံ့ပြန်သွားမယ်လို့ မောင်းကိုပြောပါတယ်။
Read More

မြိုင်အနောက်ပိုင်းမှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုရင်ကြီး ၁ ပါးအပါ အရပ်သား ၃ ယောက်သေပြီး အများအပြား ထိခိုက် ဒဏ်ရာရ…

မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုရင်ကြီး ၁ ပါးအပါအဝင် အရပ်သား ၃ ယောက် သေဆုံးပြီး ဒဏ်ရာရရှိသူအများအပြားရှိခဲ့တယ်လို့ မြိုင် ပကဖ သတင်းတာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စစ်တပ်ရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုဟာ နိုင်ငံရေးအရ အမြတ်ထုတ်မှုသာဖြစ်လို့ လုံး၀ လက်မခံကြောင်း ကရင်နီ ကြားကာလအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်

တော်လှန်ရေးအင်အားစုတွေကို စစ်ကောင်စီက ငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန် ဖိတ်ခေါ်မှုဟာ  လက်ရှိအကြပ်အတည်းအတွက် နိုင်ငံရေးအရ အဖြေမဟုတ်ဘဲ  နိုင်ငံရေးအရ အမြတ်ထုတ်မှုတစ်ခုသာ ဖြစ်တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က အသိပေးထုတ်ပြန်ပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်၊ သေ့ဘောဘိုးစစ်ကောင်စီတပ်စခန်း ၂ ရက်ဆက် ထိုးစစ်ဆင်ပြီးနောက် KNU ပူးပေါင်းတပ်များ သိမ်းပိုက်ရရှိ

ကရင်ပြည်နယ်၊ မြ၀တီမြို့အနီးရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ သေ့ဘောဘိုးစစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားအစည်အရုံး (KNU) လက်အောက်ခံတပ်တွေ ပါဝင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။