ပဲခူးတိုင်း၊ သာယာဝမြို့၊ ဆရာစံမြို့သစ်က အနှိပ်ခန်းတစ်ခုမှာ ရဲအချင်းချင်း စကားများ ရန်ဖြစ်ရာကနေ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရဲအုပ် ၁ယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့က ဆရာစံမြို့သစ်မှာရှိတဲ့ စိန်သရဖူအမည်ရှိ အနှိပ်ခန်းမှာ ရဲ ၂ယောကိ အချင်းများရန်ဖြစ်ပြီး ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။
“သန်းခေါင်းစာရင်းကောက်ဖို့ အဖွဲ့တွေတောင် အဲ့ဒီ ပစ်ခတ်မှုဖြစ်ပွားတော့ သန်းခေါင်စာရင်း ကောက်ဖို့ အစီအစဉ်တောင် ပျက်သွားကြတယ်။ သေတာက စံရွေးစခန်းက ရဲအုပ်၊ စခန်းမှူးပေါ့၊ သာယာဝတီက ရဲကတော့ ဒဏ်ရာပြင်းထန်လို့ ရန်ကုန်ပို့လိုက်ရတယ်။” လို့ သာယာဝတီမြို့ခံတစ်ယောက်က မောင်းကို ပြောပါတယ်။
စကားများ ရန်ဖြစ် ပစ်ခတ်ကြတဲ့ ရဲ ၂ယောက်မှာ ၁ယောက်က စံရွေးရဲစခန်းက ရဲအုပ်ဖြစ်ပြီး နောက်ထပ် ၁ယောက်ကတော့ သာယာဝတီရဲစခန်းက ရဲဖြစ်ကာ ပစ်ခတ်မှုမှာတော့ စံရွေးရဲစခန်းက ရဲအုပ်ဖြစ်သူ သေနတ်ထိမှန်ကာ နေရာမှာတင် သေဆုံးသွားတယ်လို့ သိရပါတယ်။
(ပုံဟောင်းကို အသုံးပြုထားပါတယ်)

0 Shares:
You May Also Like
Read More

ကျောက်ကြီး-မူး ကားလမ်းပိုင်းတွင် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ချေမှုန်း၊ ဒုတပ်ရင်းမှူးအပါ ၆ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရကာ စစ်ကြောင်း ပြန်လည်ဆုတ်ခွာ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီး-မူးကားလမ်းပိုင်း ပြန်လည်စိုးမိုးနိုင်ရေးအတွက် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ရာ စစ်တပ်က ဒုတပ်ရင်းမှူး အပါအဝင် (၆) ယောက် သေဆုံးပြီး (၁၆) ယောက် ခန့် ဒဏ်ရာရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ညပိုင်းမှာ တရားဝင်ထုတ်ပြန်ထားပါတယ်။
Read More

ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ် အစပ်မှာရှိတဲ့ ဗေဒါဂိတ်စခန်းနဲ့ ဒေါင်းချောင်းဂိတ်ကို AA သိမ်းပိုက်

ရခိုင်ပြည်နယ်၊ ဂွမြို့နဲ့ ဧရာဝတီတိုင်း၊ ငသိုင်းချောင်းမြို့နယ်ကို ဆက်သွယ်ထားတဲ့ ရိုးမကားလမ်းပေါ်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့အရေးပါတဲ့ ဒေါင်းချောင်းဂိတ်စခန်းနဲ့​ ဗေဒါဂိတ်စခန်းတို့ကို ရခိုင့်တပ်တော် AA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

သင်္ဃန်းကျွန်း၊ ကြီးပွားရေးရပ်ကွက်က စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေသူတွေရှိရာကို လက်ပစ်ဗုံး ပစ်ခတ် သတိပေး

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်က အကြမ်းဖက်စစ်တပ်အတွက် အလုပ်လုပ်ပေးနေတဲ့ ပျူစောထီးတွေရှိရာကို လက်ပစ်ဗုံးတွေနဲ့ သွားရောက်သတိပေးတိုက်ခိုက်ခဲ့တယ်လို့ Mother Son မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ ဗိုလ်နိုင်က မောင်းကို ပြောပါတယ်။
Read More

ဧရာဝတီသားတွေ တော်လှန်ရေးမှာ ခြေသံမကျယ်ဘဲ ကျရာတာဝန် ထမ်းခဲ့ကြတယ်၊ ၂၀၂၅ မှာ ဧရာဝတီဟာ အရေးကြီးတဲ့ စစ်မျက်နှာ ဖြစ်တယ်ဟု NUG ဝန်ကြီးချုပ် ပြော

၂၀၂၅ ခုနှစ်ဟာ မြန်မာတစ်နိုင်ငံလုံး စစ်မျက်နှာစုံ ဖွင့်တိုက်မယ့်နှစ် ဖြစ်ပြီး ဧရာဝတီတိုင်းဟာ အရေးကြီးတဲ့ စစ်မျက်နှာ ဖြစ်လာမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အသိပေး ပြောကြားလိုက်ပါတယ်။
Read More

ကျောင်းသားလက်ရုံးတပ်တော်နှင့် NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ တပ်ရင်းတပ်ဖွဲ့များ စစ်ရေးပူးပေါင်းမယ်၊ ဘဏ္ဍာရေးရင်းမြစ်များ မျှဝေအသုံးပြုမယ်

ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော် (SF/SAF) နဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်က တပ်ရင်းတပ်ဖွဲ့တွေ စစ်ရေးပူးပေါင်းဆောင်ရွက်ဖို့အပြင် ဘဏ္ဍာရေးဆိုင်ရာ ရင်းမြစ်တွေကို မျှဝေအသုံးပြုနိုင်ဖို့ သဘောတူညီမှုရရှိခဲ့ကြောင်း SF/SAF က ထုတ်ပြန်ပါတယ်။
Read More

ဇီးတောရွာဘုန်းကြီးကျောင်း လေကြောင်းတိုက်ခိုက်ခံရ၊ စစ်ရှောင်ပြည်သူ ၁ဦးသေဆုံးပြီး ၁၀ဦးဒဏ်ရာရ

မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်း၊ ဇီးတောရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ We Love Myaing အဖွဲ့ထံက သိရပါတယ်။