‌ဟောင်ကောင်မြို့မှာ Wang Fuk Court အထပ်မြင့်အဆောက်အအုံတွေ မီးလောင်မှုဖြစ်ပွားပြီး လူပေါင်း ၉၄ ယောက်သေဆုံးကာ ၇၆ ယောက်ကျော် ထိခိုက်ဒဏ်ရာရရှိပြီး ပျောက်ဆုံးနေသူတွေလည်းရှိတယ်လို့ ဒေသတွင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

နိုဝင်ဘာ ၂၆ ရက် နေ့လယ်ပိုင်းက လောင်ကျွမ်းခဲ့တဲ့ အဆိုပါမီးကြောင့် အဆောက်အအုံ ၈ ခုရှိတဲ့ အနက် ၇ ခု မီးလောင်ကျွမ်းခဲ့ပြီး မီးသတ်သမား ၁ ယောက်လည်း သေဆုံးခဲ့ကာ ၁၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

လူပေါင်း ၄၀၀၀ ကျော်ဟာ အခန်းပေါင်း ၂၀၀၀ ကျော်မှာ နေထိုင်ခဲ့ကြပြီး လက်ရှိမီးဘေးသင့်သွားတဲ့ ပြည်သူတွေဟာ  စျေးဝယ်စင်တာတွေ၊ ကျောင်းနဲ့ အရေးပေါ်ကယ်ဆယ်စခန်းတွေမှာ နေထိုင်နေကြရပါတယ်။ 

ဟောင်ကောင်ရဲဌာနရဲ့ စစ်ဆေးချက်အရ ဆောက်လုပ်ရေးကုမ္ပဏီကြီးကြပ်သူ ၂ ယောက်နဲ့ အင်ဂျင်နီယာ ၁ ယောက်ကို ဖမ်းဆီးအရေးယူထားတယ်လို့ သိရပါတယ်။ 

Video-လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ ဆုတောင်ပေးခဲ့ကြတဲ့ ပြည်သူတွေကို ကျေးဇူးတင်တယ်လို့ ကိုထိန်လင်းက ဆို (ရုပ်/သံ)

လွတ်လပ်ရေးနေ့က စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ ဝန်းဝန်ဆုတောင်ပေးခဲ့ကြတဲ့ ပြည်သူတွေ အားလုံးကို ကျေးဇူးတင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကိုထိန်လင်းက ရုပ်သံကတဆင့်ပြောကြားလိုက်ပါတယ်။
Read More

စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးခံထားရသည့် ကျေးရွာအား မြင်းခြံခရိုင် အမှတ် ၉ တပ်ရင်း မီးရရှိအောင် ဆောင်ရွက်ပေး (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးခံထားရတဲ့ ရွာ ၁ ရွာကို လျှပ်စစ်မီးပြန်လည်ရရှိနိုင်ရေး Myingyan Black Tiger (MBT) မြင်းခြံခရိုင်အမှတ်-၉ တပ်ရင်းက ကြိုးစားလုပ်ဆောင်ခဲ့ပြီး ၆၀ ရာခိုင်နှုန်း မီးပေးနိုင်ခဲ့ပြီဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

ငါးမြှာကြီးရွာမှာ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားနေချိန် လေယာဉ်နဲ့ အကြမ်းဖက်စစ်သားတွေဘက်ကို ဗုံးမှားကြဲချ (ရုပ်/သံ)

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် ငါးမြှာကြီးရွာမှာ အောက်တိုဘာ ၂၀ ရက်က အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားနေချိန် အကြမ်းဖက်စစ်တပ်လေယာဉ်က အကြမ်းဖက် စစ်သားတွေဘက်ကို ဗုံးမှားကြဲချခဲ့တယ်လို့ Dog Killers People's Defence Force Myinmu အဖွဲ့ထံက သိရပါတယ်။
Read More

တောင်ငူမြို့နယ် ထုံးဘိုကြီးကျေးရွာမှာ စစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေ (ရုပ်/သံ)

ပဲခူးတိုင်း တောင်ငူမြို့နယ် ထုံးဘိုကြီးကျေးရွမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားလျက်ရှိတယ်လို့ တောင်ငူခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း ၃၅၀၂၊ တပ်ခွဲ ၂မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

MRTV အသံလွှင့်တာဝါတိုင်ကုန်းကို သိမ်းပိုက်စဉ် စစ်ကူလာသည့် စစ်ယာဉ်တန်းအား မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ခတက္ကန်ရွာအရှေ့ဘက်ရှိ MRTV အသံလွှင့်တာဝါတိုင်ကုန်း (ဗောဓိ တစ်ထောင်)စခန်းကို ဖေဖော်ဝါရီ ၂၆ ရက် မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်စဉ် စစ်ကူလာတဲ့ အကြမ်းဖက်စစ်တပ် ဂျန်ဘာယာဉ် ၆ စီးကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ တယ်လို့ Brave Heart Army-BHA အဖွဲ့ထံက သိရပါတယ်။
Read More

ရေပုတ်ကြီးကျေးရွာအတွင်း စစ်ကောင်စီလက်အောက်ခံတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့မှု မှတ်တမ်း Young Force UG ထုတ်ပြန် (ရုပ်/သံ)

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာအတွင်း အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပျူစောထီး ၃ ယောက်သေခဲ့တဲ့ ရုပ်သံကို Young Force UG က ထုတ်ပြန်လိုက်ပါတယ်။